. . . . .
Future Way Co.ltd မှ IELTS ဖြေဆိုမည့် ကျောင်းသား/သူများအတွက် IELTS မဖြေဆိုခင် မိမိတို့၏ အရည်အချင်းကို စစ်ဆေးနိုင်ရန်အတွက် Online Test တစ်ခုကို စီစဉ်ထားကြောင်းသိရသည်။ Future Way Co.ltd မှ စီစဉ်သည့် Online Test ကို Password Test လို့အမည်တွင်ပြီး IELTS နှင့် တူညီသော Level အဆင့်တွင်ရှိသည်။ ၎င်း Test ကို UK အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သည့် University of Essex အပါအ၀င် အခြားသော universities ကြီး (၇၅) ခုမှလည်း ၎င်းတို့၏ ၀င်ခွင့်အတွက် လက်ရှိ အသုံးပြုနေသော Test ဖြစ်သည့်အပြင် British Society မှလည်း အသိအမှတ်ပြုထားသော Test တစ်ခုဖြစ်သည်။ ယင်း Exam တွင် Reading နှင့် Writing သာဖြေဆိုရမည်ဖြစ်ပြီး မိမိတို့၏ Results ကို Online တွင် ချက်ချင်းသိရှိနိုင်ပြီး UK ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သော Password Society မှ ပေးအပ်မည့် UK Certificate ကို လည်းရရှိမည်ဖြစ်သည်။ ၎င်း Test ကို Future Way မှ အခမဲ့ဖြေဆိုနိုင်ရန် Offer ပေးထားပါသည်။ ဖြေဆိုလိုသူများအနေဖြင့် Future Way Education & Services ၌ Register ပြုလုပ်နိုင်ပြီး Register ပြုလုပ်ရာတွင် IELTS ဖြေဆိုရန်ငွေသွင်းထားသည့် Slip၊ Passport (သို့) မှတ်ပုံတင်နှင့် ပညာရေးဆိုင်ရာစာရွက်စာတမ်းများကိုသာယူဆောင်လာရန်လိုကြောင်း Future Way မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုလို အခွင့်အရေးတွင် ကျောင်းသားများ မိမိတို့၏ အရည်အချင်းကို စစ်ဆေးရန်လက်မလွှတ်သင့်ကြောင်း နှင့် ထိုအစီအစဉ်ကိုပါဝင်လိုသူများအနေဖြင့် Future Way Education & Services ဖုန်း(241099,254185) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
myanmartraining
0 ( မှတ်ချက်ရေးချင်ရင် )