MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


ဒါကတော့ သိပ်ကို အံအားသင့်စရာတော့ မဟုတ်ပါဘူး။ သိပ္ပံပညာရှင် သုတေသီတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပါပြီ။ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုတာ၊ ချက်တင်းထိုင်တာနဲ့ ဖုန်းနဲ့ မတ်ဆေ့ခ်ျတွေ အလွန်အမင်းပို့တာတွေဟာ ပညာရေးမှာ အားနည်းစေနိုင်တယ် ဆိုတာပါ။
အခြေခံပညာ ကျောင်းသားများနဲ့ ကောလိပ်ကျောင်းသားတွေဟာ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံ အသုံးပြုလာကြတယ်။ မတ်ဆေ့ခ်ျတွေ တရစပ်ပို့နေကြတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တချိန်လုံး တင်နေကြတယ်။ ဒါတွေဟာ သူတို့ရဲ့ ပညာရေးကို ထိခိုက်နိုင်ပါတယ်လို့ Mirian Hospital’s Centre of Behavioral and Preventive Medicine ဌာနက ပြောလိုက်ပါတယ်။ ရမှတ်တွေ အလွန်နည်းနေတာကို တွေ့နေရပြီလို့ ဆိုတယ်။
ဒါပေမယ့် ခြွင်းချက် ၂ ခုတော့ ရှိနေပါသတဲ့။ သတင်းစာဖတ်ခြင်းနဲ့ ဂီတတေးသွားတွေကို နားဆင်ခြင်းတွေဟာ ပညာရည် တိုးတက်မှုကို အထောက်အကူ ဖြစ်စေတာပါ။
ဆိုရှယ်မီဒီယာတွေ တချိန်လုံးသုံးနေတဲ့အတွက် အိမ်စာတွေ မလုပ်နိုင်၊ အတန်း ပုံမှန် ပျက်၊ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းလာတယ်။ အိပ်ချိန်နည်းလာတယ်။ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေလည်း သုံးစွဲလာနိုင်တယ်။ Mirian ဆေးရုံကြီး ပညာရှင်တစ်ဦးဖြစ်တဲ့ သုတေသီ Jennifer L. Walsh က ရှင်းပြခဲ့ပါတယ်။
ကလေးငယ်တွေ၊ ကျောင်းသားတွေရဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကို လူကြီးများနဲ့ ဆရာဆရာမများက လမ်းညွှန်ကူညီပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။
မောက္ခပညာရေးမဂ္ဂဇင်း

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday, 19 April 2013
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



မြန်မာနိုင်ငံတွင် မသန်စွမ်းကလေးများအတွက် ပညာသင်ယူရန် အခွင့်အလမ်းများ နည်းပါးနေပြီး ဘွဲ့ရသည်အထိ သင်ယူနိုင်သော မသန်စွမ်းသူရာခိုင်နှုန်းမှာ အလွန်နိမ့်ကျနေကြောင်း မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး စာတမ်းအရသိရသည်။
၂၀၀၅ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ မသန်စွမ်းကလေးများဆိုင်ရာ ပညာရေးစစ်တမ်းအရ မြန်မာနိုင်ငံ တွင် အသက် ၅ နှစ်မှ ၁၅ နှစ်ကျောင်းနေအရွယ်ကလေးများအနက် ၅၁,၁၁၄ ဦးမှာ မသန်စွမ်းကလေး များဖြစ်ပြီး လက်ရှိတွင် စစ်တမ်းပြန်လည်ကောက်ယူပါက အဆိုပါပမာဏထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
အဆိုပါစစ်တမ်းအရ မသန်စွမ်းကလေး ငါးသောင်းကျော်အနက် ၃၉ ဒသမ ၅ ရာခိုင်နှုန်းသာ ကျောင်း တက်ရောက်ခဲ့ကြပြီး မူလတန်းပညာပြီးဆုံးအောင် သင်ကြားနိုင်ခဲ့သော ဦးရေကို ဖော်ပြထားခြင်းမရှိ ကြောင်း၊ ၂၀၁၀-၁၁ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ စာရင်းအရ မသန်စွမ်းကျောင်းနေသူ ကလေး ၈၀ ဦးသာရှိသဖြင့် ၂၀၀၅ စာရင်းထက်များစွာ လျော့နည်းနေကြောင်း အထက်ပါစာတမ်းတွင် ဖော်ပြထားသည်။
၂၀၁၀ အမျိုးသားမသန်စွမ်း စစ်တမ်းအရ ပုံမှန်ကျောင်းနေသူ မသန်စွမ်းကလေးဦးရေအနက် ၆၆ ဒသမ ၅ ရာခိုင်နှုန်းသည် မူလတန်း၊ ၂၂ ဒသမ ၂ ရာခိုင်နှုန်းသည် အလယ်တန်းနှင့် ၈ ဒသမ ၇ ရာခိုင် နှုန်းသည် အထက်တန်းပညာ အသီးသီးပြီးဆုံးကြောင်းနှင့် ၂ ဒသမ ၂ ရာခိုင်နှုန်းသာ ဘွဲ့ရသည်အထိ သင်ယူနိုင်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပုံမှန်ကျောင်းများ၌ တက်ရောက်ပညာမသင်ယူနိုင်သော ကလေးများအတွက် လူမှု ဝန်ထမ်းဦးစီးဌာနသည် မျက်မမြင်ကျောင်း ခုနှစ်ကျောင်း၊ နားမကြားကျောင်း နှစ်ကျောင်း၊ မသန်စွမ်း သက်ငယ်ကျောင်းနှင့် သက်ကြီးကျောင်း နှစ်ကျောင်းနှင့် လူငယ်လေ့ကျင့်ရေးကျောင်း ရှစ်ကျောင်း အင်န်ဂျီအိုများနှင့် ပူးပေါင်းဖွင့်လှစ်ထားသည်။
သို့သော် ပုံမှန်ကျောင်းများတွင် ပညာမသင်နိုင်သော ကလေးဦးရေနှင့် နှိုင်းယှဉ်လျှင် အချိုးအစား အလွန်နည်းပါးနေပြီး အထူးသဖြင့် ဝေးကွာသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဆင်းရဲနွမ်းပါး သော ကလေးများကို လာရောက်ပို့ဆောင်ရန် အခက်အခဲရှိနေကြောင်း အထက်ပါစာတမ်းတွင် သုံးသပ်ထားသည်။
ထို့အပြင် လက်ရှိစာရင်းအင်း ကောက်ယူမှုအခြေအနေအရ ထိုသို့စာရင်းများကို စုစည်းရာတွင် နှောင့်နှေးကြန့်ကြာမှု၊ စာရင်းအင်းမပြုစုနိုင်မှုများရှိသဖြင့် လက်ရှိအခြေအနေကို ဖော်ပြရန်ခက်ခဲနေ ကြောင်း စာတမ်းတွင်ဖော်ပြသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday, 12 April 2013
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


ယခုရက်ပိုင်းအတွင်း အင်တာနေရှင်နယ် ကျောင်းတွေမှာကျောင်းလခ ၂၀ ရာခိုင်နှုန်းတက်မယ်ဆိုတဲ့ သတင်းကြောင့် ကျောင်းသားမိဘတချို့ စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
'သူတို့ဘက်ကတော့ ၂၀ ရာခိုင်နှုန်းတက်မယ်လို့တော့ ပြောတာပေါ့၊ ကျောင်းလခတက်တာဆိုတော့ မိဘတွေဘက်ကလဲ စိတ်ဆင်းရဲရတာ ဆိုတော့လေ၊ ကျောင်းလခနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်လေး တစ်ခုတော့ ထားသင့်တယ်လို့ထင်ပါတယ်၊ တစ်နှစ်ကို ဘယ်နှရာခိုင်နှုန်း တက်မယ်ဆိုတာ သေချာချ မှတ်ထားသင့်တယ်' လို့ ပြည်တွင်း အင်တာနေရှင်နယ် ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုပါတယ်။
သည်လိုမျှော်လင့်ကြတယ်
ကျောင်းသားမိဘ တော်တော်များများက ကျောင်းလခတက်မယ့်သတင်းနဲ့ ပတ်သက်ပြီး အပြစ်တင် ပြောဆိုချင်တာမျိုး မဟုတ်ကြဘဲ သတ်မှတ်ချက်တစ်ခုကို သတ်သတ်မှတ်မှတ် ထားရှိစေချင်ကြတာ ဖြစ်ပါတယ်။
'ကျောင်းလခတက်မယ်ဆိုတာကို အပြစ်တင်တာမျိုး မဟုတ်ပေမဲ့ ကျောင်းလခကလဲ များနေတယ်၊ international school မို့လို့ ကျူရှင်မယူဘဲ နေလို့မရတာ မဟုတ်တော့ မိဘတွေဘက်က ပိုပြီးစိတ်ပင် ပန်းရတာပေါ့' လို့ ပြည်တွင်းအင်တာနေရှင်နယ် ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
အင်တာနေရှင်နယ်ကျောင်းတက်နေပေမဲ့လည်း အပြင်မှာ ကျူရှင်ယူကြရတာတွေလည်း ရှိပါတယ်။ ကျူရှင်ယူစရာမလိုရင် မိဘတွေအတွက် အဆင်ပြေနိုင်ပေမဲ့ ကျောင်းလခကလည်းများ၊ ကျူရှင်တွေပါ တက်ရတဲ့အတွက် ကျောင်းသားနဲ့မိဘနှစ်ဦးနှစ်ဖက်အတွက် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ကြရပါတယ်။
'အခုကျောင်းလခ ဈေးတက်မယ်ဆိုတာက အသေအချာကြီးတော့ မကြားသေးဘူးပေါ့၊ တက်မယ်ဆို တာကတော့များတော့ များတာပေါ့၊ အံတီ့သမီးဆို ခြောက်တန်းကို သိန်း ၇၀ ကျော်လောက်ကုန်သွား ပြီ တစ်နှစ်အတွင်းကို၊ ပြီးတော့ ဒီသတင်းကြားပြီးတော့မှ အစိုးရကျောင်းတွေဘက်ကို ပြောင်းသွားတဲ့ ကျောင်းသားတွေလဲ ရှိတယ်လို့ ကြားတယ်' လို့ပြည်တွင်းအင်တာနေရှင်နယ် ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ကျောင်းပြောင်းကုန်ကြပြီ
အခုလို အင်တာနေရှင်နယ် ကျောင်းလခနှုန်းထားတွေ တက်မယ်ဆိုတဲ့ အသံတွေကြောင့် တချို့ ကျောင်းသားတွေ ကျောင်းပြောင်းသွားတာမျိုး ပြုလုပ်လာတာတွေလည်း ရှိလာပါတယ်။ ကျောင်း ပြောင်းကြတဲ့ ကျောင်းသားမိဘတချို့က ကျောင်းဆက်ထားဖို့ ငွေကြေး မတတ်နိုင်တာကြောင့် မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတယ်လို့ ထင်ကြတဲ့အတွက်လို့ ဆိုကြပါတယ်။
ဒီလိုလေးတော့ ဖြစ်စေချင်တယ်
'သူတို့ဈေးပေါ်မှာ သူတို့တင်ထားတဲ့ ကျောင်းသားတွေရဲ့ အရည်အချင်း ဘယ်လောက်မြင့်တက်မှု ရှိလာသလဲ ဆိုတာကိုပါ စဉ်းစားရမယ်၊ ပြီးတော့ quality အရမ်းမြင့်လာတယ်ဆိုရင်တောင်မှ ဈေး အရမ်းကြီးတယ်ဆိုတာကတော့ မဖြစ်သင့်သေးဘူးလို့ ထင်ပါတယ်' လို့ ပြင်ပအထက်တန်းပြ ကျူရှင် ဆရာမတစ်ဦးဖြစ်သူ ဒေါ်သီတာက ပြောပြပါတယ်။
အခုလို ကျောင်းလခ ကွာဟမှုတွေကြောင့် ကျောင်းသားအချင်းချင်းကြားမှာလည်း စိတ်ခံစားမှုပိုင်းဆိုင် ရာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆရာ ဆရာမတချို့က သုံးသပ်ကြပါတယ်။
တကယ်သာ ကျောင်းလခနှုန်းထား တက်မယ်ဆိုရင် ပြည်တွင်း အင်တာနေရှင်နယ်ကျောင်းတွေရဲ့ ဈေးနှုန်းမြင့်တက်မှုတွေက နိုင်ငံတကာ ကျောင်းတွေရဲ့ ကျောင်းလခနှုန်းထားတွေနဲ့ သိပ်မကွာတဲ့နှုန်း ထား ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျောင်းလခနဲ့ ပတ်သက်ပြီး သေချာခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌာန်း မှုပြုလုပ်ထားသင့်တယ်လို့ ပညာရှင်တချို့က သုံးသပ်ကြပါတယ်။
'ပညာရေးမှာ ကျောင်းသားတွေရော ကျောင်းသားမိဘတွေပါ ဝန်ပိတာမျိုး မဖြစ်သင့်ဘူး။ ဒီဥပဒေမျိုး က ပြဋ္ဌာန်းသင့်ပါတယ်၊ ခိုင်ခိုင်မာမာလေး ပြဋ္ဌာန်းထားတော့ ကျောင်းသားမိဘနဲ့ ကျောင်းသားရော ပိုအဆင်ပြေစေတာပေါ့' လို့ အင်န်အယ်လ်ဒီ ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က သူ့အမြင်ကို ပြောပြပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ ၃၊ အမှတ် ၃၊ ၂၀၁၃ ခုနှစ်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



ရန်ကုန်တက္ကသိုလ်နှင့် ထိုင်းနိုင်ငံ Thepsatri Rajahbat တက္ကသိုလ်တို့ကြား သုတေသန ပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို ဧပြီလ ၉ ရက်နေ့တွင် ရေးထိုးခဲ့ကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။
အဆိုပါပူးပေါင်းမှုအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ရေးတို့အတွက် ပူးတွဲသုတေသနများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
"အခုလက်မှတ်ထိုးပြီးတာနဲ့ ထိုင်းတက္ကသိုလ်ဘက်က ရန်ပုံငွေစုပြီးရင် လုပ်ငန်းကိုစမယ်။ နှစ်ဖက်စလုံး ကသုတေသနအတွက် ရန်ပုံငွေ စိုက်ထုတ်သွားမှာပါ" ဟု ဒေါက်တာတင်ထွန်းက ပြောဆိုသည်။
သုတေသနလုပ်ငန်းများအပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဖလှယ်ရေး အစီအစဉ် (Exchange Program) လည်းရှိပြီး ပူးပေါင်းဆောင်ရွက်ခြင်း၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသား ကျောင်းသူများအတွက်ဖြစ်ကြောင်း ပါမောက္ခချုပ်က ဆိုသည်။
အကြီးစားပြုပြင်မှုများဖြင့် ပို၍အသက်ဝင်လာသော ရန်ကုန်တက္ကသိုလ်သည် ဂျာမနီ ကိုလုံး တက္ကသိုလ်၊ ဂျပန်နာဂိုရာ တက္ကသိုလ်နှင့် ထိုင်းတက္ကသိုလ်တို့ အပါအဝင် ပြည်ပတက္ကသိုလ်ခြောက်ခု နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သုတေသနများစွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |



Itinerary of Study Trip and Seminar on Thai - Laos History in English Medium 
In Phitsanulok, Udonthani, Nongkhai, Laos, Nongbualamphu and Loei Provinces
Duration: 14th - 18th February, 2013
English Major (Thai & English Programme) 
Mahachulalongkornrajavidyalaya University, Chiang Mai Campus
***************************
February 14th, 2013 Chiang Mai - Phitsanulok - Udonthani
04.15 a.m. Meet at Wat Suan Dok
04.30 a.m. Departure for Phitsanulok and Morning Chanting
07.00 a.m. Breakfast in the bus
11.30 a.m. Arrive at King Naresuan the Great monument, Have Lunch, 
and Wat Sirattana Mahathat: Have a sight-seeing and pay respect to
Buddhachinaraj Buddha Image (The most beautiful Buddha Image of the late Sukhothai Style and Thailand)
01.00 p.m. Departure for Udonthani 
07.30 p.m. Visit at Satthatham Temple, Soft drink, Evening Chanting, 
Free time and Bedtime

February 15th, 2013 Udonthani - Nongkhai 
05.00 a.m. Personal activity and Morning Chanting
06.00 a.m. Breakfast
07.30 a.m. Departure for Ban Chiang World Heritage Site
08.15 a.m. Visit at Ban Chiang World Heritage Site: it is considered the most important 
prehistoric settlement so far discovered in South-East Asia. The site presents the earliest evidence of farming in the region and of the manufacture and use of metals. 
10.00 a.m. Departure for Nongkhai and have Lunch in the bus
01.00 p.m. Arrive at Nongkhai and visit at MCU. Nongkhai Campus: the first campus of MCU.
and Seminar on Thai – Laos History in English Medium 
03.00 p.m. Visit at Sala Kaeo Ku: it is a park featuring giant fantastic concrete sculptures 
inspired by Buddhism and Hinduism, and visit at Phrathat Klangnum (Phrathat Nongkhai) is a ruined Lao-style chedi submerged in the middle of the Mekong and can only be seen in the dry season when the waters lower about 13m. 
05.00 p.m. Visit at Phochai Temple: it is the most important of Nong Khai's temples as it 
houses the Luangpho Phra Sai, a sacred image of the Buddha which is highly revered by the people of Nong Khai and pay respect the abbot. Then visit to Thasadet market individually 
Soft drink, Evening Chanting, 
Free time and Bedtime

February 16th, 2013 Nongkhai – Laos People's Democratic Republic
05.30 a.m. Personal activity 
06.00 a.m. Breakfast 
07.00 a.m. Departure for Lao People's Democratic Republic and Morning Chanting
08.00 a.m. Seminar on Thai – Laos History in English Medium from the past, present and 
future at Ongtue Sangha College in Laos
Then visit the important places of Religion in Laos.
07.00 p.m. Departure for Thailand and sty at Phochai Temple 
Soft drink, Evening Chanting 
Free time and Bedtime

February 17th, 2013 Nongkhai - Nongbualamphu – Loei 
05.00 a.m. Personal activity 
06.00 a.m. Breakfast
07.30 a.m. Departure for Nongbualamphu and Morning Chanting and have lunch in the bus
12.30 p.m. Visit at 150 Million years old shell fossils Museum: In this area located 3 buildings, 
there're 150 Million years old shells fossils museum, Dinosaur Museum and Picture Gallery to commemorate King Naresaun in Ayutthaya period.
02.00 p.m. Departure for Loei
03.30 p.m. Visit at Erawan cave: it is also known as Tham Chang, or Elephant Cave, as the 
outcrop is said to resemble a kneeling elephant and the entrance to resemble the fore-head of an elephant. 
05.00 p.m. Departure for Padongbolak Temple
05.30 p.m. Visit at Padongbolak Temple and pay respect to the abbot
Soft drink, Evening Chanting, 
Free time and Bedtime

February 18th, 2013 Loei - Chiang Mai
05.30 a.m. Personal activity
06.00 a.m. Breakfast 
07.30 a.m. Departure for Neramit Vipassana Temple (Meditation Center) 
and Morning Chanting
11.00 a.m. Visit at Neramit Vipassana Temple and have lunch
12.00 a.m. Departure for Phrathat Sri Song Rak, Loei
12.30 p.m. Visit at Phrathat Sri Song Rak: it was built in Ayutthaya period as a friendship sign between Ayutthaya Kingdom and Lanxang Kingdom. The stupa or so called Phra That was built in Lanxang or Laos style. Inside houses Buddha images and holy books. Every year, local always held a celebration by making bamboo to be a pyramidal shape and decorated with wax to holy the stupa. Have Lunch
01.30 p.m. Return to Chiang Mai, stop buying some souvenirs at any suitable places
10.00 p.m. Arrive at Wat Suan Dok, All monk return to your Wat safely 

* Remarks: 1. The Itinerary of Study-Trip can be changed depends on the suitable time.
2. Bring your necessary personal belongings and Meet at Wat Suan Dok at 04.15 a.m. 
on February 14th, 2013.
3. Dress in Parimonthon Style (Hom Dong).

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Saturday, 9 February 2013
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |





















သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။

(ဇော်ဂျီ)

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Friday, 28 December 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |


စင်ကာပူ၊ ဒီဇင်ဘာ ၂၆
စင်ကာပူနိုင်ငံသည် ဖင်လန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံတို့ပြီးလျှင် ကမ္ဘာ့ပညာရေးအဆင့် တွင် နံပါတ် ၅ နေရာ၌ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
စင်ကာပူနိုင်ငံတွင် သင်ကြားနေကြသည့် ပညာအရည်အသွေးနှင့် ပညာရေးကို လေးစားကျိုးနွံစွာ သင်ယူတတ် သည့် ဓလေ့ကြောင့် ထိုသို့ အာရှတွင် ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Pearson Group အဖွဲ့ကထုတ်ပြန်ခဲ့ သည်။
သုတေသီများသည် နိုင်ငံပေါင်း ၅၀ ရှိ ကလေးများ၏ ပညာရေးအဆင့်ကို အကဲဖြတ်ကာ ထိုသို့ နိုင်ငံအလိုက် အဆင့်သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်သည် အဆင့် ၆ တွင်ရှိပြီး၊ သူ့နောက်မှ နယ်သာလန်၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ကနေဒါနိုင်ငံများလိုက်သည်။ ထိုင်းနိုင်ငံ၊ မက္ကဆီကိုနှင့် ဘရာဇီးလ်နိုင်ငံများသည် အောက်ဆုံး ၄ နိုင်ငံစာရင်းတွင် ပါဝင်နေသည်။
သုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ စီးပွားရေးကောင်းသည့်နိုင်ငံများ၊ ဆရာအလုပ်ကို လခကောင်း ကောင်းပေးပြီး ပညာတတ်များဖြင့် လေ့ကျင့်သင်ကြားထားသူများကိုသာ ခန့်အပ်ထားနိုင်သည့်နိုင်ငံများသည် သာ ပညာရေးအဆင့်အတန်း မြင့်မားသည့် နိုင်ငံများဖြစ်နေကြောင်းတွေ့ရသည်ဟုဆိုသည်။
စင်ကာပူနိုင်ငံသည် ပညာရေးကို အလေးထားသည့်နိုင်ငံဖြစ်ရုံမက၊ ပညာရှင်များကိုပါလေးစားပြီး၊ ဆရာ ဆရာမ များအပေါ်တွင် ကျောင်းသားများ လေးစားတတ်သည့်နိုင်ငံ ဖြစ်နေခြင်းကလည်း ပညာရေးတွင် ထိပ်တန်း ရောက်လာစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမျိုးသားပညာရေးအဖွဲ့ ဒါရိုက်တာ လီ ဆင်ကောင်းက အစိုးရအနေဖြင့် ဆရာတစ်ယောက်၏ စတင်လစာမှာ အင်ဂျင်နီယာတစ်ယောက်လစာနှင့် တစ်ပြေးတည်းဖြစ်အောင် စီစဉ်ထားကြောင်း ပြောကြားသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Written by ကိုကိုနိုင်

ဆိုလိုချင်တာက အင်္ဂလိပ်စာတတ်ချင်ရင် အင်္ဂလိပ်စာဖတ်၊ ပြင်သစ်စာတတ်ချင်ရင် ပြင်သစ်စာဖတ်ဖို့ပြောချင်တာ။ စာဖတ်တာဟာ ဘာသာစကားတစ်ခုခုကို ကျွမ်းဝင်ဖို့အတွက် အများကြီး အထောက်အကူပြုနိုင်တယ်။
စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အများကြီး အလုပ်ပေးရတယ်။ စာရေးရင် တွေးရတယ်၊ ရေးရတယ်၊ ပိုပြီး အလုပ်ရှုပ်သွားတယ်။ စာဖတ်တယ်ဆိုတာလည်း မျက်လုံးကကြည့်၊ ဦးနှောက်နဲ့ အသိဖလှယ်နိုင်မှ နားလည်ခံ စားလို့ရတယ်။ အင်္ဂလိပ်စာတစ်လုံးမှ မတတ်သူက အင်္ဂလိပ်စာတွေကို ကြည့်သာကြည့်တယ် နားမလည်ရင် ဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။
စာဖတ်ရင်
-       ခေါင်းထဲမှာ အရင်ဆုံး သူပြောတာဘာလဲဆိုပြီး မြင်ကြည့်ရတယ်
-       သူပြောတဲ့အကြောင်းအရာကို သိပြီဆိုရင် ခံစားကြည့်ရတယ်
-       စာရေးသူရဲ့ ရေးသားထားချက်ကို သဘောတူခြင်း မတူခြင်းတွေနဲ့ တုံ့ပြန်နိုင်ရတယ်
စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး
ဘာသာစကားတစ်ခုကို လေ့လာရာမှာ Skill လေးမျိုးစလုံးအရေးကြီးတယ်။ Listening, Speaking, Writing, Reading တွေအားလုံး အရေးကြီးတယ်။ Reading က အများကြီးအထောက်အကူပေးနိုင်တယ်။ စာဖတ်ခြင်း ကြောင့် ရရှိလာနိုင်တဲ့ အကျိုးတရားတွေ အများကြီးရှိတယ်။
ဝေါဟာရတစ်ခုနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေကို လေ့လာမိတယ်
အင်္ဂလိပ်စာဖတ်ရင် စာလုံးအသစ်နဲ့ မလွဲမသွေ ကြုံရမယ်။ ဖတ်လိုက်တိုင်း အသစ်တွေချည်းဖြစ်နေရင်တော့ မဟုတ်သေးဘူး။ ဖတ်နေတဲ့ level က သိပ်မြင့်တာဖြစ်နိုင်လို့ level တစ်ခုကို ပြောင်းလိုက်သင့်တယ်။ ပိုပြီး နိမ့်တဲ့ level ကိုပြောင်းဖတ်ကြည့်မယ်။ စာတစ်မျက်နှာဖတ်လိုက်လို့ စာလုံးအသစ်အဆန်း ၅ လုံးလောက်တွေ့ တာ ပြဿနာမဟုတ်ဘူး။ ဒါဆိုရင် အဲဒီစာကို ဆက်ဖတ်သင့်တယ်။ အဲဒီ ၅ လုံးလောက်မသိတာကို dictionary လှန်စရာမလိုဘဲ ခန့်မှန်းပြီးဖတ်သွားလို့ရတယ်။ အဓိပ္ပာယ်မသိဘဲ ခန့်မှန်းဖတ်ကြည့်ရင်းကနေ နေရာပေါင်းများ စွာမှာ အဲဒီစာလုံးကိုတွေ့လာပြီး နားလည်သွားတတ်တာလည်းရှိတယ်။
အဖတ်နဲ့ဆက်စပ်တဲ့ အရေး
စာဖတ်ရင်းနဲ့ စာရေးဖို့ နမူနာအတွေးလေးတွေ ပေါ်လာတတ်တယ်။ ဒီလိုလေး ရေးလိုက်ရင်ကောင်းမှာပဲဆိုတဲ့ အတွေးမျိုးကိုပြောတာပါ။ မတွေးနေနဲ့ လက်တွေ့ ချရေးကြည့်လိုက်ပါလား။
အင်္ဂလိပ်အရေးအဖွဲ့ မှန်ကန်ဖို့ဆိုရင်
အင်္ဂလိပ်လိုရေးတော့မယ်ဆိုရင် သဒ္ဒါနည်းကျကျ မှန်ကန်ဖို့ အလေးထားကြတာများတယ်။ ပြောရင်တော့ သဒ္ဒါ နည်းကျဖို့ မလိုတော့ဘူး။ ဒါကြောင့် ဖတ်နိုင်အောင် ရေးထားတာ သဒ္ဒါနည်းကျပေမယ့် ပြောတယ်ဆိုတာက လိုရင်းတိုရှင်း နားလည်ရင်ပြီးရော ပြောလိုက်လို့ရတယ်။ ဒါကြောင့် စာဖတ်ရင်း သဒ္ဒါနည်းကျကျရေးထားတာ တွေကို လေ့လာသွားနိုင်တယ်။
ကိုယ့်နှုန်းနဲ့ကိုယ်
စာဖတ်ရင် မြန်မြန်လည်းဖတ်နိုင်တယ်၊ နှေးနှေးလည်းဖတ်နိုင်တယ်။ မိနစ် ၃၀ နဲ့ ၁၀ မျက်နှာလောက်ဖတ်နိုင် သလို၊ တစ်မျက်နှာထဲကို တစ်နာရီလောက်ဖတ်ရင်လည်းရတယ်။ အဲဒါကို စိတ်ထဲမှာမထားနဲ့။ ကိုယ့်ရွေးချယ်မှု အပေါ်မူတည်တယ်။ ကိုယ့်နှုန်းနဲ့ကိုယ်ယူပြီး ဖတ်နိုင်တယ်။
စိတ်ဝင်စားမှုကွာခြား
စာဖတ်တာ စိတ်ဝင်စားမှကောင်းတာ။ စိတ်ဝင်စားရင် ဖတ်ချင်မယ်၊ ပျော်စရာလည်းကောင်းတယ်။ ဥပမာ ဘောလုံးအကြောင်း စိတ်ဝင်စားသူက ဘောလုံးဆောင်းပါးဖတ်သင့်တယ်။ ဘောလုံးအကြောင်းလည်းသိ၊ ဘောလုံးနဲ့ပတ်သက်တဲ့ အင်္ဂလိပ်ဝေါဟာရတွေလည်း သိနိုင်တယ်။
စာဖတ်နည်း ၅ ချက်
၁။ ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးချယ်ဖတ်မယ်။ များများဖတ်သည်ဖြစ်စေ၊ နည်းနည်းဖတ်သည်ဖြစ်စေ နားလည်သဘောပေါက်ဖို့လိုတယ်။ စာလုံး သုံးလုံးလောက်ဖတ်လိုက် dictionary တစ်ကြိမ်ကြည့်လိုက်ဆိုရင် အာရုံနောက်တယ်။ စိတ်လည်းဝင်စားတော့မှာမဟုတ်ဘူး။ နားမလည်တာများရင် စိတ်ဓာတ်ကျတတ်တယ်။ ဒါကြောင့် နားလည်နိုင်တဲ့ level ကိုပဲရွေးချယ်ဖတ်သင့်တယ်။
၂။ ဝေါဟာရအသစ်အဆန်းတွေတွေ့ရင် ချရေးထားမယ်။ တစ်မျက်နှာထဲမှာ လေး၊ ငါးလုံးတွေ့နေရင် vocabulary book ဆိုပြီး သီးခြားထားမယ်။ အဲဒီအထဲမှာ ရေးမှတ်နိုင်အောင်ကြိုးစားမယ်။ ဖတ်နေတုန်း dictionary ထဲမှာ မရှာနဲ့။ အလုပ်ရှုပ်တယ်။ Highlight pen နဲ့မှတ်ခဲ့မယ်။ ကျော်ဖတ်ပြီးအဓိပ္ပာယ်နားလည် အောင် ကြိုးစားကြည့်မယ်။ စာအားလုံးဖတ်ပြီးမှ ကိုယ့်ယူဆချက် မှန် မမှန် dictionary မှာပြန်တိုက်ဆိုင်ကြည့် မယ်။ ပြီးတော့မှ မှတ်စုစာအုပ်ထဲ ချရေးမယ်။
၃။ စာကို ပုံမှန်ပဲဖတ်နိုင်အောင် ကြိုးစားမယ်။ ဥပမာ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို အချိန်ဘယ်လောက် ဆိုပြီး သတ်မှတ်ထားသင့်တယ်။ သတ်မှတ်ထားတဲ့အတိုင်းလည်း လုပ်ဖြစ်အောင်လုပ်မယ်။ တစ်ပတ်ကို တစ်ရက်၊ တစ်ရက်ကို ၂ နာရီဖတ်မယ်ဆိုတာထက်၊ တစ်နေ့ကို တစ်ကြိမ်၊ တစ်ကြိမ်ကို ၁၅ မိနစ်ဆိုတာက ပိုကောင်းတယ်။ ပုံသေ သတ်မှတ်၊ သတ်မှတ်ထားတဲ့အတိုင်း အတိအကျလိုက်ဖတ်ဖို့ပဲလိုတယ်။ ဥပမာ အိပ်ယာမ၀င်မီ ၁၅ မိနစ်၊ အိပ်ယာထ ၁၅ မိနစ်၊ နေ့လည်စာစားပြီး ၁၅ မိနစ် ကြိုက်သလို သတ်မှတ်ထားနိုင် တယ်။
၎။ စာဖတ်ဖို့ အားလုံးပြင်ဆင်ပြီး အသင့်ဖြစ်မှဖတ်မယ်။ ဘာတွေလဲဆိုတော့
-       ဖတ်စရာတစ်ခုခု
-       Highlight pen (ခက်ခဲတဲ့စာလုံးတွေအတွက်)
-       Dictionary
-       Vocabulary book
-       စာလုံးသစ်တွေချရေးဖို့ ဘော့ပင်
၅။ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကိုပဲဖတ်မယ်။ ကိုယ်ကြိုက်တဲ့ မဂ္ဂဇင်း၊ စာအုပ်တွေကိုပဲ ရွေးဖတ်မယ်
ဘာတွေဖတ်မလဲ
သတင်းစာတွေမှာ နိုင်ငံခြားထုတ် အင်္ဂလိပ်သတင်းစာတွေကို ဖတ်သင့်တယ်။ သတင်းဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်။ တကယ့်အဖြစ်အပျက်တွေကိုဖတ်နေရတာကြောင့် စိတ်ဝင်စားနိုင်တယ်။ သတင်းစာမှာလည်း intermediate နဲ့အထက် level လောက်ပဲရေးထားတတ်ကြတာများလို့ သိပ်နိမ့်ရင် ဖတ်လို့မဖြစ်နိုင်ဘူး။ ဖတ်သင့်တဲ့ သတင်းစာတွေကတော့ ဗြိတိန်ထုတ်သတင်းစာတွေဆိုရင် The Telegraph, The Times, The Independent, The Guardian, The Financial Times (Business), The Sunday Times သတင်းစာတွေကို ဖတ်သင့်တယ်။ အမေရိကန်ထုတ် သတင်းစာတွေဆိုရင် The International Herald Tribune, The New York Times, The Wall Street Journal (Business) တွေကိုဖတ်ရင် အဆင့်အတန်းရှိရှိ အင်္ဂလိပ်စာတွေကို လေ့လာနိုင်မယ်။
ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတိုင်းအတွက် အင်္ဂလိပ်လိုရေးထားတာတွေရှိတယ်။ မဂ္ဂဇင်းတွေဖတ်ရင် လည်း အကြောင်းအရာလိုက်ထုတ်ထားတဲ့ နိုင်ငံခြား မဂ္ဂဇင်းတွေကို ရွေးချယ်ဖတ်နိုင်တယ်။
စာအုပ်တွေကတော့ သမိုင်း၊ အတ္ထုပ္ပတ္တိ၊ ခရီးသွား၊ ချက်နည်းပြုတ်နည်းစတဲ့ (non-fiction) စာအုပ်တွေနဲ့ ၀တ္ထု၊ ပုံပြင်၊ ဇာတ်လမ်းစတဲ့ (fiction) နှစ်လိုင်းကွဲသွားတယ်။ စာအုပ်တွေမှာ တစ်အုပ်နဲ့တစ်အုပ် လွယ်တာနဲ့ ခက်တာ တူညီမှာမဟုတ်ဘူး။ Agatha Christie က Stephen King ထက်စာရေးတာပိုလွယ်လို့ ဖတ်ရတာ လည်း သိပ်ခက်မယ်မထင်ဘူး။ သူတို့နိုင်ငံတွေက အင်္ဂလိပ်စာအုပ်ဆိုင်ကြီးတွေမှာတော့ သူ့ level အလိုက် ခွဲထားတတ်တယ်။ ဒီမှာလည်း မှာနိုင်ရင်ရတယ်၊ ရှာနိုင်ရင်ရတယ်။ ဥပမာ British Council ကဖွင့်ထားတဲ့ စာကြည့်တိုက်တွေက နိုင်ငံတိုင်းလိုလိုမှာရှိတာကြောင့် အဲဒီစာကြည့်တိုက်တွေမှာ အသင်းဝင်ပြီးဖတ်ရင်လည်း ရနိုင်တယ်။
အင်္ဂလိပ်ပုံပြင်စာအုပ်တွေ၊ ၀တ္ထုတိုတွေကို စတင်ဖတ်သူတွေအနေနဲ့ ရွေးချယ်သင့်တယ်။ ဘာကြောင့်လဲဆို တော့ တိုတိုလေးတွေဖြစ်နေလို့ တစ်ပုဒ်ဖတ်ပြီးတိုင်း စိတ်ဓာတ်တက်ကြွစေနိုင်တယ်။ စာတစ်အုပ်လုံးဆိုရင် လည်း အချိန်တို အတွင်းပြီးနိုင်တယ်။ ဒါပေမယ့် word level ကိုတော့ 5,000 အောက်လောက်ကစဖတ်ပြီး နောက်မှ 10,000 လောက်အထိ အဆင့်ဆင့်တိုးသွားသင့်တယ်။ သူ့အဆင့်လိုက် တစ်အုပ်ဖတ်ပြီးတိုင်း စိတ်ဓာတ်အားတွေ တိုးသွားလိမ့်မယ်။ ၀တ္ထုတိုတွေကို မဂ္ဂဇင်းတွေထဲမှာလည်း တွေ့နိုင်တယ်။ အင်တာနက်ထဲ မှာလည်း ရှာဖတ်နိုင်တယ်။
Readers ဆိုတဲ့ အဆင့်လိုက် အထူးထုတ်ထားတဲ့ အလွယ်ကူဆုံး အင်္ဂလိပ်စာအုပ်တွေလည်း ရှိသေးတယ်။ အကြောင်းအရာတွေကို လိုရင်း၊ တိုရှင်း၊ လွယ်ကူတဲ့ vocabulary တွေနဲ့ရေးဖွဲ့ပေးထားတယ်။ Level အမျိုးမျိုး ထုတ်တာကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ level ကိုရွေးဖတ်နိုင်တယ်။ နာမည်ကျော်စာရေးဆရာကြီးတွေရဲ့ နာမည် ကြီးစာအုပ်တွေကို အလွယ်ဆုံးပြန်ရေးထားတာတွေလည်းရှိတယ်။ စာဖတ်လေ့ကျင့်ဖို့ အကောင်းဆုံး စာအုပ် တွေအနေနဲ့ ညွှန်းချင်ပါတယ်။
မူရင်း၊ မောက္ခ


ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

Sanyato Meditation Center အား အလှူငွေ ၅၃၃၉ ဘတ် တိတိအား အဖွဲ့၏ ဥက္ကဌဆရာတော်အပါအဝင် ပြည်နယ်တိုင်းကိုယ်စားလှယ်သံဃာတော်များက လှူဒါန်းနေကြစဉ်
မြန်မာနိုင်ငံကျောင်းသားသံဃာတော်များအဖွဲ့(ချင်းမိုင်)မှ တက္ကသိုလ်၏ နှစ်စဉ်သွားနေကျတရားထိုင်ခရီးစဉ် ၁၀ ရက်တရားစခန်းတွင် Sanyato Meditation Center အား အလှူငွေ ၅၃၃၉ ဘတ် တိတိအား မြန်မာနိုင်ငံ ပြည်နယ်၊တိုင်းမှ မဟာချူလာတက္ကသိုလ် ချင်းမိုင်မြို့အား တက်ရောက်ပညာသင်ကြားနေသောသံဃာတော်များက လှူဒါန်းခဲ့ကြသည် အဆိုပါတရားစခန်းသည် ဒီဇင်ဘာ (၆)ခြောက်ရက်နေ့မှ (၁၆)ဆယ့်ခြောက်ရက်နေ့ထိ ၁၀ ရက်တိုင်တိုင်ဖြစ်ပြီး တက္ကသိုလ်၏ program တစ်ခုအနေဖြင့် ဒီဇင်ဘာလတွင် နှစ်စဉ်သွားရောက်ရသောတရားထိုင်ပွဲဖြစ်သည်၊ သွားရောက်တရားထိုင်ကြသော တက္ကသိုလ်ကျောင်းသားများမှာ ထိုင်း၊လာအို၊ကင်္ဘောဒီးယား၊ဗီယက်နင်၊နီပေါ၊ဘင်္ဂလားချေဒ်၊မြန်မာ၊သီရိလင်္ကာ၊အိန္ဒိယ နိုင်ငံတို့မှ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မဟာချူလာတက္ကသိုလ်၌လာရောက်ပညာသင်ကြားနေကြသောအရှင်ဘုရားများဖြစ်သည်။
ယခုကဲ့သို့လှူဒါန်းမှုကိုမြင်တွေ့၍မြန်မာနိုင်ငံသားများ သာဓုခေါ်ဆိုနိုင်စေရင် ရည်ရွယ်၍ တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
 

ဘဏ္ဍာရေးမှုဆရာတော်

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Monday, 24 December 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ , |


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။

အာဏာပိုင်တွေ ပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ပုဒ်မ-၅၀၅(ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုစွဲတင်ပြီး ရမ်းဗြဲမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးမောင်လှသွယ် ကို တရားရုံးမှာ မနေ့က သူတို့ တွေ့ခွင့်မရခဲ့ဖူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

တရားရုံးမှာ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ရှေ့နေငှားရမ်းခွင့်မပေးခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ချောင်းဝကျေးရွာအုပ်စု ရေမျက်ဝကျေးရွာမှာရှိတဲ့ သေဆုံးသူ ဦးဟန်ရွှေရဲ့ကျန်ရစ်သူ မိသားစုအတွက် စေတနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတစ်ချို့က စုပေါင်းလှူဒါန်းတဲ့ ငွေ ၈ သိန်းကို ရမ်းဗြဲမြို့မှာနေထိုင်တဲ့ ဦးမောင်လှသွယ် က သူတို့ကိုယ်စား သွားရောက်ပေးအပ်ရာမှာ အာဏာပိုင်တွေက လမ်းမှာဖမ်းဆီးပြီး အမှုစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဦးဟန်ရွှေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဆူပူမှုတွေအတွင်း အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူဖြစ်ပါတယ်။

....................................................
တရားသဖြင့်မင်းပြုခြင်းသည် တိုင်းပြည်အားငြိမ်းချမ်းမှုကိုပေးစေ၏။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ Ganda on Friday, 21 December 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ကေအမ်အက်စ်
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
ဪ... ဘာလိုလိုနဲ့ ခေတ်စနစ်တွေက ပြောင်းလဲလိုက်တာ မြန်ဆန်လွန်းပါဘိ။ မထင်မှတ်တဲ့အရာတွေ၊ မတွေးထားတဲ့ အရာတွေက ဖြစ်ပေါ်လို ဖြစ်ပေါ်နဲ့ ကျုပ်မှာ တကယ့်ကိုဝမ်းသာမိပါရဲ့။ ပြုပြင်ပြောင်းလဲရေး ပုဂ္ဂိုလ်ကြီး သမ္မတကြီးဦးသိန်းစိန်၊ ပွင့်လင်းဖော် ဆောင် မှု ပုဂ္ဂိုလ်ကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးဖော် ဆောင်မှုတွေလုပ်နေတဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့ရဲ့ စိတ်နေသဘောထား တွေက တကယ့်ကို လေးစားစရာတွေ ပါပဲ။
အဲဒါတွေရဲ့ ဆန့်ကျင်ဘက် ခေတ် နောက်ပြန်ဆွဲချင်သူတွေရဲ့ အကြောင်း ကလည်း မကြားချင်မှအဆုံး ဟိုလူသိ ဒီလူသိနဲ့၊ ဟိုမှာပြော ဒီမှာပြောနဲ့၊ ဒီထဲမှာ တင်မက ကမ္ဘာကတောင် သိကုန်ကြပါ တယ်။ စကားပုံထဲကအတိုင်းပါပဲ။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို စကားနောက် တရားပါပေါ့။ ၀ိရောဓိဆိုတာကလည်း ရှိနေဦးမှာပဲ။ အို ဘာပဲဖြစ်ဖြစ် တိုးတက်မှုတို့၊ ပြုပြင် ပြောင်းလဲ ရေး ဆိုတာတွေကို ကျုပ်က ထောက်ခံလျက်၊ လေးစားလျက် ရှိနေမှာပဲ။
ကျုပ်က ဒီမိုကရေစီသမား။ ကျုပ်အစ်မဖေဖေရယ်၊ ကျုပ်အစ်မတို့ ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံတာရယ်၊ ၈၈ အရေး တော်ပုံကြီးကို အသိအမှတ်ပြုတာကိုက တကယ့်ကို စိတ်ရင်း စေတနာနဲ့ ပြုပြင်ပြောင်းလဲရေးသမား တွေရဲ့ လုပ်ရပ်တွေလို့ ကျုပ်က သဘော ထားပါတယ်။
ခေတ်နောက်ပြန်ဆွဲချင် သူတွေကလည်း ရှိကြမှာပေါ့လေ။ သမ္မတကြီးက ခေတ်နောက်ပြန်ဆွဲချင် နေသူတွေကိုတော့ ထားခဲ့ရမှာပဲတဲ့။ ဒါက အမှန်တရားလေ၊ ခေတ်နဲ့အမီ မလိုက်နိုင်သူတွေကိုတော့ ထားခဲ့ရမှာပဲ။ ကိုယ့်တစ်ပြည်တည်းပဲ ကြည့်နေပြီး ၀ါးလုံးခေါင်းထဲ လသာနေလို့ကတော့ ဘယ်ကြည့်လို့ရမလဲ။ ခေတ်နဲ့အမီ ကမ္ဘာ ကြီးကိုပါ ကြည့်ကြရတော့မယ်။ ကမ္ဘာ ကြီးက ရွာကြီးတစ်ရွာဖြစ်နေပြီ။
ကျောက် သင်ပုန်းခေတ် မဟုတ်တော့ဘူး။ အလား သဏ္ဌာန်တူတဲ့ လက်ပ်တော့ခေတ်လေ။ လက်ပ်တော့တွေ ဝှေ့ချပြီး ခေတ်နောက် ပြန်ဆွဲချင်တဲ့ အတွေးအခေါ်တွေနဲ့ ပြော ဆိုနေလို့ကတော့ အဓိပ္ပာယ်မရှိပါဘူး။ လူအချင်းချင်း လှည့်ပတ်ခြင်းတွေ ကင်း ရှင်းရပါမယ်။ လိမ်ညာနည်းတွေ ကင်းရှင်းရပါမယ်။ ကိုယ်တွေပြောတာကိုပဲ ယုံရမယ်လို့ မပြောကြပါနဲ့။ (ဒေါက်တာ အောင်ထွန်းသက် ပြောသလို သဘောချင်း မတိုက်ဆိုင်တာဟာ ကောင်းပါတယ်။ ကွဲပြားခြားနားမှုဟာ အန္တရာယ် မရှိနိုင်ပါဘူး။ အယူအဆတွေ များလေ၊ ရှုထောင့်မျိုးစုံက ကြည့်နိုင်ပါတယ်။ ပြဿနာကို ပိုပြီး ကြည်လင်ပြတ်သားတဲ့ အနေအထားက မြင်ရတာပေါ့တဲ့)။
ချိန်းတို့၊ ရီဖောင်းတို့ခေတ်တွေ ရောက်နေပါပြီ။ ခေတ်ပြောင်းပြီဆိုတော့လည်း ကျန်ခဲ့တဲ့ကာလတွေဆီက အမှတ်ရစရာ လေးတွေ၊ သတိရစရာလေးတွေကိုတော့ မှတ်မိနေသေး။ တစ်ခါတုန်းကပေါ့ဗျာ၊ ကျုပ်အစ်မနဲ့ ကျုပ်တို့က ဘယ်ဘ၀က၀ဋ်ကြွေးတွေ ပါလာလဲ တော့မသိဘူး၊ အမြဲတမ်း ဒုက္ခ သုက္ခတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ ဒါကလည်း ဘ၀၀ဋ်ကြွေးတွေပေါ့ဗျာ။ နေ့စဉ် လိုအပ်တဲ့ အစား အသောက်တွေ၊ လိုအပ်တဲ့ အသုံးအဆောင်တွေ ပုံမှန် သွားသွား ပို့ရတယ်။ နေ့စဉ် နားရက်မရှိ၊ တစ်ပတ် နားရက်မရှိ၊ တစ်လ နားရက်မရှိ၊ တစ်နှစ် နားရက်မရှိ၊ ဒါမှလည်း ကျုပ်အစ်မ အတွက် အဆင်ပြေမှာလေ။
လတ်လတ် ဆတ်ဆတ် စားရတာပေါ့ဗျာ။ ကျုပ်အစ်မက စည်းစနစ်ကြီးတယ်။ ခိုင်းရင် ခိုင်းသလို လုပ်ရတယ်။ အချိန်ဇယားနဲ့ စနစ် တကျ သမား။ ကျုပ်လား၊ ကျုပ်ကတော့ စည်းစနစ်မရှိ၊ နေချင်သလိုနေတဲ့ကောင်။ အချိန်ဆို နာရီတောင်မပတ်တဲ့ကောင်။ နာရီဆို အမုန်းဆုံး၊ ပလက်တီနမ် စိန် စီထားတဲ့ ရိုးလက်စ်နာရီဖြစ်ပါစေ၊ မပတ် ပါရစေနဲ့ဆိုတဲ့ကောင်မျိုး။ ကျုပ်အစ်မ ခမျာ သည်းခံပြီးခိုင်း ရတဲ့လူစား၊ ဘာပဲ ဖြစ်ဖြစ် ကျုပ်အစ်မအတွက်ကတော့ ၀တ္တရားမပျက်စေရပါဘူး။ အစ်မဘက်ကလည်း ၀တ္တရားကျေပွန် ပါတယ်။
ကျုပ်လာပို့ပြီဆို လက်ဖက်ရည်၊ ကော်ဖီ၊ မုန့် တစ်ခုမဟုတ်တစ်ခု ကျွေးလေ့ရှိပါတယ်။ ကျုပ်က ငြင်းတယ်။ မစား ချင်ဘူး၊ ကျုပ်က အပြင်မှာဝယ်စားလို့ရ တာပဲ။ ဒါပေမယ့် အစ်မက မရဘူး၊ စား ရတယ်၊ မစားချင်ရင်လည်း ထည့်ယူ သွား၊ ကျွေးချင်တဲ့သူ ကျွေးနိုင် တယ်၊ ပေးချင်တဲ့သူ ပေးနိုင်တယ်ဆိုပြီး အမြဲ ပြောတယ်။
ကျုပ်ကလည်း အစ်မတို့ကို အားနာတယ်။ တစ်နေကုန်စောင့်ရတဲ့ အချိန်တွေဆို အအေးနဲ့မုန့် အမြဲကျွေးတယ်။ ညနေပြန်ပြီ ဆိုရင် လည်း မုန့် တစ်ခုခု၊ စားစရာတစ်ခုခု အမြဲပေးလေ့ ရှိတယ်။ ခြံထွက်သီးနှံတွေပေါ်ချိန် သရက်သီး၊ မရန်းသီး၊ သစ်တိုသီး၊ ဂေါ်ဖီပန်း စတာတွေကို အစ်မနဲ့ရင်းနှီးခင်မင် တဲ့သူတွေဆီ အမြဲပဲ ပို့ပေးတတ်တယ်။ ကျုပ်က သွားပို့ရတာပေါ့။ ကျုပ်အတွက်လည်း အမြဲ ပါ တယ်။ ကျုပ်က တစ်ယောက်တည်းသမား၊ ကျုပ်အတွက် မလိုပါဘူး။ ဒါပေမယ့် မရဘူး၊ ခွဲတမ်းနဲ့ ယူကိုယူရတာပါ။ ကျုပ်ကလည်း ကျုပ်နဲ့ ခင်တဲ့သူတွေ ပေးပေးပစ်တယ်။ လိုတဲ့သူ တွေ စားရတာပေါ့ဗျာ။
အစ်မကိုယ်တိုင်လုပ်တဲ့ မုန့်ကို ကိုဇာဂနာလည်း စားဖူးတယ်။ ပီဇာမုန့် နဲ့ ပုံသဏ္ဌာန်တူတော့ ကိုဇာဂနာက မှတ်ထားတယ်။ (သူနဲ့ လည်းခင်တဲ့ ကျုပ်ဘော်ဒါ ဦးမြင့်သိန်းအိမ်မှာတွေ့တုန်းကပေါ့။ အစ်မက သူ့လက်ရာမုန့်လုပ်ပြီဆို ကျုပ်ကို အမြဲကျွေးတယ်။ ကျုပ်က မစားဘဲ ယူယူလာတယ်။ ဦးမြင့်သိန်းကို အစ်မလက်ရာ သွားသွားကျွေးတယ်။ သူက ကျန်းမာရေးမကောင်းရှာဘူး။ အခုတော့ ကွယ်လွန် ရှာပါပြီ။ တစ်နေ့ တော့ ကိုဇာဂနာလည်း ရောက်နေတာ နဲ့ သူ့လည်း တစ်ဝက်ကျွေးတယ်။ အစ်မ လက်ရာမုန့် စားဖူးသွား တာပေါ့ဗျာ။) သူ မြစ်ကြီးနားက ပြန်လာတော့ သတင်းထောက်တွေက ၀ိုင်းမေးကြတယ်။ အခု အချိန်မှာ ဘာဆန္ဒအရှိဆုံးလဲ မေးကြ တော့ "အန်တီ့လက်ရာ ပီဇာမုန့်စားချင်တယ်" ဗျာတဲ့။
အဲဒီအဓိပ္ပာယ်ကို ဘယ်သူမှ နားလည် ကြမှာ မဟုတ်ဘူး။ ကျုပ်နဲ့ ဦးမြင့်သိန်းပဲ သိတဲ့ကိစ္စ၊ ကျုပ်ဂျာနယ်ဖတ်ကြည့်ပြီး ပြုံးမိတယ်။ အစ်မလည်း ဘယ်သိရှာပါ့ မလဲ။ ကျုပ်ကိုပဲ ကျွေးတဲ့ဟာကို ကျုပ်က တစ်ဆင့် ဘယ်သူ့ကိုကျွေးလိုက်တယ်၊ ပေးလိုက်တယ်ဆိုတာ ပြောခွင့်မှမရတာ ကိုး။ ပဋ္ဌာန်းဆက်ပါတဲ့သူတွေဆို ဆုံကို ဆုံတတ်တယ်။ ကိုကျော်သူနဲ့ မရွှေဇီး ကွက်တို့လည်း အစ်မခြံထွက် သရက်သီး စားဖူးတယ်။
၈၈ တွေကိုလည်း အစ်မခြံ ထွက် မရန်းသီးတွေ ပေးဖူးတယ်။ နာဂစ် ဖြစ်တုန်းက ကျုပ်အိမ်လည်း ပါသွား တယ်။ ကျုပ် ဒီပြင်မှာ သွားနေရတယ် ဆိုတာ အစ်မကသိတော့ ကျုပ်အတွက် အင်္ကျီ၊ လုံခြည်၊ မျက်နှာသုတ်ပ၀ါ၊ သွား တိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ တွေ ပေးတယ်။ မယူပါရစေနဲ့ဆိုလည်း မရ ဘူး။ ၂၀၁၁ ခုနှစ်ကပေါ့၊ အစ်မအမှတ် တရဆို ကျုပ်က သိမ်းထားလေ့ရှိတယ်။ တန်ဖိုး ထားတယ်။ (ဆပ်ပြာနဲ့ သွားတိုက် ဆေးဆို ပျက်စီးတော့မှာမို့ ဒီနှစ်ထဲမှာပဲ သုံးလိုက်ရတယ်။)
ရယ်စရာပြောရဦးမယ်။ ကျုပ်က အစ်မအိမ်ထွက် အမှိုက်တွေဆိုလည်း အိတ်ကြီးအိတ်ငယ်နဲ့ အမှိုက်ပုံးထဲ သွားပစ်ပေးရတယ်။ ကျုပ် အိတ်တွေ သယ်လာ ပြီဆိုရင် ကုက္ကိုင်းက ဘော်ဒါတချို့က 'ဟိုမှာ ဘော်တယ်ကုလား သယ်လာပြီ' ဆိုပြီး စကြ နောက်ကြတယ်။ ကိုကျော်တို့ သားအဖလည်းပါတယ်။ အစ်မက စည်းကမ်းကြီးတယ်။ မီးဖိုချောင်အမှိုက် သတ်သတ် တစ်ထုပ်၊ အိမ်သုံးအမှိုက် သတ်သတ် တစ်ထုပ်၊ အစ်မအမှိုက်က သတ်သတ် တစ်ထုပ်။ အစ်မသုံးပြီးသား အမှိုက်ထုပ်ကို ကျုပ် ဘယ်တော့မှမပစ်ဘူး။ ကျန်တဲ့ အမှိုက်ထုပ်တွေတော့ ပစ်တယ်။ အစ်မအမှိုက်ထုပ်ကို လူမမြင်စေ ချင်ဘူးပေါ့ဗျာ။ ကျုပ်က သယ်သယ်သွားတယ်။ ဘူးတွေ၊ ပုလင်း တွေလည်းပါတာ ပေါ့ဗျာ။
အဲဒါကိုအကြောင်းပြုပြီး ဘော် တယ်ကုလား လာပြီလို့ ခေါ်ကြတာပါ။ ကြွပ်ကြွပ်အိတ်လေးတွေဆို ရေဆေး ပြီး နေပူလှန်းတယ်။ ခြောက်သွားရင် သေသေချာချာ ခေါက်ပြီး တြိဂံပုံစံမျိုး လေးတွေလုပ်ပြီး ကျုပ်ကိုပေးတယ်။ သုံးချင်တဲ့သူတွေ သုံးနိုင်အောင် ပေးပေး ပါဆိုပြီး ပြောတယ်။ ကိုကျော်တို့ ကုန်စုံ ဆိုင် သွားသွားပေးတယ်။ သူတို့ဆိုင် အတွက် အဆင်ပြေတာပေါ့။ ကျုပ်အစ်မ က အဲသလိုမျိုး စည်းစနစ်ကြီးတယ်။
အချိန်ကို အလဟဿ မထားဘူး။ အလုပ် နဲ့ လက် မပြတ်စေရဘူး။ သူ လုပ်နိုင်သမျှ သူဟာသူ လုပ်တယ်။ မနိုင်တော့မှ ဒါ ပြင်ပေးပါ၊ ဒါမျိုးဝယ်ပေးပါဆိုပြီး ပြောတယ်။ ပစ္စည်းတစ်ခုခု ပြင်ဖို့ အပြင်ကို ထုတ်ပေးရင် စနစ်တကျနဲ့ အထပ်ထပ် ထုပ်ပိုးပြီးမှ အိတ်နဲ့ ထည့် ပေး တတ်တယ်။ အထပ်ထပ် ပတ်ထားတဲ့ ပိတ်စတို့၊ စောင် တို့ဆိုရင် စနစ်တကျနဲ့ ခေါက်ပေးတာ။ ပြန်ပေးရင်၊ ပြန်လာပို့ရင် အဲဒီ အခေါက် အတိုင်း အထပ်ထပ် နေရာမမှားအောင် ပြန်ပတ်ပြီး ထုပ်ပိုးပေးမှကြိုက်တယ်။ ဖြစ်သလိုလုပ်ပေးလို့ကတော့ မကြိုက် ဘူး။ အဆူခံရပြီပဲ။
ကျုပ်မှာ ပတ်ထားတဲ့ ပိတ်စကို ခေါက်ပုံခေါက်နည်း မှတ်ထား ရတယ်။ သူ့ပုံစံအတိုင်း ခေါက်ပေး ထုပ် ပိုးပေးရတယ်။ အစ်မက စည်း စနစ်ကြီးတယ်၊ မရဘူး။ သစ်သားနဲ့လုပ်ပေးရတဲ့ စာကြည့်စင် အသေးလေးတွေ၊ စာအုပ်ဗီရို အသေး လေးတွေဆို ပုံစံတကျနဲ့ စာရွက် ပေါ်မှာ ပုံစံဆွဲပြီး ဘယ်နှလက်မ၊ စင်တီမီတာ ဘယ်လောက် အတိအကျပုံစံနဲ့ လုပ်ပေး ရတယ်။ စင်တီမီတာကွာနေရင် မရဘူး။ ပြန် ပေးတယ်။ ပြန်လုပ်ပေးရတယ်။
အစ်မအမျိုး ကိုအောင်ကျော်ဦးဆို ခဏခဏ ခံရတယ်။ သူကလည်း မအားတော့ တပည့်တွေခိုင်းရတော့ ပုံစံစာရွက် ပျောက်ရတာနဲ့၊ စင်တီမီတာကွာနေတာ နဲ့ ခဏခဏ ပြန်ပြင်ရတယ်။ (ကျုပ်က အစ်မရဲ့ပုံစံစာရွက်ဆို လေးငါးရွက်လောက် မိတ္တူကူးထားတတ်တော့ တော် သေးတာပေါ့။ ပျောက်သွားလို့ကတော့ ပြဿနာပဲ)။ နာရီပြင်တာတို့၊ ရေဒီယိုပြင် တာတို့ဆို ချက်ချင်းရတဲ့ဆိုင်မျိုး၊ အသိ ဆိုင် မျိုး ရွေးချယ်ပြီး ပြင်ရတယ်။ ကိုယ့် မျက်စိရှေ့မှာပြင်တာကို ဘယ်လောက် ကြာကြာ စောင့်ကြည့်နေပြီးမှ ပြင်ရပါ တယ်။ အန္တရာယ် ကြီးတယ်လေ။ ဘာမဆို အမြဲတမ်း သတိနဲ့လုပ်ရပါတယ်။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ဒီနှစ် ၂၀၁၂ ခုနှစ်မှာ နှစ် ၁၀၀ ပြည့်တယ်။ ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ မကြာ သေးခင်က ဂျာနယ်တစ်စောင်မှာ ဒေါ်ခင်ကြည့်အကြောင်း ရေးတာ ဖတ် ရတယ်။ မွေးတဲ့နှစ်က ၁၉၁၆ တဲ့၊ ဖခင် နာမည်ကိုလည်း ဦးဖိုးညှင်းက ဦးဗိုလ်ချင်း ဖြစ်နေတယ်။ နှောင်းလူတွေ အမှတ်မှားကုန်ကြမှာ စိုးရိမ်မိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ ဆိုတာက သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတွေပါ။ လက်တွေ့ထက် စာတွေ့တွေက များနေ ပါတယ်။
ဟိုတလောက စာအုပ်ကြော်ငြာ လေးတစ်ခု ဖတ်မိတယ်။ "ဒေါ်အောင်ဆန်းစုကြည် အကြောင်းနော်။ ဖတ်ရှုကြပါ။ မဖတ်ရင်ဘဲ ခေတ် နောက်ကျတော့မယ့် ပုံစံမျိုး။ စာအုပ်ဆိုင်များ၊ ကိုယ်စားလှယ်များထံမှ အမြန်ဝယ် မှ စိတ်ချရမယ်" တဲ့။
အနီးကပ်လုံခြုံရေးပုဂ္ဂိုလ်တစ်ဦးရဲ့ ပြောပြချက်တို့၊ မိုင်အိနိချိ သတင်းစာပါ ရေးသားချက်တို့၊ ' Freedom From Fear' ထဲက ရေးသားချက်တို့၊ ဂျပန်လူမျိုး အသိတစ်ယောက်ရဲ့ ရေးသားချက်တို့ ဆိုတာတွေကို ပုံတူကူးရေးတာတွေပဲလို့ သတိ ထားခဲ့မိပါတယ်။ သမိုင်းမှာ မှတ်တမ်း တင်ရမယ့် အကြောင်းအရာတွေဆို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာပြီး ရေး သားကြပါလို့ အကြံပြုချင် ပါတယ်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Wednesday, 10 October 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

ရွှေရည်စောမြင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၉ ( ၅ - ၁၁ ၊ ၁၀ ၊ ၂၀၁၂)

အရက်ကို စွဲလမ်းနှစ်ခြိုက်စွာဖြင့် ရေရှည်သောက်သုံးမှုကြောင့် စိတ်ရောဂါ ဝေဒနာ ခံစားနေရသည့် လူနာအရေ အတွက်မှာ ပိုမိုများပြားလာကြောင်း ရန်ကုန် စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးတွင် အတိုင်ပင်ခံစိတ်ရောဂါ အထူးကုဆရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ လွန်ခဲ့သည့်နှစ်လက အငြိမ်းစားယူခဲ့သော ဒေါက်တာ ဂျော်ထက်ဒိုးက ပြောသည်။
"ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးမှာ ဆေးရုံရောက်လာတဲ့ လူနာတစ်ဝက်ကျော်ဟာ အရက်ကြောင့် စိတ်ရောဂါဝေဒနာ ဖြစ်တဲ့သူတွေပါ" ဟု ၎င်းက ပြောသည်။
ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးတွင် လာရောက်ကုသသည့် လူနာအရေအတွက်မှာ ယခုနှစ်တွင် ၁,၀၀၀ ကျော်ခန့်ရှိပြီး ယခင်နှစ်က ၉၀၀ ခန့်ရှိသည်ဟု ရန်ကုန်စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ပြောသည်။
အရက်စွဲနေသူများ၏ ၃၇ ရာခိုင်နှုန်း သည် စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေ ရသည်ကို တွေ့ရှိရပြီး အရက်စွဲရောဂါ ဖြစ်ပွားနေသူ သုံးဦးတွင် တစ်ဦးမှာ စိတ် ရောဂါ ပူးတွဲလျက်ရှိကြောင်း ဒေါက်တာ ဂျော်ထက်ဒိုးက ပြောသည်။
"အရက်ကိုမသုံးစွဲဘဲ မနေနိုင်အောင် အရက်စွဲရောဂါကို ဆိုးဆိုးဝါးဝါးခံစား နေရသောသူများသည် ထပ်ဆင့် စိတ် ရောဂါကို ခံစား လာနိုင်ပြီး ဥပမာအား ဖြင့် စိတ်ဓာတ်အလွန်အမင်းကျဆင်းပြီး မိမိကိုယ်မိမိ အဆုံးစီရင်လိုစိတ် ဖြစ်ပေါ် လာခြင်း၊ ဒေါသပေါက်ကွဲ တတ်လာခြင်း၊ နားထဲတွင် ဆိုးဝါးသော အသံများ စသည့် စိတ်ရောဂါများ ခံစားရတတ်ကြောင်း ၎င်းက ပြောသည်။
လူငယ်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အရက်ကို စမ်းသပ် သောက်သုံးခြင်း ပြုလုပ်တတ်ရာမှ အချိန်ကာလကြာမြင့်လာပြီး လူကြီးဘ၀သို့ ၀င်ရောက်ချိန်တွင် ဆေး၊ အရက် သုံးစွဲခြင်းဒဏ်ကြောင့် စိတ်ရောဂါများ စသည်တို့သည် နောက်ဆက်တွဲရောဂါအဖြစ် ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။
အရက်သောက်ခြင်းကြောင့် ဒုက္ခ ရောက်သူဦးရေမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုးပွားလျက်ရှိနေကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ ၏ ၂၀၁၁ တွေ့ရှိချက်တွင် ဖော်ပြထားသည်။ ၎င်း၏တွေ့ရှိချက် အရက်စွဲနေသူများသည် အရက်မစွဲသူ များထက် ပုံမှန် ၁၀ နှစ်စောပြီး သေကြ သည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လည်း လူမှုရေး၊ စီးပွား ရေး အခြေအနေကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများလာပြီး မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ထဲတွင် အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကျ ရောဂါနှင့် စိတ်ကစဥ့်ကလျားဖြစ်ခြင်း ကြောင့်လည်း ပါဝင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း မှတ်တမ်း ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။
"မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေက မနှစ်က အမှု ၄၀ ကနေ အခုနှစ်မှာ အမှု ပေါင်း ၆၀ ကျော်ရှိပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၃၀ မှ ၅၀ ကြား ဖြစ်ပြီး အမျိုးသား ၆၀ ရာခိုင်နှုန်းနဲ့ အမျိုး သမီး ၄၀ ရာခိုင်နှုန်း ရှိပါတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် အရက်အလွန်အကျွံသောက် သုံးမှုနှင့်ပတ်သက်သည့် ပြဿနာများ ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်း ၂ ဒသမ ၅ သန်း သေဆုံးနေရပြီး အရက်ကြောင့် သေဆုံးသည့် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား လူငယ်အရေအတွက်မှာ သုံးသိန်းနှစ်သောင်းရှိသည်ဟု သိရသည်။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တန်ခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။
ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တန်ခိုးထက်အောင် ဖန်တီးပေးရသလားဆိုတာက စဉ်းစားသင့်တဲ့ အရာလေးတစ်ခုပါ။
တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာတင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က
“အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည်ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… " (ဥဒါန၀တ္ထု)
ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။
တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။
ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာက ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။
ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပ ဒါယီ) ။ အချိန် 12:52 PM

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on Sunday, 7 October 2012
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

၁၊ ဖဿ
ရုပ်ဓါတ်သဖွယ်၊ ကပ်ငြိတွယ်လျက်၊ ဘယ်ဝယ်ထိပုံ၊ မရှိတုံလည်း၊
အာရုံထိမိ၊ ဓါတ်ခိုက်ဘိ၊ တွေ့ထိ ဖဿ သဘောတည်း။

၂၊ ဝေဒနာ
ဘုရင်မင်းနှယ်၊ ပွဲတော်တယ်သို့၊ သွယ်သွယ်အာရုံ၊ ရသာစုံကို၊
ကုန်အောင်မှန်ငြား၊ ချန်မထား၊ ခံစား ဝေဒနာ သဘောတည်း။

၃၊ သညာ
သူငယ်လက်သမား၊ မှတ်သည့်လားသို့၊ အမှားလည်းရှိ၊ အမှန်ရှိ၍၊
မှတ်မိရုံသာ၊ သိသည်မှာ၊ သညာ သဘောတည်း။

၎၊စေတနာ
လယ်ပိုင်ရှင်ကြီး၊ တပည့်ကြီးတို့၊ ထုံးနည်းပုံကပ်၊ အာရုံရပ်၌၊
စေ့စပ်စေမှု၊ ဆော်သြပြု၊ မှတ်ရှု စေတနာ သဘောတည်း။

၅၊ ဧကဂ္ဂတာ
လေငြိမ်သည့်ဌာန်၊ မီးအလျှံသို့၊ မပျံ့မလွင့်၊ ဆင့်ကာဆင့်ကာ၊ ယူမိရာတွင်၊
စိတ်စဉ်တည်မှု၊ အကြောင်းပြု၊ မှတ်ရှု ဧကဂ္ဂတာတည်း။

၆၊ ဇီဝိတိနြေ္ဒ
ကြာစောင့်ရေနှယ်၊ အထိန်းသယ်နှင့်၊ လှေငယ်လှော်သူ၊ ပုံယူယှဉ်စပ်၊
သဟဇာတ်တို့၊ မပြတ်အောင်တည်၊ အသက်ရှည်ကြောင်း၊ တရားကောင်း၊
မှတ်ငြောင်း ဇိဝိတိနြေ္ဒတည်း။

၇၊ မနသိကာရ
ဇာနည်မြင်းများ၊ ဖြောင့်ဖြောင့်သွားဖို့၊ ရထားထိန်းပုံ၊ များအာရုံကို၊
ထိုထိုစိတ်၌၊ မဆိတ်စေလျှင်း၊ ပြုပေးခြင်း၊ မယွင်း မနသိကာရတည်း။

၈၊ ဝိတက်
မင်းကျွမ်းဝင်သူ၊ ပမာယူလော့၊ အတူယှဉ်ဖက်၊ အာရုံထက်သို့၊
တက်ရောက်စေလျှင်း၊ ကြံစည်ခြင်း၊ မယွင်း ဝိတက် သဘောတည်း။

၉၊ ဝိစာရ
ကြေးညီးသံနဲ၊ ငှက်ပျံဝဲသို့၊ ဖန်လဲအာရုံ၊ သုံးသပ်ပုံ၊
မှတ်တုံ ဝိစာရသဘောတည်း။

၁ဝ၊ အဓိမောက္ခ
တံခါးတိုင်ကြီး၊ ယိုင်မလဲသို့၊ ခိုင်ဖြည်းတည့်မတ်၊ ဆုံးဖြတ်တတ်၊
မှတ်လေ အဓိမောက္ခတည်း။

၁၁၊ ဝီရိယ
မယိမ်းမယိုင်၊ ခိုင်စေသောအား၊ ထောက်တိုင်ကျားသို့၊
တရားယှဉ်ဖက်၊ ကြွကြွ တက်ရန်၊ အားအံခဲသဖြင့်၊ ရဲရင့်သသူ၊ ဖြစ်ကြောင်းဟူ၊
မှတ်ယူ ဝီရိယ သဘောတည်း။

၁၂၊ ပီတိ
ခရီးမောပန်း၊ တောစခန်း၌၊ အေးချမ်းကြည်လင်၊ ရေကိုမြင်၍၊
ကြည်ရွှင်သောလား၊ ကိုယ်စိတ်များကို၊ တိုးပွားစေလျက်၊ လွန်နှစ်သက်၊
မှတ်ချက် ပီတိ သဘောတည်း။

၁၃၊ ဆန္ဒ
မြင်လိုကြားလို၊ နမ်းရှူလို၊ ရသာခံစား၊ ထိသိလိုငြား၊ မှတ်သား ဆန္ဒ လက္ခဏာ၊
တဏှာမပါ၊ လိုချင်တာ၊ ဆန္ဒ သဘောသာ။

၁၄၊ မောဟ
သဘောမှန်ရာ၊ ဖုံးကွယ်ကာ၍၊ ပညာစက္ခု၊ ကန်းအောင်ပြုလျှင်း၊ မိုက်မဲခြင်း၊
မယွင်း မောဟ သဘောတည်း။

၁၅၊ အဟိရိက
ရွာသူတို့ဝက်၊ မစင်ဗွက်ကို၊ မစက်ဆုပ်အား၊ မရှက်အားသို့၊ များဒုစရက်၊
ပြုဖို့ချက်မှ၊ မရှက်သသူ၊ ဖြစ်ကြောင်းဟူ၊ မှတ်ယူ အဟိရိကတည်း။

၁၆၊ အနောတ္တပ္ပ
ပိုးပရန်မျိုး၊ မီးလျှံတိုးသို့၊ အကျိုးကိုထောက်၊ ရွံ့ကြောက်စဖွယ်၊
သွယ်သွယ် ဒုစရက်၊ ပြုဖို့ချက်မှ၊ သက်သက်မရွံ့၊ အရဲစွန့်၊ ပြုဝံ့ နောတ္တပ်တည်း။

၁၇၊ ဥဒ္ဓစ္စ
လေဟုန်အရှိန်၊ ရေမငြိမ်သို့၊ မငြိမ်မသက်၊ အထက်ထက်၌၊
လွင့်တက်တတ်ရှောင်း၊ စိတ်ဖြစ်ကြောင်း၊ မကောင်း ဥဒ္ဓစ္စ သဘောတည်း။

၁၈၊ လောဘ
မျောက်နှဲစေးပုံ၊ မခွာတုံသို့၊ အာရုံငြိကပ်၊ မခွာလတ်ဘဲ၊ တပ်မက်ခင်မင်၊
လိုချင်တတ်သော၊ ဤသဘော၊ မှတ်လော လောဘတည်း။

၁၉၊ ဒိဋ္ဌိ
အမှန်တရား၊ ဉာဏ်အလားသို့၊ အမှားကိုပင်၊ အမှန်ထင်၍၊
သိမြင်ယူမှား၊ သဘောထား၊ မှတ်သား ဒိဋ္ဌိတည်း။

၂ဝ၊ မာန
အများထက်ချွန်၊ စိတ်နေလွန်၍၊ တံခွန်အလား၊ ငါတကားဟု၊ ထောင်လွှား
ပြုလျက်၊ ကြွကြွတက်လျှင်း၊ မှတ်ထင်ခြင်း၊ မယွင်းမာန သဘောတည်း။

၂၁၊ ဒေါသ
မြွေဟောက်တမျှ၊ ထောင်းထောင်းထလျက်၊ ယှဉ်ဖက် စိတ်ဓာတ်၊ ကိန်းဝပ်မိရာ၊
သတ္တဝါကို၊ ပူဆာစေလျှင်း၊ ဖျက်ဆီးခြင်း၊ မယွင်း ဒေါသ သဘောတည်း။

၂၂၊ ဣဿာ
ပရမ္ပရ၊ ကံကောင်း မသဖြင့်၊ ပြည့်ဝဂုဏ်သိရ်၊ သူ့စည်းစိမ်ကို၊ မမြိန်နိုင်တောင်း၊
စောင်းမြောင်း မဲ့ရွဲ့၊ ကဲ့ရဲ့ ငြူစူ၊ ရှုတ်ချမူ၊ မှတ်ယူ ဣဿာ သဘောတည်း။

၂၃၊ မစ္ဆရိယ
ရလတ္တံ့ ရပြီး၊ ငါ့ပစ္စည်းနှယ်၊ အံ့ချီးဖွယ်ကား၊ များကြွယ် သူတစ်ပါး၊ မဖြစ်စေ
သားဟု၊ ဖြစ်ပွားတတ်လျှင်း၊ ဝန်တိုခြင်း၊ မယွင်း မစ္ဆရိယ သဘောတည်း။

၂၄၊ ကုက္ကုစ္စ
ပြုပြီးဒုစရိုက်၊ မပြုလိုက်မိ၊ သုစရိအတွက်၊ စက်ဆုပ်အပ်စွာ၊ ကိရိယာဟု၊
နောင်ခါတစ်ဖန်၊ ပူပန်တည်သော၊ ထိုသဘော၊ မှတ်လော ကုက္ကုစ္စ။

၂၅၊ ထိန
စိတ်စက်မခန့်၊ အနေညံ့အောင်၊ ဖိဟန့်တတ်သော၊ ထိုသဘော၊
မှတ်လော ထိနသဘောတည်း။

၂၆၊ မိဒ္ဓ
စေတသိက်တရား၊ မခံ့ညားအောင်၊ ဟန့်တားတတ်သော၊ ထိုသဘော၊
မှတ်လော မိဒ္ဓသဘောတည်း။

၂၇၊ ဝိစိကိစ္ဆာ
သဘောအမှန်၊ စူးစမ်းပြန်လျှင်၊ ဉာဏ်မနိုင်ဘဲ၊ ဆင်းရဲကြောင်းဟု၊ ယုံမှားမှု၊
မှတ်ရှု ဝိစိကိစ္ဆာသဘောတည်း။

၂၈၊ သဒ္ဓါ၊
ရတနာသုံးတန်၊ ပစ္စုပ္ပန်နှင့်၊ သံသရာမျိုး၊ ကံအကျိုးတို့၊ ရှိရိုးဟုမြင်၊
သက်ဝင်ကျေနပ်၊ ယုံကြည်တတ်၊ မှတ်လေ သဒ္ဓါ သဘောတည်း။

၂၉၊ သတိ၊
ဘုရားစသား၊ အာရုံများ၌၊ မှတ်သားလေ့များ၊ အောက်မေ့ငြား၊
တရား သတိ သဘောတည်း။

၃ဝ၊ ဟိရီ၊
၃၁၊ သြတ္တပ္ပ၊
ဒုစရိုက်ဆိုး၊ အမိုက်မျိုးမှ၊ ရှက်စနိုးမူ၊ ဟိရီဟူ၊ ကြောက်မူ သြတ္တပ်သဘောတည်း။

၃၂၊ အလောဘ၊
လောကီအာရုံ၊ ကာမဂုဏ်ကို၊ စုံစုံမက်မက်၊ နှစ်သက်မရှိ၊ မကပ်ငြိပေ၊ မလိုပေ၊
ဆိုလေ အလောဘ သဘောတည်း။

၃၃၊ အဒေါသ၊ (မေတ္တာ)
ယှဉ်ဘက်စိတ်ဓာတ်၊ ကိန်းဝပ်မိရာ၊ သတ္တဝါကို၊ ကြည်သာရွှင်ပြ၊
အေးမြစေသော၊ ထိုသဘော အဒေါသ သဘောတည်း။

၃၄၊ တတြမဇ္ဈတ္တတာ
ကိုယ်စီကိစ္စ၊ ရွက်ဆောင်ကြသဖြင့်၊ သမ္ပယုတ်ဆို၊ များထိုထိုဝယ်၊
အလယ်အလတ်၊ တည့်မတ်အောင်ûပ၊ လစ်လျူရှု၊ ခေါ်မှု မဇ္ဈတ္တတာတည်း။

၃၅၊ ကာယပဿဒ္ဓိ
၃၆၊ စိတ္တပဿဒ္ဓိ
ဥဒ္ဓစ္စစေ၊ ပြဌာန်းပေသည့်၊ ကိလေသာဟူ၊ အပူဆိတ်သဖြင့်၊ စေတသိက်အပေါင်း၊
ငြိမ်းအေးကြောင်းကို၊ ကာယဆိုဘိ၊ စိတ်၏အေးမြ၊ ဖြစ်ကြောင်းပြ စိတ္တပဿဒ္ဓိ။

၃၇၊ ကာယလဟုတာ
၃၈၊ စိတ္တလဟုတာ
ထိနမိဒ္ဓ၊ ပဋ္ဌာနပေ၊ များကိလေရိပ်၊ မယှဉ်ဆိတ်သဖြင့်၊ စေတသိက်ပေါင်း၊
လျင်မြန်ကြောင်းကို၊ ကာယဆိုဘိ၊ စိတ်၏လျင်စွ၊ ဖြစ်ကြောင်းပြ၊
စိတ္တလဟုတာတည်း။

၃၉၊ ကာယမုဒုတာ
၎ဝ၊ စိတ္တမုဒုတာ
ဒိဋ္ဌိမာန၊ ပဋ္ဌာနပေ၊ ကိလေသာစု၊ မယှဉ်မှုကြောင့်၊ နူးညံ့ပျောင့်ပျောင်း၊
စေတသိက်ပေါင်းကို၊ ကာယဆိုဘိ၊ စိတ်၏နုစွ၊ ဖြစ်ကြောင်းပြ၊ စိတ္တမုဒုတည်း။

၄၁၊ ကာယကမ္မညတာ
၄၂၊ စိတ္တကမ္မညတာ
ကာမစ္ဆန္ဒ၊ ပဋ္ဌာနပေ၊ ကိလေသာဓာတ်၊ ကင်းစင်လတ်သဖြင့်၊ များမြတ်စုစု၊
ကုသိုလ်မှုဝယ်၊ ခံ့ထယ်ဘိတောင်း၊ စေတသိက်ပေါင်းကို၊ ကာယဆိုဘိ၊
စိတ်၏ ခံ့စွ၊ ဖြစ်ကြောင်းပြ၊ စိတ္တကမ္မဉ်တည်း။

၄၃၊ ကာယပါဂုညတာ
၄၄၊ စိတ္တပါဂုညတာ
အသဒ္ဓိယ၊ ပဋ္ဌာနပေ၊ ကိလေသာဓာတ်၊ ကင်းစင်ပြတ်သဖြင့်၊ များလတ်သီးသီး၊
ကုသိုလ်ပြီးဖို့၊ ပွန်းတီးလေ့လာ၊ မကျင်နာတောင်း၊ စေတသိက်ပေါင်းကို၊
ကာယ ဆိုဘိ၊ စိတ်၏လေ့လာ၊ မကျင်နာစွ၊ ဖြစ်ကြောင်းပြ၊ စိတ္တပါဂုဉ်တည်း။

၄၅၊ ကာယုဇုကတာ
၄၆၊ စိတ္တုဇုကတာ
မာယာ-သာဌေယ၊ ပဋ္ဌာနပေ၊ ကိလေသာဓာတ်၊ ကင်းစင်လတ်သဖြင့်၊
ဖြောင့်မတ်ဘိတောင်း၊ စေတသိက်ပေါင်းကို၊ ကာယဆိုဘိ၊
စိတ်၏ဖြောင့်စွ၊ ဖြစ်ကြောင်းပြ၊ စိတ္တဥဇုတည်း။

၄၇၊သမ္မာဝါစာ၊
အသက်မွေးဖွယ်၊ မဆက်သွယ်ဘဲ၊ နှုတ်ဝယ်ဖြစ်ထိုက်၊
ဒုစရိုက်လျှင်၊ စွန့်ပယ်ကြဉ်၊ ခေါ်တွင် သမ္မာဝါစာတည်း။

၄၈၊ သမ္မာကမ္မန္တ၊
အသက်မွေးဖွယ်၊ မဆက်သွယ်ဘဲ၊ ကိုယ်ဝယ်ဖြစ်ထိုက်၊
ဒုစရိုက်လျှင်၊ စွန့်ပယ်ကြဉ်၊ ခေါ်တွင် သမ္မာကမ္မန္တတည်း။

၄၉၊ သမ္မာအာဇီဝ၊
အသက်မွေးမှု၊ ကိုယ်နှုတ်ပြုဖို့၊ ရှေးရှုတိုက်ရိုက်၊
ဒုစရိုက်လျှင်၊ ပယ်ရှောင်ကြဉ်၊ ခေါ်တွင် သမ္မာအာဇီတည်း။

၅ဝ၊ ကရုဏာ၊
ဒုက္ခိတလျှင်၊ သတ္တဝါမြင်သော်၊ သူတော်စင်များ၊ စိတ်ခြောက်ခြား၍၊
သနားသမှု၊ လှုပ်အောင်ပြု၊ မှတ်ရှု ကရုဏာတည်း။

၅၁၊ မုဒိတာ၊
သုခိတလျှင်၊ သတ္တဝါမြင်သော်၊ သူတော်စင်များ၊ ဝမ်းမြောက်ငြား၊
မှတ်သား မုဒိ သဘောတည်း။

၅၂၊ ပညာ၊ (အမောဟ)
သူငယ် အသပြာ၊ မြင်သောအခါ၌၊ ညိုဝါအရွှေ၊ သိလေမှန်စွာ၊ အသပြာဟု၊ သေချာမသိ၊ ဂါမိကဟူ၊ ရွာသူမူကား၊ ဖြူဝါတစ်ထွေ၊ ညိုရွှေ၎င်း၊ တစ်ကြောင်း အသပြာ၊ သိရုံသာတည်း၊ တန်ရာအဂ္ဃ၊ မည်မျှအဖိုး၊ သိရိုးမရှိ၊ ဟေရညိက၊ နာမအမည်၊ ပန်းတိမ်သည်ကား၊ တပါးမကြွင်း၊ ခပင်းဥဿုံ၊ အလုံးစုံကို၊ အကုန်မှန်စွာ၊ သိလေရာ၏၊ သညာ ဝိညာဏ်၊ ပညာယှဉ်လျက်၊ ဤသုံးချက်နှင့်၊ ယထာက္ကမ၊ တူလေစွဟု၊ မိန့်ဟ ဋီကာဆိုသတည်း။

ဆရာတော် အရှင်ဇနကာဘိဝံသ၊ မဟာဂန္ဓာရုံ။

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

လွန်လေပြီးသော ဆယ်စုနှစ်များက သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ် ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။ သို့သော် သူတို့ စိတ်ကူးယဉ်မှုများမှာ အမှန်တကယ် ဖြစ်လာကြသည်ကို တွေ့နေရသည်။ ယခုလည်း ပညာရေးတွင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

များမကြာမီကာလတွင် ဂျပန် သုတေသီများက ကျောင်းသင် ဘာသာရပ်မျိုးစုံကို စာမေးပွဲဝင်ဖြေနိုင်မည့် စက်ရုပ်နှင့် AI မှတ်ဥာဏ်ကို တီထွင်လိုက်ပြီဖြစ်သည်။ ဂျပန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီး ၀င်ခွင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ရန် ယုံကြည်နေကြသည်။
၂၀၁၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်သို့ ၀င်ခွင့်စာမေးပွဲကို အမှတ်များများဖြင့် အောင်မြင်နိုင်စေရန် ဖူဂျစ်ဆုနှင့် ဂျပန် အမျိုးသား သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က မျှော်လင့်ထားသည်။
စက်ရုပ်သည် မေးခွန်းများကို စိစစ်တွက်ချက်ခြင်း၊ သရုပ်ခွဲခြင်းတို့လုပ်ဆောင်ရန် မေးခွန်းလွှာပါ ပုံသေနည်းများနှင့် ညီမျှခြင်းတို့ကို စက်ရုပ်ဘာသာစကား အက္ခရာသင်္ချာသို့ ပြောင်းလဲရမည် ဖြစ်ကြောင်းသိရသည်။
လူသားများ နားလည်သည့် ဘာသာစကားကို စက်ရုပ်အနေဖြင့် နားလည်ရန် အခက်အခဲတော့ ရှိနေသေးသည်။
မောက္ခသိပ္ပံနှင့် နည်းပညာသတင်း
Source: AFP

ဆက်ဖတ်ရန်
ပို့စ်တင်သူ ။.............။ မောင်သိရီ on
0 ( မှတ်ချက်ရေးချင်ရင် )
ခေါင်းစဉ်အလိုက်ပို့စ်များ |

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု