MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အဲဒီလောက်ရှည်တဲ့ တာဘောင်ကြီးကျိုး သွားလောက် တဲ့အထိထန်တဲ့ လှိုင်းကလဲ...ဘယ်လောက် ပြင်းမလဲ တွေးကြည့်ပေါ့….လယ်ကွင်းတွေ ကြည့်မဆုံးဘူး တွေ့တဲ့ကောက်ရိတ်သူမ တယောက် ကို မေးကြည့်တော့ နွားစားဖို့ရိတ်တာပါ၊လယ်အားလုံးကတော့သုည်းသွားပြီ၊ ဧကပေါင်းအများကြီးပဲ..အဲဒီအနီးနားကဘုန်းတော်ကြီး တပါးကိုမေးကြည့်တော့ အမြင့်(၈)ပေခွဲရှိတဲ့ကျောင်း ရေပ်ါမှာ(၆)လက်မလောက်ပဲ ကျန်တယ် လို့ပြောတယ်.. ဒီရပ်ကွက် မှာ အိမ်ခြေ ဘယ်လောက်ရှိလဲ မေးတော့ ၄၀၀ ကျော်တဲ့……တခြားရပ်ကွက်တွေကော ပါသေးလားဆိုတော့ ဟိုတစ်ဖက် အစွန်ရပ်ကွက်ကလဲ ဒီလိုပဲ တဲ့…..အကူညီတွေ ဘာရလဲ ဆိုတော့ ၊ ဆန် (၆) လုံးရယ်၊ တချို့ တာပေါ်လင် ၆ ပေ၊ ၁၀ ပေ တစရယ်၊ ရေသန့်နည်းနည်းရယ်၊ ဒါပဲ တဲ့ သူတို့တွေ နေတဲ့ အိမ်တွေကြားထဲ ရေအိုင်ကြီးလိုလို ဖြစ်နေတယ် ရေတွေက ဒီလိုပဲလားဆိုတော့ ခုမှ ၀ပ်ကျန်ခဲ့တာ တဲ့…..ဆားငန်ရေတွေ ဆိုတော့ ပုပ်ကုန်ပီ ခေါင်မိုးက မလုံ နေ့ခင်းဆိုပူ၊ ညဆို နှင်းတွေယို၊အဖိုးအို အဖွါးအိုတွေ ဆို ဘယ်လို နေမလဲ……တချက်ကလေး တွေးကြည့်မိတော့..လေပူကို ခပ်ပြင်းပြင်းလေးသာ ရှိုက်မိသွားတယ်….. စကားသံအဖြစ် တော့ ဘာမှ ထွက်မလာဘူး ကိုယ်ကိုယ်တိုင်က ဘာမှ မဟုတ်တော့ ဘာမှအဖြေမရဘူး ၊ လိုက်က်ပြပေးတဲ့ ရပ်ကွက်သားတယောက်ကို ပြန်လှည့်ကြည့်မိတော့ အကျီ င်္ ဗလာ ကျင်းနဲ့ သမီးလေးကို ချီကာ အားငယ်နေတဲ့ ညှိုးရော်ရော် မျက်နှာလေးပေါ်မတော့ ကိုယ်ချင်းစာတဲ့ လက်တဖက် ပေါ်လာလို့ အားရှိပုံလေးကိုရေးရေးလေးတွေ့ရပြန်တယ်၊ သမီးလေးကို မုန့်ဝယ်ပေးရင်း သားအဖနှစ်ယောက်ကို ဓာတ်ပုံရိုက်တော့ပျော်နေလိုက်တာကျေးဇူးတင်ပါတယ်လို့စကားဆိုတော့ရ ပါတယ် ကိစ္စမရှိပါဘူးအကူညီလိုရင်ပဲ ပြောပါ…ဆိုပြီး သူ့ခမျာ ကျေနပ်နေပုံလေး ကို အမှတ်ရမိပါသေးသည်။
တကယ်လှူဖြစ်တော့လဲ ငွေပမာဏသာ များ၍ လက်ခံရသော လူထုအတွက် အလွန်နည်းသော ပမာဏမျှလောက်သာ မိမိတို့ကပေးကမ်းနိုင်သည်။ လိုအပ်ချက်တွေက မေးမကြည့်လိုက်နဲ့ အများကြီးဆိုမှ အများကြီးပါ၊ နဂိုချို့တဲ့ တဲ့ ဘ၀တောင် နာလန်မထသေး၊ ကြမ္မာဆိုးကြီးကထပ်ဝင်၊ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ တောင်တွေးမရဘူး ၊ ငေးကြည့်နေကြတဲ့ခလေးငယ်တွေရဲ့ မျက်ဝန်းတွေက အထင်တကြီး ဖြစ်လွန်းနေတယ်။ ကင်မရာလဲ မမြင်ဖူးဘူး ထောင်တန် အထပ်လိုက်ကြီးလဲ မမြင်ဖူးဘူး၊သူတို့တွေလဲ ဒီလို လှူနိုင်သူတွေ ဖြစ်ချင်ကြမှာပဲလို့ တွေးမိတော့ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေအားလုံးကို လေးစားမိပါသေးတယ်။
ရင်မောခဲ့ရတဲ့ ခံစားမှုလေး နဲ့ပဲ အဲဒီနေ့ ညမှောင်မှောင်ကြားထဲမယ် ချိုင့်ခွက်တွေပေါ ဒလိမ့်ခေါက်ကွေးများ၊ လဲကျတော့မလားလို့ စိတ်တထင့် ထင့် နဲ့ သူများနိုင်ငံ မီးထိန်ထိန် လင်းနေပုံလေးကို တွေးမိတော့ ပြုံးမိသွားသည်၊မချိပြုံးသာဖြစ်ပါသည်။

ရှေ့ဆက်ရန်...ရှိသေးသည်။

.............
ရေးသားသူ
ဂရုဏာ

ပို့စ်တင်သူ ။.............။ ( MMSA ) on Wednesday 5 January 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု