MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အဲဒီအတွက် မတည်ငွေ တသိန်းလှူခဲပြီးတော့ ချက်ချင်းကို ပြန်လာခဲ့ကြတယ် အပြန်မှာတော့ ရေပြည့်ချိန်မို့ ပဲ့ချိတ်ကလေး တစင်းနဲ့ လိုက်ပို့တယ် ညကလဲမှောင်လိုက်တာ ပိန်းပိန်းပိတ်၊ လက်နှိပ်ဓာတ်မီးအရောင်လေးနဲ့ လာကြရတယ်။ ဆိပ်ကမ်းတံတားမှာစက်လှေခေါင်မိုးကသေးတော့ တခြားစက်လှေကြီးတစီးပေါ် တက်အိပ်ကြရ တယ်။
မနက်လေးနာရီထိုးတော့နိုးပြန်ပီ ဘယ်သူမှတ်လဲ ထီဆရာပဲ.”ထတော့ မနက်လင်းပီ” တဲ့ခရီးဆက်ကြတယ် လမ်းကလဲမသိ ညကလဲမှောင်လမ်းမှာကျောက်ဆောင်တွေလဲပေါ ဆိုတော့လမ်းပြတယောက်အကူညီယူကြရ တယ်။ မနက် (၈) နာရီခွဲလောက်မှာ ပြင်ဝန်းရွာနဲ့ ကိုက် ၃၀၀ ဝေးမယ်ထင်တာပဲ တောင်မော်နားလေးမှာ စက်လှေကဘယ်လိုမှမောင်းလို့မရတော့ဘူး စက်ကိုတင်လေငြိမ်လေစက်လျှော့လိုက်ရင်နောက်ဆုပ်သွားတယ်။ မိနစ် ၃၀ လောက်မောင်းနေလိုက်တာဘာမှ အရာ မထင်ဘူး နောက်တော့ ဦးခင်အေးရဲ့ ညဏ်နီ ညာဏ်နက်နဲ့ စက်လှေကို ဟိုလိုလှည့်လိုက် ဒီလိုလှည့်လိုက် လုပ်ပီး မောင်းမှ တရွေ့ရွေ့လွတ်သွားတယ် အဲဒီတုန်းကသာ လေနည်းနည်းလောက်တိုက်ပီး လိုင်းလေး ပေါ်လိုက်လို့ကတော့ ပြန်တွေးကြည့်ပြီး ပြောဖြစ်ကြသေး ၊ ရွာကိုရောက်တော့ ပစ္စည်းတွေသယ်ဖို့ကိစ္စကို ဦးခင်အေးကိုလွှဲလိုက်ကြပြီးတော့ဘုန်းတော်ကြီးကျောင်းသို့ သွား ကြတယ် ကျောင်းကတက်လမ်းပိတ်နေတယ်၊ ခေါင်မိုးမှာလဲ အမိုးမရှိဘူး ကြယ်မြင်လမြင်ပဲ ဆရာတော်ကတော့
ဒီသိမ်သာ မရှိခဲ့ရင် အဲဒီနေ့ မိုးနဲ့ လေ အရှိန်ကြောင့် အားလုံး သေသွားနိုင်တယ် လို့ ပြောပြတယ်။ ဆရာတော်ကို ၀တ္ထုလှူပီးတော့ ရွာတပတ်လှည့်ကြည့်ကြတော့ အားလုံးက ပြောင်တလင်းနေတာပဲ၊ တချို့လူတွေကသစ်မရှိလို့ကွမ်းသီပင်တွေကို ခုတ်ညပီးတော့ ကုံးညားတွေ လုပ်နေကြတာ တွေ့တယ်၊အားလုံး ကတော့မြေကြီးပေါ်မှာပဲနေကြတယ်ခလေးတွေကဖုန်အလူးလူးနဲ့ကျန်းမာရေးဆေးပေးခန်းလဲတာပေါ်လင်အမိုး နဲ့ပဲ ယာယီလုပ်ထားရတာတွေ့တယ်။ သစ်ပုံတွေ ပေါ်တက်နင်းသွားရတာ သံစူးမှာတောင်ကြောက်ရတယ်။ အဲဒီဒေသမှာတာဝန်ကျတဲ့ မြန်မာ စစ်တပ်အရာရှိ တပ်ရင်းမှူးကို အလှူလာလုပ်ကြောင်း အကြောင်းကြားတော့ လိုအပ်တာတွေနဲ့သူတို့လဲဝိုင်းကူပါကြောင်း၊လာလှူပေးကြတာကောင်းမွန်ပါကြောင်းပြောပြတယ်။ ပိုက်ဆိပ်၊ပြင်ချောင်း၊ပြင်ဝန်းအုပ်စုတခုလုံးအတွက်တနေရာတည်းလူစုလိုက်ပီးတော့လှူကြတယ်။တခွက် ဆွမ်း ယူလာ ကြတဲ့ဟင်းပေါင်းစုံဆွမ်းဝိုင်းကလဲ အဲဒီနေ့လည်အတွက်တော်တော်ပဏာရတယ်။ ဆွမ်းကိစ္စပြီးတော့ လမ်းတလျှောက်နဲ့ မုန်တိုင်းတိုက်တုးက ရထားလိုက်တဲ့ပုံတွေ ရှာလာတာကို ပြတော့ Lep top ကိုဝိုင်းအုံကြည့် ကြတော့ဦးက၀ိန်လေးခမျာအမှောင်နည်းလို့ သင်းပိုင်လေး ကာပီးတော့ ပြရရှာတယ်၊ အဖွါးကြီးတွေကို ဟိုသည် မေးကြည့်တော့ သူတို့ဘ၀မှာ ဒီမုန်တိုင်းလို အခါလွန်မှ ဖြစ်တာ ဆိုးကျိုးများတာ မတွေ့ဖူးဘူးတဲ့ ဘာမှ မကျန်တော့ပါဘူး တဲ့။ တကယ်လဲ ဘာမှ မကျန်တော့ဘူး စက်လှေ အပိုင်းအပြတ်တွေ၊ အိမ်တိုင်ငုတ်တိုတွေ အမှိုက်ပုံတွေပဲ ရှိတယ် တောင်ကြားမြောင်ကြားထဲကို လှိုင်းအဟုန်လေ အဟုန်နဲ့ ပါသွားတဲ့ လှေတွေကတော့ ရေထဲပြန်ရောက်စရာအကြောင်းမရှိတော့ဘူး ၊ကမ်းနားပေါ်တင်သွားတဲ့စက်လှေအချို့ကိုတော့ ပြန်ပြင်ပြီး ရေချနေကြတာတွေ့ရတယ်။


ရှေ့ဆက်ရန်...ရှိသေးသည်။

.............
ရေးသားသူ
ဂရုဏာ

ပို့စ်တင်သူ ။.............။ ( MMSA ) on Monday 10 January 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု