မျိုးသန့် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၁ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် စနေနေ့မှစ၍ နှစ်ရက်တာ အအေးလှိုင်းတခု ဝင်ရောက်နိုင်သည်ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။
ပုံမှန်အပူချိန်၏အောက် မာကျူရီပြဒါးတိုင်တွင် ၄ံCမှ ၆ံCလျော့ကျသွားနိုင်သော အအေးလှိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာမှာဖြစ်သည်ဟု ဦးထွန်းလွင်က ပြောသည်။
utunlwin
မိုးလေဝသပညာရှင် ဦးထွန်းလွင် (photo:: www.tunlwin.com)
ရခိုင်ပြည်နယ်၏ နှင့် ချင်းပြည်နယ်တို့၏ ယနေ့ အမြင့်ဆုံးအပူချိန်မှာ ၁၈ံC (၆၄.၄ ဖာရင်ဟိုက်) မှ ၂ဝံC (၆၈ ဖာရင်ဟိုက်) အသီးသီးဖြစ်သည်။
ဒီဇင်ဘာလ အတွင်းက ဝင်ရောက်ခဲ့သော အအေးလှိုင်းတခုကြောင့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်နှင့် မူဆယ်ခရိုင်တွင်း လူ ၄ ဦး သေဆုံးခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အအေးလှိုင်းကျရောက်မှု ယမန်နေ့အထိ ရှိနေခဲ့ပြီး ကလကတ္တားတွင် ၇ နှစ်တွင်း အအေးဆုံးအဆင့်ဖြစ်သည်။ ဥတာပရာဒေ့ရှ် ပြည်နယ်တွင် ၁ံC (၃၃.၈၇ ဖာရင်ဟိုက်) သို့ ယမန်နေ့က ရောက်ရှိကာ လူ ၁၃ ဦးသေဆုံးပြီး အအေးလွန်ကဲမှုကြောင့် ယခုဆောင်းတွင်း တခုလုံးတွင် သေဆုံးသူစုစုပေါင်း ၁၃ဝ ခန့်ရှိသွားပြီ ဖြစ်သည်။
တပ်ခ်ျမဟာတည်ရှိရာ အဂ္ဂရာတွင် ၁ံC(၃၃.၈၇ ဖာရင်ဟိုက်) သို့ရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ယမန်နေ့မှစ၍ အအေးလှိုင်းဒဏ် ခံနေရသည်။
..............
မဇ္ဈိမသတင်း
0 ( မှတ်ချက်ရေးချင်ရင် )