MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

မနက်ဝေလီဝေလင်းအချိန်မှာနယ်ကိုခရီးဆက်ဖို့စောစောအိပ်ရာကထ,မျက်နှာသစ်ပြီးတော့ဆိုက္ကားခေါ်အထုတ်
အပိုးတွေပြင်ကြဆင်ကြတယ်။ ကျောက်ဖြူဆရာတော်ကတော့အလုပ်အများဆုံးပဲမနက်ဆွမ်းတွေစီစဉ်၊ သူ့ ကျောင်းကဆရာလေးတွေကျောင်းသူလေးတွေလည်းညအိပ်ပျက်ကြရတာပေါ့အထူးသဖြင့်ထီဆရာတယောက်အစောကြီးနိုးနေတာကပြဿနာ၊လေးနာရီအိပ်ရာထကြမယ်ပြောထားတာကိုသုံးနာရီလောက်ကတည်းကလာနှိုးတော့ညကလဲခရီးရောက်ရောက်ချင်းမြို့ဆင်ခြေဖုံးရပ်ကွက်တွေတွင်းလမ်းလျှောက်ထားရတာဆွေးနွေးအစီစဉ်ချတာနဲ့ညနက်မှအိပ်ရာဝင်ရတာနဲ့ဆိုတော့အဲဒီမနက်အိပ်ရာထရတာတော်တော်ခက်ခဲပါတယ်၊ဒါပေမဲ့အလှူ သွားလုပ်မယ်ဆိုတဲ့အသိလေးကြောင့် တက်ကြွနေတယ်။ စက်လှေဆိပ်ကိုရောက်တော့ စက်လှေကူညီတဲ့ ဦးခင်အေးက အဆင်သင့်စောင့်နေလေတယ်။ သူလဲ မအေးဘူး အစောကြီး ရေစစ်ဆိုတော့ သူ့စက်လှေကို ညကတည်းက ရေနက်နိုင်တဲ့နေရာဆီရွှေ့ထားရတယ် အဲဒါနဲ့ လောင်းသေးသေးလေး တစီးနဲ့ စက်လှေကြီးဆီ သွားကြရတယ်။အားလုံးအဆင်သင့်ဖြစ်တော့ကျောက်ဖေါ်ပြီးတော့ခရီးစထွက်ကြတယ်။
မနက်လေနုအေးကချမ်းစိမ့်စိမ့်နဲ့ရခိုင်ပြည်ရဲ့ဆောင်းအရသာကိုခံစားယင်းအတွေးကတော့ဂီရိခြေရာ လေးတွေရှာဖွေတွေးနေမိတယ်…..။ တရွေ့ရွေ့ခုတ်မောင်းနေသောမော်တော်ထက်မှမြင်ရသောမြင်ကွင်း တွေက အားလုံး ပြောင်တလင်းလို့ပဲ ပယ်လင်ပြင်ကြီးထဲဟိုတစုသည်တစုခေါင်းပြုကြည့်နေကြသလိုတောင်တွေအားလုံးဟာအမှိုက်ပုံဖြစ်နေတယ်။ နေရောင်ထွက်လာတော့ မနက်ဆွမ်းစားကြတယ် ပဲဟင်းရည် ငါးခြောက်ကျော်ချက်နဲ့ ဒေသအခေါ် ရွှေထမ်ငးကတော့မြိန်လိုက်တာကမှသတိတရပဲ၊ စားပြီးတော့ကျောက်ဖြူဆရာတော် မမေ့မလျော့သယ်လာတဲ့ tea mix သောက်ကြရပြန်တယ် ၊ “အားလဲနာတယ် ဒါပေမဲ့သောက်လိုက်တော့မယ်” ပြောတော့ ထီဆရာကြီးက သူမျက်မှန်အသာလေးပင့်ပီးကွမ်းသက်တန်း ရင့်သန်တဲ့ သွားဖွေးဖွေးတွေ ပေါ်အောင် ပြုံးယင်း ဘုန်းကြီးတွေက ဒီလိုပဲ တဲ့...သူ့ဆရာ ကျောက်ဖြူဘုန်းကြီး မျက်စောင်းပစ်တော့ သူကတခါ ပြန်ပြောပြန်တယ် “ဒဲ့ပြောရင်လဲ ဒီလိုပဲ”တဲ့အားလုံးပြုံးဖြစ်ကြပါသေးသည်။
၉းနာရီခွဲလောက်မှာပင်လယ်ထဲကတောင်ကျွန်းလေးတစ်ကျွန်းပေါ်တက်ပီးစက်လှေဆရာဟင်းသွားဝယ်တော့ခလေးတွေအတွက် သကြားလုံးတွေ ပေးလိုက်ကြတယ် ခလေးတွေ ပျော်ရွှင်ကြတာ အဝေးက လှမ်းမြင်ရတယ် ကျွန်းကပြန်လာတော့ အသီးအနှံနဲ့ကမ္ဘာ့ရှားပါး ရေငါးတမျိုးကို လှူလိုက်ကြတယ် ငွေပေးလို့မရပါဘူး သူတို့က အရှင်ဘုရားတိုကို ရွာပေါ်ကြွပီးဆွမ်းလက်ခံစေချင်ကြတာဘုရားတဲ့ ။ နေ့လည် ၁၂ နာရီမှာ ကမ်းထောင့်ကြီးကို ရောက်ကြပြီးတော့ဆန်နှင့် ဓနိများအဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားပေးသူ ဦးခင်ထွန်းနှင့်ဇနီးတို့မှ တဆင့်ကျ သင့်ငွေများ ပေးချေပြီး ။ တပ်ရွာသို့ ခရီးဆက်ကြတယ် ရေလမ်းကြောင်းဖြင့် သွားနိုင်ပေမဲ့ တာဘောင်ဆည်ထားတော့ လှေဖြတ်မရဘူးဖြစ်တယ် အဲဒါနဲ့ပဲ ခြေကျင်လျှောက်ခဲ့ကြရတယ် ၂ နာရီလောက် ခရီးကို ရွှံ့တော ဘွတ်တောထဲ ဆင်းလိုက် ရေတွေကူးလိုက် ခရီးဆက်ကြရတယ် ချောင်းလေးတခုတွေ့တော့ လှေသမားကို အော်ခေါ်ယူရတယ် လှေစီးဖို့ ဆင်းရတာ ဘွတ်ထူတော့ အ၀တ်တွေ ကွန်ပျူတာ အိတ်တွေ ငွေထည့်ယူလာတဲ့အိတ်တွေအားလုံးဗွတ်ပေကုန်ပါလေရောချက်ချင်း ရေနဲ့ဆေးတော့ တယောက်ကပြောတယ် ဆွေးသွားလိမ့်မယ်ဒီရေကရေငံနော် တဲ့။နေတော်တော်လေးစောင်းမှရွာထိပ် တောရကျောင်းလေးကို ရောက် ကြတယ်ရွာလူကြီးတချို့ကြိုနေတာတွေ့ရတယ်။သူတို့ကတရွာလုံးမှာရေကန်မရှိတော့ဘူး ရေသောက်လို့မရ တော့ဘူး၊တောကျောင်းလေးကတွင်းငယ်လေးကိုသာမှီခိုနေရကြောင်း ပြောပြကြတယ် သွားကြည့်တော့လဲ တကယ်နောက်နေလိုက်တဲ့ ရေက မြေခဲကို အရေဖျော်ထားတဲ့ အတိုင်းပဲအဲဒီရေကိုသောက်ကြရတယ်တဲ့…ရင် တော့ မောသွားတာပဲ ရွာကိုဝင်တော့ တီးသံမှုတ်သံလေး ကြားရတာ ဘာလဲလို့မေးတော့ သူတို့ သတင်းမကျွတ်ရသေးဘူးဆရာမကန်တော့ကြရသေးဘူးတဲ့အဲဒါနဲ့ဒီနေ့လုပ်ကြတာလို့ပြောပြကြတယ်။ ဘုန်းတော်ကြီးကျောင်းသို့ ရွာထဲက ဖြတ်သွားရတော့ အဲဒီရွာကိုကာထား တဲ့ ရေကာတာကြီးကျိုးပြီး အိမ်တွေ ကြားထဲဝင်တဲ့ရေတွေဟာခုထိကိုမခမ်းသေးပဲရှိနေတာတွေ့ရတယ။ရေပုပ်ကိုလှောင်ထားသလို ဖြစ်နေတဲ့ကြား ထဲမှာ အိမ်တွေကတော့မြင်မကောင်းစရာပဲ။

ရှေ့ဆက်ရန်...ရှိသေးသည်။

.............
ရေးသားသူ
ဂရုဏာ

ပို့စ်တင်သူ ။.............။ ( MMSA ) on Thursday 6 January 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု