MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

မျိုးသန့် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ဂီရိမုန်တိုင်းသင့် ရခိုင်ဒေသများတွင် စက်လှေနှင့် ငါးဖမ်းပိုက်များ ပိုမိုကူညီရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြောသည်။

“အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက အဓိက ရေလုပ်ငန်းပေါ့။ ရေလုပ်ငန်းလုပ်မှ ဝင်ငွေတချို့ ရမယ်။ အဲဒီလို ရတော့မှ အဆင်ပြေကြမယ်။ အဲဒါ မိုးမကျခင်တော့ ရေလုပ်ငန်းအတွက် ကူရမယ်ပေါ့။ လောလောဆယ် ရေလုပ်သားတွေအတွက် လှေတွေ၊ ပိုက်တွေကို အရစ်ကျ ပေးသွင်းဖို့ပဲဖြစ်ဖြစ်၊ ရေရှည်ဆပ်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် အပိုင်မပေးရင်တောင် အဲဒီလို လုပ်ပေးမှ ဖြစ်မယ်လို့ ထင်တယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သည့် ဂီရိကြောင့် ရခိုင်ကမ်းရိုးတန်းဒေသရှိ ငါး၊ ပုဇွန်မွေးမြူကန် ဧက ၅ဝ,ဝဝဝ ခန့်နှင့် ငါးဖမ်းစက်လှေများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (UN-OCHA) မြန်မာနိုင်ငံ၏ ယမန်နှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် အစီရင်ခံစာ အမှတ် ၅ တွင် ဖော်ပြထားသည်။

တနာရီလျှင် ၁၂ဝ မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ်များတွင် အထိအခိုက် များခဲ့ပြီး၊ မြေပုံမြို့တွင် ရေလုပ်ငန်းဆိုင်ရာ ဆုံးရှုံးမှု ၉ဝ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ရန်ကုန်အခြေစိုက် မြန်မာပို့စ်သတင်းဂျာနယ်ကို ဖြေကြားခဲ့သည်။

မြေပုံမြို့နယ်တွင် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းစက်လှေ အစီး ၂ဝဝ နှင့် စက်မဲ့လှေ အစီးပေါင်း ၁,၃ဝ၃ စီး၊ စုစုပေါင်း ၁၅ဝ၃ စီး ရှိရာ ဆုံးရှုံးမှု အများဆုံးဟုလည်း ဆိုသည်။

“ရွာတွေမှာက ပိုဆိုးတယ်။ အဲဒီတော့ လှေတွေ၊ ပိုက်တွေဆိုတာကလည်း နည်းနည်းပါးပါး ကျန်နေတဲ့ လူတွေက လုပ်ကိုင်စားသောက်ကြတာ။ သူတို့ဆီမှာ ပင်လယ်ကိုထွက်နိုင်တဲ့ လှေတစင်းကလည်း ၆ သိန်း ၇ သိန်းလောက် ရှိတယ်။ ဒါတွေကို လုပ်ဖို့လည်း သူတို့မှာ အရင်းအနှီး မရှိကြဘူး” ဟု ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

UN-OCHA ၏ အမှတ် ၅ အစီရင်ခံစာတွင် ဂီရိမုန်တိုင်းကြောင့် အနည်းဆုံး ၄၅ ဦး သေဆုံးပြီး၊ ၇ဝ,၉၇၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေအိမ် ၁၅,ဝဝဝ ခန့် ပြိုကျခဲ့သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ အိမ်များမှာ  ၃ လကျော်ကြာမြင့်သည်အထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဟု ဆိုသည်။

“အခုက မြို့ပေါ်ရပ်ကွက်တွေမှာတောင် အိမ်တွေက ပြန်မဆောက်နိုင်ကြသေးဘူး။ ပိုက်ဆံနည်းနည်းရှိတဲ့ လူတွေလောက်ပဲ အိမ်တွေ ပြန်ဆောက်နိုင်ကြတာ။ ကျန်တဲ့ ဆင်းရဲတဲ့ လူတွေကတော့ အိမ်တွေ လုံးဝ ပြန်မဆောက်နိုင်ကြသေးဘူး” ဟု သူက ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် စစ်တွေခရိုင်တွင် စာသင်ကျောင်း ၃ဝဝ ခန့်နှင့် ကျောက်ဖြူခရိုင်တွင် ၅ဝ ကျော် ပျက်စီးခဲ့ရပြီး ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသေးသည်။ လန်ဒန်အခြေစိုက် Save The Children အဖွဲ့မှ ကျောင်းပေါင်း ၂၁ ကျောင်းကို ကူညီရန်နှင့် အဆိုပါ ကျောင်းများထဲမှ ၇ ကျောင်းကို အမြဲတမ်း ကျောင်း (စောင့်ကြည့်) အဆင့်သို့ တိုးမြှင့်ပေးမည်ဖြစ်ပြီး ကျန် ၁၄ ကျောင်းကိုမူ ယာယီ သင်ထောက်ကူ ကျောင်းများအဖြစ် ဆောင်ရွက်သွားမည်။

ထို့ပြင် ကျောင်းသုံးပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကိုလည်း ထပ်မံတိုးချဲ့ကူညီသွားရန် အစီအစဉ်ရှိသည်ဟု ယခုလထုတ် UN-OCHA ၏ အစီရင်ခံစာက ဆိုသည်။

“ရွာတိုင်းလိုလိုမှာ စာသင်ကျောင်းတွေကတော့ အကုန်ပျက်စီးတယ်။ အစိုးရကျောင်းတွေကိုတော့ အစိုးရကနေ ကုမ္ပဏီတွေကို အပ်ပြီးတော့ ကျောင်းတွေ ဆောက်နေပြီ။ ကျောက်ဖြူ၊ မြေပုံမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ Foundation တွေ ချနေတာကို  တွေ့တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ယခုလ ၁ဝ ရက်နေ့ထုတ် UN-OCHA အစီရင်ခံစာတွင် ၃ လ အရေးပေါ်  ကယ်ဆယ်ရေး လုပ်ငန်းအတွင်း မြေပုံတွင် ၁၁၃,၅၉၆ ဦး၊ ပေါက်တောတွင် ၄ဝ,၃၂၅ ဦး၊ ကျောက်ဖြူတွင် ၇၁,၇၈၇ ဦး၊ မင်းပြားတွင် ၂၇,၉၇၅ ဦးတို့ကို စားနပ်ရိက္ခာထောက်ပံ့မှု ပေးခဲ့သည်ဟု ဖော်ပြထားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လေဘေးသင့်သူများအတွက် အလှူငွေ ကျပ်သိန်း ၁ဝဝ ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လှူဒါန်းခဲ့သေးသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း မုန်တိုင်းသင့်များ ကူညီရန်အတွက် သူအပါအဝင် ဝါရင့်နိုင်ငံရေးသမားကြီးများ၊ CRPP အဖွဲ့ဝင်များ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ် (မြန်မာ) ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်အချို့ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတကာသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၅၇ သန်း လိုအပ်ရာ ၂၂ သန်းသာ ရရှိသည်ဟု ဦးအေးသာအောင်က ပြောသည်။

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Tuesday 15 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု