နေ့လည် ၁၂ နာရီခွဲမှာ ခရီးပြန်ထွက်ကြတယ် ကျွန်းသာယာ ငပသုန်ကိုပေါ့လေ၊ လမ်းမှာ ရွာတရွာတွေ့တ အိမ်ခြေက ၂ ဆောင်စက်လှေ အပိုင်းအပြတ်တွေတော့တွေ့တယ် တခြားအိမ်တွေကောလို့ မေးတော့ သွားပီတဲ့ အဲလိုနေရာမျိုးမှာ မနေရဲတော့ဘူးပေါ့၊ လှူချင်တာစက်လှေကလဲကပ်လို့မရလှေကလဲမရှိ နောက်ဆုံး မထူးပါဘူး ဦးခင်အေးရေ ကမ်းနားနီးနီးသာ ပြန်မောင်းလို့ ပြောပီး ငွေလှူခဲ့ရတယ်။ ပါလာတဲ့ ကြွတ်ကြွတ်အိပ်လေးမယ် ပိုက်ဆံကိုထည့်၊ နံ့သာတိုင်အိပ်ကို အရှည်ကြီးငင်ပြီးတော့ ထင်းချောင်းနဲ့ပူးချည်၊ လှေဦးက ရပ်ပြီးတော့ အမျိုး သမီးကြီးနှယောက် ရပ်နေတဲ့ ကမ်းဆီကို အရောက် ပစ်ပေးလိုက်ရတယ် ရေနားအလွန်လေးမှာ သွားကျလို့ တော်သေး အိတ်နဲ့ထည့်လိုက်တာ၊ အအေးပုလင်းတွေ ပစ်ပေးကြတယ်၊ လမ်းတလျှောက်တွေ့တဲ့ လူတွေ အားလုံးကို အအေးဘူးတွေ သကြားလုံးထုပ်၊ မုန့်ထုပ်တွေ ပစ်ပေးနဲ့ လှူရတဲ့ဖြစ်ရတာတော် တော် ပျော် စရာ ကောင်းပါသည်။ ဆက်မောင်းတော့ မြစ်လယ်ကောင်တွင်း မျှောလာတဲ့ သစ်တုံးတစ်တုံးနဲ့ စက်လှေပန်ကာသွား တိုက်လိုက်တာစက်လှေကနှေးသွားရောကောက်သွားလို့တဲ့ ၊တော်တော်နေစောင်းလောက်မှကျွန်းသာယာ ရွာကို ရောက်ကြတယ်။ ရွာအ၀င်လမ်းမှာ ရေတပ် သင်္ဘောက ခေါ်လို့ သွားကပ်တော့ ဆရာတော်တွေတွေ့တယ်လေ သွားကြပါတဲ့၊ရွာကိုဝင်ဦးမယ်ဆိုတော့ရဲဘော်နှစ်ယောက်ထည့်လိုက်မယ်တဲ့ ရေကူးဝတ်စုံတွေ ၀တ်ဆင်ပြီးတော့ လိုက်လာကြတယ်၊ စက်လှေကို ရပ်ပီး လက်လှော်လှေကလေး ခေါ်ရတယ်၊ အဲဒါနဲ့မှ တစ်ဆင့် သွားကြရတယ်။ ရွာမှာတော့ အမှိုက်ပုံပဲ ရွာတောင်ဘက်နားလေးမှာတော့ ဖျင်တဲ ဖြူဖြူလေး အလုံးတစ်ရာလောက် တွေ့တယ် ။ အုန်းပင် ရိုက်မိလို့ ခေါင်းဒဏ်ရာ ရသွားတဲ့ ရွာသားတယောက်ကို သတင်းမေးပြီးတော့ ငွေလှူခဲ့ကြတယ်။ ဘုန်းကြီးကျောင်းကလဲ မုဒ်ကအစ လဲပြိုနေတာပဲ တွေ့တယ်၊ ဆရာတော်ကို ငွေလှူ၊ ပြီးတော့ပြန်လာ ညမိုးချုပ် မှကျောက်ဖြူမြို့သို့ ပြန်ရောက်ကြတယ်။နောက်တော့မှ သိရတာက စက်လှေပန်ကာ တစ်ရွက်ကျိုးပြီးတော့ ကျန်နှစ်ရွက်လဲကောက်သွားတော့စွဲထားတဲ့မူလီတွေပြုတ်ထွက်လာလို့ထပ်ပီးတော့ နောက်ငါးမိနစ်လောက်သာ ပင်လယ်ထဲ ကြာနေမယ်ဆိုရင် ဒုက္ခရောက်နိုင်တယ် ပြောတယ်လို သိရတယ်။ ပင်လယ်လေ ဆားခိုးမိထားတဲ့ အရှိန်ရယ် နေပုံတဲ့ အရှိန်ရယ်၊ ခရီးပန်းတဲ့ဒဏ်ရယ် ပေါင်းပေမဲ့ ပြန်ရောက်တာ စောစောတော့ နားချိန်မရသေးပဲ Internet Cafeသို့ပြေးရသေးရသမျှသတင်းလေးတွေကိုကြိုးစားပို့ရတယ်။ကွန်နက်ချန်ကမရတချက်ရတချက်။ ည ၁၂ နာရီကျော်မှ ပြန်ရတယ်။ ဆိုက္ကားသမားကို ပြန်ကြည့်တော့မှ မပြန်ပဲ စောင့်နေတာပဲ ဆိုတာ သိရတော့ အားနာလိုက်ရတာ။ ဆိုက္ကားလေး တငြိမ့်ငြိမ့်နဲ့ ကျောင်းပြန်တဲ့ ခရီးတလျှောက်ဟာ မုန်တိုင်းဒဏ်ခံဒေသတွေက အိမ်ပြိုတွေကံပျက်တွေ တာဘောင်အကျိုးတွေ လှေအပိုင်းအပြတ်တွေ ဒဏ်ရာရတဲ့ သတင်းတွေ၊ လူသေတဲ့အ ကြောင်းတွေနဲ့သူတို့ပြန်လည်နာလန်ထလာဖို့အခြေနေတွေအရှည်ကြီးတွေးမိတော့…..ဟူး…ခနဲ…..လေပူတစ် ချက်ရှိုက်မိသွားတယ်..သွားခဲ့ရတဲ့ခရီးတထောက်ကမြင်ကွင်းအားလုံးဟာရင်သို့မငြိမ်းချမ်းစေသောအရာများ သာဖြစ်နေလေသည်။ အဲဒါနဲ့ဆက်ပြီးတော့ဘယ်လိုလှူရင်ကောင်းမလဲဘယ်လိုအကြံညာဏ်တွေရှာရင်ကောင်း မလဲစသဖြင့်တသီတတန်းကြီးတွေးမိရင်းအတွေးနယ်ချဲ့မိသမျှအိပ်ပျော်သွားတော့မှပဲဂီရီခြေရာကောက်ကြောင်း တွေ ခဏတာ ထွက်ခွါသွားလေသည်။ ဒုက္ခသည်တွေအတွက်အားလုံးဝိုင်းဝန်းလှူဒါန်းနိုင်ကြပါစေ
ကရုဏာ
0 ( မှတ်ချက်ရေးချင်ရင် )