ကျနော်က ထိုင်းနိုင်ငံကိုစရောက်တော Adobe page maker ကို သင်ချင်လို့ လိုက်ရှာပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံလို့ မြန်မာဆရာ မြန်မာဘာသာနဲ့ ကိုလိုချင်တဲ့ နည်းပညာကို သင်ယူခွင့်နည်းပါးတာကြောင်း အရမ်းခက်ခဲပါတယ်။ ကုသိုလ်ကံကောင်းတယ်လို့ ပြောလို့ရမှာလားမသိဘူး ကျနော် computer သင်မယ်လို့ ရွယ်ရည်ပြီး ချင်းမိုင်မြို့မှာ လိုက်ရှာလိုက်တော MLC ဆိုပီ ဆရာဦးသိန်းလွင် တည်ထောင်တဲ့ Thanking classroom foundation. Migrant Learning Center အခမဲ့သင်တန်းကျောင်းကိုရောက်သွားပါတယ်။ ကံကောင်းချင်တော Adobe page makerထက် အဆင့်မြင့်တဲ့ Adobe In design CSS4 ဆရာကျော်ကျော်နဲ့ သင်ခွင့်ရလိုက်ပါတယ်။ အရမ်းကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။
ကျနော်ကို computer နည်းပညာကို စေတနာရှိရှိနဲ့ အခြေခံ computer ပညာကို သင်ပေးတဲ့ ဆရာကျော်ဝင်းနဲ့ အဆင့်မြင့် computer ပညာကို သင်ပေးတဲ့ ဆ၇ာကျော်ကျော် အထူးကျေးဇူးတင်ပါတယ်ဗျာ။
ဒီစာအုပ်လေးကို ဒေါင်းပြီး လေ့လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
စာအုပ်ဒေါင်းရန်
0 ( မှတ်ချက်ရေးချင်ရင် )