ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် (ချင်းမိုင်)ခေါ် ဇင်းမယ်မြို့တွင် ယနေ့ညပိုင်း ၉ နာရီအချိန်တွင် ငလျင်လှုပ်ခတ်သွားပါတယ်။
သိပ်တော့မပြင်းပါဘူး။ ဒါပေမယ့်လည်း ဦးဇင်းတို့ ချင်းမိုင်မြို့မှာ ကျောင်းတက်နေတာ သုံးနှစ်တာကာလမှာ တစ်ခါမှ မကြုံဖူးတဲ့အတွက် ငလျင်လုပ်တယ်လို့ သိတာနဲ့ သူငယ်ချင်းတွေကို လိုက်ပြီးတော ဖုန်းဆက်ပြီးမေးကြပါတယ်။ တစ်ချို့ဦးဇင်းတွေကတော သုံးဆင့်အဆောင်ထက်က အောက်ကိုဆင်းပြီးတော ဖုန်းတွေနဲ့ အသိပေးကြပါတယ်။ သူတို့ကိုကြည့်ရတာတော စိုးရိမ်သံတွေနဲ့ သူငယ်ချင်းတွေနှင့် တကာမတွေကို ဖုန်းဆက်အသိပေးနေတာတွေကိုလည်း သိရပါတယ်။ ငလျင်လှုပ်သွားပြီးတာနဲ့ ဦးဇင်းတို့က အခန့်မှာ တွီဗွီကိုဖွင့်ပြီးတော ကြည့်ကြတဲ့အခါ ထိုင်းတီဗွီမှာကြာ်ငြာတဲ့အတိုင်းပြောရရင် မြန်မာပြည်နဲ့ ၆၅ ကီလိုမီတာမှာစလှုတ်သွားလို့ပြောပါတယ်။
မယ်ဆိုင်၊ ချင်းရိုင်၊ချင်းမိုင်၊ လန်ပန်တို့မှာလည်း ၂ကြိမ်ခန့်လှုတ်ပြီး လူအသေပျောက်ကိုတော့မသိရသေးပါ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့တွင် သတိထားပြီးနေရမည်ဖြစ်ကြောင်း ထိုင်းတီဗွီလိုင်းနံပါတ် ၁ နဲ့ ၃တွင်သတင်းကြေငြာသွားပါသည်။
ထာဝရသီရိ(MMSAအဖွဲ့)
MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပို့စ်တင်သူ ။.............။
လခြမ်းမြီ
on
Thursday, 24 March 2011
0 ( မှတ်ချက်ရေးချင်ရင် )