MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သာသနာ့ဘောင်အတွင်းကနေဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတွေးတောနေကြတာတွေကို ဦးဇင်းအနေနဲ့ ပြောချင်တာကတော့ “For what do you do? To do for people and To do for Buddha Sasana” ပေါ့ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ာဝန်ဝတ္တရားတွေများစွာရှိနေပေမဲ့၊ မိမိဘာတွေစဉ်းစား၊စိတ်ကူး၊လုပ်မှာလဲဆိုတာဖြစ်ပေါ်လာပါတယ်။စိတ်ကူးနဲ့အကြံဥာဏ်တွေကို အကောင်အထည်ဖေါ်ပြဖို့အတွက်၊စိတ်ထဲမှာ စဉ်းစားအကောင်အထည်ဖေါ်ထားတာတွေကို၊ အတွေ့အကြုံရင့်ကျက်ပြီး၊အကျိုးလိုလားတဲ့ သူငယ်ချင်းများ သူတော်ကောင်းပညာရှိတွေနဲ့ ဆွေနွေးကိုင်ပင် နှီးနှောဖလှယ်ပြီး၊ အယူအဆ၊အခြေအနေတွေကို ဥာဏ်မှီသလောက် မေးလိုက်၊ဖြေလိုက်၊အမြင်ရှုထောင့်တွေနဲ့ပြောပြလိုက်လုပ်ခဲ့ပါတယ်၊(သို့)၊လုပ်ကြပါ။လူငယ်လူရွယ်၊အမျိုးသား/အမျိုးသ္မီးတွေကိုဗုဒ္ဓဘာသာဆိုတာ လူထုအဖွဲ့အစည်းကြီးအတွက်အလွန်ကောင်းမွန်တဲ့ မှီခိုရာ၊နေရာတစ်ခုအနေနဲုံ့ကြည်အသိမှတ်ပြုလာအောင်လုပ်ပေးကြဖို့တိုက်တွန်းပါတယ်။ဗုဒ္ဓဘာသာကျောင်းဝိုင်းအတွင်းမှာ လူငယ်လူရွယ်၊အမျိုးသား/အမျိုးသ္မီးတွေကို ယနေ့ခေတ် ပညာရေးစနစ်နဲ့ကိုက်ညီတဲ့ ပညာရေးကျောင်းထူထောင်ပြီး၊သူတို့တတွေကိုပညာသင်ပေးကြပါ။ဗုဒ္ဓဘာသာထဲကို ကိုရင်၊သီလရှင်၊ရဟန်းဘဝကူးပြောင်းလာချင်သူတွေကို တက်နိုင်သလောက် အကူအညီပေးပြီး၊ စိတ်ပိုင်းဆိုင်ရာ၊အပြောအဆို၊နေပုံထိုင်ပုံတွေကို ယဉ်ကျေးသိမ်မွေ့လာအောင် သင်ကြားပေးကြဖို့နဲ့၊အချို့သောအရာတွေကိုသီးခံကြိုးစားပြီးသင်ကြားပေးကြဖို့။
အများအကျိုး၊ရွတ်သည်ပိုးက။
ခနိုးခနေး၊ဆိုကဲ့ရဲ့လည်း။
မရွဲ့မကောင်း၊ကိုယ့်လမ်းကြောင်းကို။
စိတ်ကောင်းနဲ့ယှဉ်၊ရှေ့ရှု့နှင်လော့..တဲ့။
လူထုကိုသီးခံစည်းရုံးပြီး အုပ်စုများပြားလာအောင်လုပ်တာ၊လူထုရဲ့အင်အားနဲ့၊လူထုကို ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်လုပ်ပေးဖို့ပါပဲ။ဗုဒ္ဓဘာသာထဲသို့ လူငယ်လူရွယ်တွေတိုးတက်များပြားလာတဲ့အခါမှာ၊လူတို့တွေရဲ့ ကာယအား၊ဥာဏအားတွေနဲ့ ဗုဒ္ဓဘာသာ လူကြီး၊မိဘရွယ်အိုများ ကျောင်းဝင်းအတွင်းသို့ လာရောက်နေထိုင်ပြီး၊ စိတ်ရော၊ကိုယ်ရော၊ငြိမ်းချမ်းနိုင်တဲ့ ဗုဒ္ဓတရားတော်တွေကို နာကြား၊မှတ်သား၊လိုက်နာကျင့်ကြံကာ နေသွားနိုင်အောင် စီစဉ်ပေးကြဖို့။ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဓမ္မနည်းလမ်းတွေကိုသုံးပြီး၊မိမိရဲ့စိတ်ကူးကို အကောင်အထည်ဖေါ်ရင်း၊အတ္တဟိတ၊ပရဟိတတွေကိုပြုလုပ်ပေးကါ၊တတ်နိုင်လာရင် ကမ္ဘာကြီးရဲ့အကျိုးကိုဆောင်ရွက်နိုင်အောင်စိတ်ကူးရှိနေပါတယ်၊(သို့)ရှိကြဖို့ပါ။
ငါတည်းတစ်ယောက်၊ကောင်းကျိုးရောက်ဖို့။
ခုလောက်ကြိုးကုတ်၊အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာ၊သာသနာကို။
ကောင်းစွာကြိုးတင်၊မပြုပြင်သော်။
အမြင်မှိန်မှေး၊အထင်သေး၍။
ယဉ်ကျေးဖွယ်ရာ၊အဖြာဖြာနဲ့။
ဘာသာဝါဒ၊ဟူသမျှတို့။
စစကုန်လုံး၊ပြုတ်ပြုတ်ပြုံးလိမ့်။
မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းတော်များအဖွဲ့(ချင်းမိုင်)နဲ့တွေဆိုစဉ် ဆရာတော် ဦးသီလာနန္ဒ(ရွှေဘို) မှ အမှာစကား အနည်းငယ်ပြောသွားခြင်းကို ဖြည့်စွပ်တင်ပြလိုက်ခြင်းပါ။
ဦးသီလာနန္ဒ (ရွှေဘို)၊
ဂန္ထာရုံတိုက်သစ်။
ရွှေဘိုမြို့၊စစ်ကိုင်းတိုင်း။


ပို့စ်တင်သူ ။.............။ Ganda on Monday 28 March 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု