MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပထမအကြိမ်၊ ချင်းမိုင်မြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ်၌ တက်ရောက်ပညာ သင်ကြားနေကြသော မြန်မာ ကျောင်းသား ရဟန်းတော် (၂၄)ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့လည်ဆွမ်းလှူဒါန်းခြင်းနှင့် တရားတော်နာယူခြင်း၊ မင်္ဂလာအခမ်းအနား ကျင်းပမည်ဖြစ်ပါ၍၊ကုသိုလ်ပွားတရားတော်နာကြားရန် နှင့် ကျွေးမွေး ဧည့်ခံသည့်၊ အာဟာရများကို လက်ခံသုံးဆောင်နိုင်ရန် အောက်ပါ အစီအစဉ်တိုင်း ကြွရောက်လာပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေ့ရက် ။ ။ ၁၃၇၃-ခုနှစ် ဝါဆိုလပြည့် နေ့။ (၁၅ -၇-၂၀၁၁ )-သောကြာနေ့။
အချိန် ။ ။ နံနက် (၉:၀၀) နာရီ အချိန်တွင် အနုမောဒနာ တရား နာကြားခြင်း ၊ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ရေစက်သွန်းချ အမျှအတန်း ပေးဝေပါမည်။
 နံနက် (၁၁:၀၀) နာရီတွင် သံဃာတော်များအား နေ့လည်ဆွမ်း ဆက်ကပ် လှူဒါန်းပြီး၊ ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့်ဧည့်ခံပါမည်။
နေရာ ။ ။ မဟာချူလာလောင်ကွန် တက္ကသိုလ် (ဝပ်ဆွန်ဒေါ့) စူသပ်လမ်း ၊( Mahachulalong University,Wat Sundok temple,Suthep Road).


 အလှူပါဝင်လိုပါက ဆက်သွယ်ရန် 

 ဦးခင်ဦး(အာလူး) 0800334487 (1.2 call)
စိုင်းကျော်မိုး+မဆွေ (0856254714 ) (1. 2 call)
 ကိုမောင်တူး+မဂျူလီ (0897551837)
 မစန်းဝေ ( 0856220115 ) (1 .2 call )
 မစိုး (မဘေဘီ) 0896367165


သံဃာတော်များအား
ဆွမ်းအလှူရှင်


အာရုံဆွမ်းအလှူရှင်

ကိုမောင်တူး မိသားစုမှ ၊ ရခိုင်မုန့်တီ
ဆွမ်းဆက်ကပ်ပါမည်။


နေ့ဆွမ်းအလှူရှင်

ကိုစိုင်းစိုင်း+မစိုးစိုးမိသားစုမှ
နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။

ပို့စ်တင်သူ ။.............။ ( MMSA ) on Sunday 26 June 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု