MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊



ရန်ကုန်၊ ဖေဖော်ဝါရီ ၉ — သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်နှင့် ကောလိပ်တို့မှ သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများအား ဥရောပသမဂ္ဂအဖွဲ့( အီးယူ )မှ ခေါ်ယူ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများအား စိစစ်ရွေးချယ်ကာ ယခုနှစ်အတွင်းစတင်၍ ခေါ်ယူမှုများရှိလာကြောင်း ၄င်းဌာနမှ သိရသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့မှ စာမေးပွဲစစ်ဆေးသည့်စနစ်ပုံစံနှင့် သင်ကြားနည်းစနစ်ပုံစံတို့ကို ပြုပြင်ပြောင်းလဲနေမှုများပြုလုပ်လျက်ရှိသည့်အတွက် သင်ကြားရေး ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍပိုမိုအရေးကြီးလာကြောင်း သိရသည်။
´´အခုဒီနှစ်ဆန်းမှာ သင်ကြားရေးပိုင်းနဲ့ပတ်သက်ပြီး သင်ကြားပေးတာ၊ ဒါပထမဆုံးပါပဲ။ အရင်တုန်းက ဆက်သွယ်မှုတွေရှိခဲ့တယ်။ အခုအစပိုင်းမှာ နည်းနည်းစီပဲခေါ်သေးတယ်။ နောက်ပိုင်းမှာတော့ ဒီထက်ပိုပြီးခေါ်မယ်လို့ ထင်တယ်´´ဟု အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ နိုင်ငံခြားတိုင်းပြည်များမှာသင်ကြားရေးပိုင်းကိုသာမ ဘွဲ့လွန်နှင့် ဘွဲ့ကြိုသင်တန်းသားများကိုလည်း ပညာသင်ကြားပေးရန် ကမ်းလှမ်းမှုများရှိလာကြောင်း သိရသည်။
´´အခုလိုမျိုး သင်ကြားပေးတာ သင်ယူစေတာမျိုးတွေလုပ်သင့်တာ ကြာပါပြီ။ မြန်မာပြည်ရဲ့ ပညာရေးတစ်ခေတ်ဆန်းလာဖို့ မျှော်လင့်လို့ရပါပြီ။ ပညာသင်ဆုပေးတာတွေက အရင်ကတည်းက ရှိတာပါ။ အခုနောက်ပိုင်းမှာ ပိုများလာတာအမှန်ပဲ။ အာရှနိုင်ငံတွေထဲမျာဆိုရင် တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံတွေက ပိုပြီးကမ်းလှမ်းလာကြတယ်။ အခု ဥရောပသမဂ္ဂအဖွဲ့က သင်ကြားပေးတာဆိုတော့ ပညာရေးအနေအထား ဒီထက်ပိုပြီး အခွင့်အလမ်များလာပါပြီ´´ဟု နေပြည်တော်ရှိသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောက်ပိုင်းတွင် ပြည်တွင်းရှိတက္ကသိုလ်၊ ကောလိပ်များတွင် ဆရာ၊ဆရာမများ ဖိဖိစီးစီးသင်ကြားနိုင်ရန် သက်ဆိုင်ရာဘာသာရပ်အလိုက် တက္ကသိုလ်များခွဲကာ သင်ကြားပေးသွာနိုင်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဘွဲ့လွန်နှင့် ပါရဂူတန်းများကိုလည်း ယခုနှစ်မှ စတင်ကာ ရန်ကုန်နှင့် မန္တလေးတို့ရှိ သတ်မှတ်ထားသည့်တက္ကသိုလ်နှစ်ခုတွင်သာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
မေသဉ္စာ (ပန်းသတင်းဂျာနယ်)

ပို့စ်တင်သူ ။.............။ younger on Tuesday 14 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု