MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊



Kye Mhone Newspaper (February 19, 2012)

၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၃

၂၀၀၇ သံဃာ့လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အကျဉ်းချခံရကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာတဲ့ ဦးဂန္ဘီရအား ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် အစိုးရအာဘော် ကြေးမုံသတင်းစာ စာမျက်နှာ ၃ တွင် ဖော်ပြထားပါတယ်။ ဦးဂန္ဘီရအား သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက် မရှိဘဲ ကျူးကျော် ၀င်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နဲ့ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့ရဲ့ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခြင်းတို့ ကျူးလွန်ခဲ့တဲ့အတွက် သက်ဆိုင်ရာက အမှုဖွင့် အရေးယူဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားတဲ့ သတင်းက ဆိုပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများရဲ့ သြ၀ါဒခံယူဖို့ ဦးဂန္ဘီရကို သုံးကြိမ်တိုင်ခေါ်ခဲ့သော်လည်း မလာရောက်ကြောင်း၊ ဒါ့ကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမကို ခေါ်ယူခဲ့ရကြောင်း အစိုးရသတင်းစာမှာ ရေးသားထားပါတယ်။ သံဃမဟာနာယကအဖွဲ့နဲ့ တွေ့ဆုံရာတွင် ၀န်ခံဂတိများကို လက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာထုတရပ်လုံးကိုယ်စား အချက် ၁၀ ချက်ပါ စာကို လျှောက်ထားခွင့်ပြုရန် ဆရာတော်ကြီးများအား တင်ပြပြီး လျှောက်ထားခဲ့ရာ အကြောင်းကြားစာ ပါ “ခွင့်ပြုချက် မရှိဘဲ ပြစ်မှု ကျူးလွန်နေသော“ ဆိုတဲ့ စကားလုံးကို ကန့်ကွက်ခြင်း၊ ရွှေည၀ါဆရာတော်အား သာဓု ဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ နှင်ထုတ်ခြင်းကို ကန့်ကွက်ခြင်း၊ (သတင်းစာတွင် ရွှေည၀ါဘုန်းကြီးလို့ သုံးနှုန်းထားပါတယ်။) အကျဉ်းကျနေတဲ့ သံဃာတော် ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်း မရှိတဲ့အပေါ် အလေးအနက် ရှုံ့ချခြင်းတို့ ပါဝင်ခဲ့ကာ ဦးဂန္ဘီရရဲ့ လျှောက်ထားချက်တွေဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါး စော်ကားမှုပြုပြီး ဂုဏ်သိက္ခာ ကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်း ဖြစ်တယ်လို့ အစိုးရအာဘော်သတင်းစာက ရှုမြင်ပါတယ်။ ထို့အပြင် သက်တော်၊ ၀ါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီး ၄၇ ပါးနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ”ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်း“ ဆိုတဲ့ သုံးနှုန်း ထိပါး စော်ကားမှုများကို လစ်လျှူရှုထားပါက မစင်ကြယ်တဲ့ ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမို အတင့်ရဲလာစေနိုင်တဲ့ အလားအလာရှိကြောင်း အစိုးရအာဘော်သတင်းစာက တွေ့ရှိပါတယ်။ ဒ့ါကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဂုဏ်သိက္ခာ မြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနဲ့ သာသနာတော် သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများကို အကြိမ်ကြိမ် ချိုးဖောက်ပြီး နိုင်ငံသူ နိုင်ငံသားတိုင်း လိုက်နာရမယ့် တရားဥပဒေကို အကြိမ်ကြိမ် ဖောက်ဖျက် ကျူးလွန်၊ ရဟန်းနဲ့ မအပ်စပ်တဲ့ နိုင်ငံရေး မှိုင်းမိကာ ထင်ရာစိုင်းနေတဲ့ ဦးဂန္ဘီရ (ခ) စန္ဒောဘာသ (ခ) ညီညီလွင် (၃၃ နှစ်) ကို ၀ိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုဆိုင်ရာဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းစဉ်ကို ကိုးကားပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့ထုတ် အစိုးရအာဘော် ကြေးမုံသတင်းစာ စာမျက်နှာ ၃ တွင် ဖော်ပြထားပါတယ်။
www.drlunswe.com


ပို့စ်တင်သူ ။.............။ younger on Sunday 19 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု