MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခြင်းခံခဲ့ရတဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် ရွှေည၀ါဆရာတော်အား ပြန်လည်တရားဟောပြောခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပေမဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ဟာ တရားမ၀င်ဘူးပြောဘူးလို့ပြောကြောင်း သတင်းတွေဖတ်ရတဲ့အတွက် ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်စား စိတ်မကောင်းဖြစ်မိပါ တယ်။

သံဃာ့ရေးရာကိစ္စတွေနဲ့ပက်သက်ရင် သံဃမဟာနာယကဆိုတာ အစိုးရခိုင်းတာလုပ်ပေးရတဲ့ (ဟန်ပြသံဃနာယက) အဖွဲ့လို့ ရဟန်းရှင် လူတွေပြောနေကြာတာဟာ ဒီကိစ္စကမှန်ကန်ကြောင်းသက်သေခံနေပါပြီ။ အမှန်ပြောရရင် သံဃမဟာနာယကဆရာတော်တွေကိုယ်စားလည်း ရှက်မိပါတယ်။ သံဃာ့ကိစ္စတွေမှာ သံဃာက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘဲ အစိုးရတာဝန်ရှိသူတွေက ၀င်ရောက်ခြယ်လှယ်နေ တာကို သံဃမဟာနာယကဆရာတွေက တုဏှိဘာဝေ လုပ်နေကြတဲ့အ တွက် သံဃာတွေ နှစ်ခြမ်းကွဲအောင် လုပ်ပေးနေသလိုဖြစ်နေပါတယ်။

တကယ်တော့ရွှေည၀ါဆရာတော်ရဲ့တရားပွဲတွေအပိတ်ခံရတာဟာ ထေရ၀ါဒတရားတော်တွေကနေသွေဖီလို့မဟုတ်ဘဲ မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောကြားလို့အပိတ်ခံရတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဆရာတော် တရားဟောပြောခွင့်ရတယ်ဆိုလို့ ဆရာတော်ရဲ့ တပည့်တွေနဲ့ ဆရာတော်ရဲ့တရားနာပရိတ်သတ် ဒကာဒကာမတွေဝမ်းသာလို့မဆုံးခင် အမြင်ကပ်ပုဒ်မနဲ့ အခုလိုတရားပွဲတွေ ထပ်အပိတ်ခံရတဲ့သဘောပါ။

VOA အင်တာဗျူးတခုမှာ ဆရာတော်က အခုလိုမိန့်ကြားသွားပါတယ်။

“ဘုန်းကြီးက ၁၁ ရက် ၁၂ ရက်နေ့ဆိုရင် တရားပွဲတွေကို လက်ခံထားတယ်။ ပထမဆုံး ကြွရမယ့်နေရာက တာချီလိတ်။ ဒီတာချီလိတ်က သာသနာရေး ဦးစီးမှူးကနေ တရားပွဲက ပိတ်ထားတယ်ဆိုရင် ဖွင့်တဲ့စာလေးလည်း လိုပါတယ်ဘုရားတဲ့။

အဲ့လိုနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးရဲ့ ထောက်ခံချက်လက်မှတ်ကလေးရရင်တော့ ပြည့်စုံပါပြီဘုရားဆိုတော့ တာချီ လိတ်မြို့နယ် သာသနာရေးမှူးရဲ့ အဲ့ဒီလို လျှောက်ထားချက်အရ ဘုန်းကြီးက- ရိုးရိုးကလေးပါ။ ဒီ ၁၁ ရက် ၂ လ ၂ဝ၁၂ ကစ၍ တရားပွဲများကို ဗမာတပြည်လုံး ပြန်လည်ဟောကြားလို့ ရပါပြီဆိုတဲ့အကြောင်းကို လက်မှတ်သွားထိုးခိုင်းတော့ ဆရာတော်ကြီးကလည်း ထိုးပေးပါတယ်။ သူ့ရဲ့စည်းတံဆိပ်လည်း ရိုက်ပေးပါတယ်။ ဒါပေမဲ့ သာသနာရေးဝန်ကြီးဌာနက အဲ့ဒီစာရွက်ဟာ အကျုံးမဝင်ဘူး၊ တရားမဝင်ဘူး ဆက် လက်ပြီးတော့ အစည်းအဝေးထိုင်ဆုံးဖြတ်ရဦးမှာဖြစ်တယ်၊ ဆက်လက်ဆောင်ရွက်မှု မပြုဖို့ဆိုပြီးတော့ အဲ့ဒါနဲ့ တာချီလိတ်ကို ဘုန်းကြီးကြွဖို့ အစီအစဉ်ကို ဘုန်းကြီးဖျက်လိုက်တယ်လေ”တဲ့

အာဏာပိုင်တွေကဆရာတော်ရဲ့တရားပွဲတွေကို မရ ရတဲ့နည်းနဲ့ဖျက်မယ်ဆိုတာကတော့ အခုလုပ်ရပ်ကထင်ရှားနေပါတယ်။

“ကျန်တဲ့တရားပွဲတွေလည်း ဘုန်းကြီးဆီကို ဖုန်းဆက်အကြောင်းပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေကို ပါမစ်တင်တဲ့အခါမှာ ချမပေးပါဘူးလို့ ဘုန်းကြီးဆီကို အကြောင်းကြားပါတယ်။ ဘုန်းကြီးကိုပင့်ထားတဲ့ အခြားမြို့နယ်တွေ၊ တခြားမြို့ရွာတွေကလည်း အဲ့ဒီလို ဖုန်းနဲ့ အကြောင်း ကြားပါတယ်။ ဘာကြောင့်လဲလို့မေးတဲ့အခါကျတော့ ထောက်ကြံ့မြို့နယ်က ဘုန်းကြီးကိုပင့်ထားတာ ဒီ ၂ လပိုင်းထဲမှာပဲရှိတယ်လေ။ နေ့ခင်းပိုင်းကပဲ ဘုန်းကြီးကို အကြောင်းကြားပါတယ်။ ဆရာတော် ဒီကနေ့ တပည့်တော်တို့ ပါမစ်သွားတင်တဲ့အခါမှာ မြို့နယ်ကနေပြီးတော့ ရွှေညဝါဆရာတော် ပါမစ်တင်လို့မရဘူး။ နောက်ထပ် တနှစ်ပိတ်လိုက်တယ်လို့ အဲ့ဒီလိုပြောလွှတ်လိုက်ပါတယ်တဲ့။ အဲ့တော့ တပည့်တော် တို့လည်း ပါမစ်မတင်ဘဲနဲ့ ပြန်လာရပါတယ်လို့ ဖုန်းဆက်ပြီး လျှောက်လာပါတယ်။ ဟုတ်တာ မဟုတ်တာတော့ ဘုန်းကြီးအနေနဲ့ တရားဝင် စာ မရသေးတဲ့အတွက် တိတိကျကျ မသိရသေးပါဘူး။”

တရားဟောကြားခွင့်လည်းတနှစ်အပိတ်ခံခဲ့ရပြီး အာဏာပိုင်တွေက နည်းမျိုးစုံနဲ့  ဆရာတော်ကြီးကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်လုပ် တာလည်းခံခဲ့ရတယ်ဆိုတာ အားလုံးအသိပါ။ သံဃမဟာနာယကဆရာတော်ကြီးတွေကို ရိုသေလေးစားတဲ့အနေနဲ့ ရွှေည၀ါကျောင်းတိုက် ကဆင်းပေးပါဆိုလို့ ၀န်ခံကတိလက်မှတ်လည်း ထိုးပေးခဲ့ရပါပြီ။ သူ့ဘက်က အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်လိုက်လျောလျောလုပ် ဆောင်သွားတာတွေ့ ရပါတယ်။ အခုကိစ္စမှာတော့ အာဏာပိုင်တွေရဲ့လုပ် ဆောင်နေမှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိသလို အာဏာပိုင် ဆိုသူတွေရဲ့ နိုင်ထက်စီးနင်းလုပ်နေတာကို သံဃာတွေခံနေရတာလည်းဖြစ်ပါတယ်။

ခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ပက်သက်ပြီး အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေအတွက်လည်းစိတ်ပူစရာဖြစ်လာပါတယ်။

သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကိုယ်တိုင်လက်မှတ်ထိုးပြီး တရားဟောခွင့်ပြုခွင့်ပြုကြောင်း စာထုတ်ပြန်ခဲ့တာတောင် သာသနာရေး ၀န်ကြီးဋ္ဌာနက အသိအမှတ်မပြု၊ တရားမ၀င်ဘူး ပြောဆိုနေတယ်ဆိုတော့ ဥက္ကဋ္ဌဆရာတော်ကြီးကိုစော်ကားသလိုမျိုးလို သက်ရောက် နေပါတယ်။

သံဃာတွေကို အာဏာပိုင်တွေက ဘယ်လိုသဘောထားတယ်ဆိုတာရှင်းနေပါပြီ။ အရှက်ရစရာဖြစ်နေပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းကတော့ ပြည်သူတွေရဲ့အသံတွေကိုနားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပြောဆိုလုပ်ကိုင်နေပြီလို့ကြားသိရပါတယ်ဘုရား။ ဆရာတော်ကြီးတွေအနေနဲ့လည်း တပည့်သံဃာတွေရဲ့ အသံတွေကိုနားထောင်ပြီး အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း သတ္တိရှိရှိနဲ့ ပြောဆိုဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း လျောက်ထားပါတယ်ဘုရား။ ။အရှင်ပညာနန္ဒ

www.moemaka.com

ပို့စ်တင်သူ ။.............။ younger on Monday 13 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု