MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နယ်လှည့်တရားဟောကြားသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအနေဖြင့် ဓမ္မာစရိယ အောင်မြင်ထားရန်နှင့် ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှု မပြုရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ စည်းကမ်းချက်များ ထုတ်ပြန် ထားကြောင်း သတင်းရရှိသည်။ ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး ဆုံးဖြတ်ချက်အရ အချက်ကိုးချက်ပါ နယ်လှည့် ဓမ္မကထိက ဂုဏ်အင်္ဂါအရည်အချင်းများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိပါး မပုတ်ခတ်ဘဲ ဟောကြားခြင်း၊ သင်္ဂါယနာ ခြောက်တန်တင် ထေရဝါဒပိဋကတ်တော်လာ တရားတော်များကိုသာ ဟောကြားခြင်း၊ အနည်းဆုံး သိက္ခဝါ ၁၀ ဝါရှိ၍ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသည့် သီလဝန္တပုဂ္ဂိုလ်ဖြစ်ခြင်းစသည့် ဂုဏ်အင်္ဂါအရည်အချင်းများနှင့် ကိုက်ညီရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ မဟောရဘူးလို့ ပြောထားတယ်။ ဓမ္မာစရိယ အောင်ထားရမယ်” ဟု ဓမ္မာစရိယအောင်မြင်ထားသော ရဟန်ပျိုတစ်ပါးက မိန့်ကြားသည်။ တရားဟော ဓမ္မကထိကပုဂ္ဂိုလ်သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျှင် သင်္ဂါယနာခြောက်တန်တင် ပိဋကတ်တော်နှင့် လျော်ညီစွာ တရားဟောနိုင်မည်ဖြစ်၍ အရည်အချင်းကို (ဓမ္မာစရိယ)တန်း အောင်ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာများ ကိုမကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတ်တော်နှင့် မညီညွတ်ဆန့်ကျင်သည့် အချက်များကို ဟောကြားမိပါက တရားနာပရိသတ်များအမြင်မှား၊ အယူမှား ဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေ မကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း နယ်လှည့်ဓမ္မကထိက ဂုဏ်အရည်အချင်း သတ်မှတ်ချက်တွင် ဖော်ပြထားသည်။ မြို့နယ် သံဃနာယက အဖွဲ့များအနေဖြင့် တရားပွဲများခွင့်ပြုရာတွင် စီစစ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ညွှန်ကြားချက်များ ပေးပို့အကြောင်းကြားထားကြောင်းသိရှိရသည်။

www.myanmarexpress.net

ပို့စ်တင်သူ ။.............။ younger on Tuesday 27 March 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု