MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

From :Popular News


မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုမှသာလျှင် Y-talk ဖုန်းခေါ်ဆိုခ လျှော့ချရေးနှင့် ကိုယ်ပိုင်ကွန်ပျူတာများတွင် သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း VMG TELECOMS ကုမ္ပဏီမှ ဦးခန့်အောင်က ပြောသည်။ “ကုမ္ပဏီဘက်ကတော့ ခေါ်ဆိုခ လျှော့ချဖို့နဲ့ ကိုယ်ပိုင်ကွန်ပျူတာတွေ သုံးစွဲခွင့်ပေးဖို့ ဆောင်ရွက်ပေးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ အဓိက လုပ်ကိုင်ခွင့်ပေးတဲ့ ဆက်သွယ်ရေးက ခွင့်ပြုမှရမှာပါ။ သူ့ဘက်က ခွင့်မပြုရင် ဘယ်လိုမှ ဆောင်ရွက်ပေးလို့ မရနိုင်ပါဘူး” ဟု ၄င်းက ပြောသည်။ လက်ရှိတွင် Y-talk စနစ် ဖုန်းခေါ်ဆိုမှုကို အင်တာနက်ဆိုင်များသာ သုံးစွဲခွင့်ပေးထားပြီး ဖုန်းခေါ်ဆိုခ နှုန်းထားများမှာလည်း တရားမဝင် ဖုန်းခေါ်ဆိုနိုင်သည့် Pfingo ၊ Skype နှုန်းထားများထက် မြင့်မားလျက်ရှိကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ “တရားမဝင် ဖုန်းခေါ်ဆိုမှု ပပျောက်ချင်ရင်တော့ လက်ရှိ Y-talk ခေါ်ဆိုခနှုန်းထားကို တရားမဝင် ခေါ်ဆိုခထက် မလျော့ရင်တောင်မှ ညီမျှတဲ့ နှုန်းထားဖြစ်မှ အောင်မြင်မှာပါ။ ဒါ့အပြင် ကိုယ်ပိုင်ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းတွေကိုပါ သုံးစွဲခွင့်ပေးမှ ဒီစနစ် အောင်မြင်လာမှာပါ။ အခု လက်ရှိတော့ တရားမဝင် ဖုန်းခေါ်ဆိုမှုကို တွန်းလှန်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်တော့်တို့ဘက်ကတော့ ကိုယ်ပိုင်ကွန်ပျူတာ သုံးစွဲခွင့်ပေးဖို့နဲ့ ဖုန်းခေါ်ဆိုခ လျှော့ချဖို့ ဆက်သွယ်ရေးကို စာတင်ထားပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ လက်ရှိ Y-talk စနစ် ဖုန်းခေါ်ဆိုမည်ဆိုပါက အင်တာနက်သုံးစွဲခအပြင် ခေါ်ဆိုမည့် နိုင်ငံအပေါ် မူတည်၍ ကျပ် ၁၅၀ မှ ကျပ် ၃၀၀ ဖြစ်ပြီး တရားမဝင် ဖုန်းခေါ်ဆိုခမှာ အင်တာနက် သုံးစွဲခပေးစရာမလိုဘဲ ကျပ် ၁၀၀ သာ ကုန်ကျမည်ဖြစ်သည်။ ၄င်းအပြင် Y-talk စနစ်မှာ ရန်ကုန်နှင့် မန္တလေး မြို့ကြီးနှစ်မြို့တွင်သာ သုံးစွဲနိုင်သေးကြောင်း သုံးစွဲသူများထံမှ သိရသည်။ “Y-talk နဲ့ ဖုန်းခေါ်ဆို ဆော့ဖ်ဝဲ ထည့်သွင်းပေးထားတဲ့ ဆိုင်မှရမှာပါ။ ဘယ်ဆိုင်မှာ ဆော့ဖ်ဝဲထည့်ထားတယ်ဆိုတာ မသိနိုင်ဘူး။ ပြောဖို့အတွက်လည်း အကောင့်က လုပ်ရဦးမယ်။ ဒီတော့ လွယ်လွယ်ကူကူနဲ့ ဘာမှလုပ်စရာမလိုဘဲ Pfingo နဲ့ပဲ ဖုန်းပြောဖြစ်တာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ ဖုန်းခေါ်ဆိုသူ ကိုတင်အောင်မြင့်က ပြောကြားခဲ့သည်။

Myanmar Express

ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday 9 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု