MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူငယ်များ စုပေါင်းဖွင့်လှစ်ထားသော DAWN စာကြည့်တိုက်မှ ဦး ဆောင်ပြီး အခမဲ့ ပညာဒါန သင်တန်းများ ဖွင့်လှစ် ပို့ချနေကြောင်း သတင်း ရရှိသည်။


Taungue-dawn-pamplet
" အဓိကတော့ လူငယ်တွေကို ကွန်ပျူတာနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို အခမဲ့ပေးနေတာ ဖြစ်ပါတယ်။ အဓိကတော့ ဒေသအတွင်းက လူငယ်တွေ အသိပညာနယ်ပယ်မှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ပြီး လုပ်တာပါ" ဟု စာကြည့်တိုက် အ တွင်းရေးမှူး ကိုသိန်းဇော်က နိရဉ္စရာသို့ ပြောသည်။

သင်တန်းများကို မတ်လ ၂၈ ရက်နေ့မှ စတင်ခဲ့ပြီး ယခုအခါ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။ သင်တန်းကျောင်းကို တောင်ကုတ်မြို့ ကံပိုင် ရပ်ကွက် မဟာဝိဟာရ ကျောင်းတွင် ပြသနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ သင်တန်းများ လုပ်ဆောင်ပေးရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး DAWN စာကြည့်တိုက် အ တွင်းရေးမှူး ကိုသိန်းဇော်က ယခုလို ဆက်ရှင်းပြ ပြောဆိုသည်။

" ခုလို သင်တန်းတွေ လုပ်ရင် လူငယ်တွေ ပညာ အခြေခံရလာမယ်။ ကွန်ပျူတာနဲ့ လူငယ်တွေ ပိုမို ရင်းနှီးလာမယ်။ မြို့ပေါ်မှာ ကွန်ပျူ တာနဲ့ ဆက်စပ်မှု မရှိတဲ့ လူငယ်တွေကို ဆက်စပ်နိုင်မယ်။ ကျွန်တော်တို့မြို့မှာ အင်္ဂလိပ်စာ ညံ့တဲ့လူငယ် တွေ အင်္ဂလိပ်စာ ပိုမိုတိုးတက်လာမယ်။ ဒီလို အသီးအပွင့်တွေကို ခုလို သတင်းတွေကြောင့် ရရှိလာမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

Taungue-dawn-school
အင်္ဂလိပ်စာ သင်တန်းကို မတ်လ ၂၈ ရက်နေ့က ဧပြီလ ၁၁ ရက်နေ့ထိ ၁၅ ရက်သင်တန်း အဖြစ်၎င်း၊ ကွန်ပျူတာ သင်တန်းကို မတ်လ ၂၈ ရက်မှ မေလ ၁ ရက်နေ့ထိ တစ်လ သင်တန်း အဖြစ်၎င်း ဖွင့်လှစ် ပြသသွားမည်ဟု သိရသည်။

သင်တန်းတွင် ကွန်ပျူတာ ကျောင်းသား ၆၀ နှင့် အင်္ဂလိပ်စာ ကျောင်းသား ၆၈ တို့ တက်ရောက် သင်ကြားနေသည်။ ဆရာ ၅ယောက်မှ အလှည့်ကျ အခမဲ့ ပြသပေးနေကြောင်း သိရသည်။ ယခု ပြုလုပ်သော အင်္ဂလိပ်စာသင်တန်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ကွန်ပျူတာ သင်တန်းမှာ တတိယ အကြိမ် မြောက်ဖြစ်သည်။

ယခုကဲ့သို့ သင်တန်း ပြသနိုင်ရန် အတွက် လိုအပ်သော ငွေများကို အဖွဲ့ဝင်များနှင့် အလှူရှင်များမှ ပါဝင်ကူညီ ကြောင်း သူက ပြောသည်။

" ကျွန်တော်တို့ ရံပုံငွေကတော့ ကော်မီတီနဲ့ အဖွဲ့ဝင်တွေက တတ်နိုင်သလောက် ထည့်ဝင်ကြသလို တခြား အလှူရှင်တွေ ကလည်း ထည့်ဝင်ကြပါတယ်။ အဲဒီက ရတဲ့ငွေတွေနဲ့ ခုလို သင်တန်းတွေ ပြသနိုင်တာ ဖြစ်ပါ တယ်။"

DAWN စာကြည့်တိုက်ကို ၂၀၀၆ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စာကြည့်တိုက်တွင် အဖွဲ့ ၀င်ပေါင်း ၄၄၀ ကျော်ရှိသည်ဟု သိရသည်။

မောင် ရမ္မာ
-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်း

ပို့စ်တင်သူ ။.............။ younger on Tuesday 3 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု