MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

From : MRTV4


ဗြိတိန် အစိုးရ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ အချိန်အတွင်း ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားထုတ် စက်ရုံများကို
ပိတ်ပစ်ရတော့မည် ဖြစ်သဖြင့် ရုရှား နိုင်ငံ အနေဖြင့် ဗြိတိန်တွင် နှုကလိယ စွမ်းအင်သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံနှစ်ရုံကို တည်ဆောက်ရန် စဉ်းစားနေကြောင်း သိရသည်။ ရုရှား နိုင်ငံပိုင် နှုကလိယ ဦးပိုင် ကုမ္ပဏီ Rosatom မှာ ပေါင်ငွေ ၁၅ သန်း ပမာဏ ရှိသည့် ရှယ်ယာများကို Horizon ပရော့ဂျက်တွင် မြုပ်နှံရန် စဉ်းစားနေခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်း အရ Wales နှင့် Gloucestershire တို့တွင် အက်တမ် စွမ်းအင်သုံး ဓါတ်အားပေး စက်ရုံများ ဆောက်လုပ်မှု၌ ပါဝင်ရန် စဉ်းစားနေခြင်း ဖြစ်သည်ဟု RT သတင်းကို ကိုးကားပြီး Presstv သတင်းတွင် ဖော်ပြသည်။ အလားတူပင် ယခုလို Horizon ပရော့ဂျက်တွင် ရုရှားတို့ ပါဝင်လာခြင်းမှာ ဂျာမန် ကုမ္ပဏီ နှစ်ခုဖြစ်သော RWE နှင့် EON တို့မှ လုပ်ငန်း ကုန်ကျစရိတ်များ များပြားလာမှုနှင့် အပြီးသတ် ဆောက်လုပ်ပေးရမည့် ကာလမှာ ယခင် မျှော်မှန်းထားသည်ထက် နောက်ကျနေခြင်းကြောင့် ၎င်းတို့၏ ရှယ်ယာများကို ရောင်းထုတ်ရန် စဉ်းစားနေခြင်းကြောင့်လည်း ဖြစ်သည်။

ယခင်လ အစောပိုင်းကလည်း သုတေသန လေ့လာချက် တစ်ရပ်အရ ရင်းနှီးမြုပ်နှံမှုဘဏ် Liberum Capital မှ ထုတ်ပြန်ခဲ့ရာတွင် ဗြိတိန်ရှိ စွမ်းအင်ကဏ္ဍ အခွန်အခများမှာ လာမည့် ၂၀၂၀ ခုနှစ် အတွင်း ၇၀ ရာနှုန်း အထိ မြင့်တက်လာမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဗြိတိန် နိုင်ငံရှိ ပြည်သူများမှာ ၎င်းတို့၏ ဓါတ်ငွေ့နှင့် လျှပ်စစ်စွမ်းအင် သုံးစွဲမှု ပမာဏကို ၂၀၀၁ မှ ၂၀၁၁ ကြားကာလ အတွင်း ၁၁.၃ ရာနှုန်း အထိ လျှော့ချခဲ့သော်လည်း စွမ်းအင် အသုံးစရိတ်မှာ ၂၃.၅ ရာနှုန်း အထိ မြင့်တက် လာခဲ့ရသည်။

Myanmar Express

ပို့စ်တင်သူ ။.............။ မောင်သိရီ on Monday 9 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု