MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ချင်းမိုင် ဇွန်လ၂၆၊၂၀၁၂

မဟာချူလာတက္ကသိုလ်(ချင်းမိုင်)ဌါနခွဲတွင်တက်ရောက်ပညာသင်ကြားနေကြသောမြန်မာရဟန်းတော်
ကျောင်းသားများအဖွဲ့ MMSA.CM မှ ဦးဆောင်လျှက် မြန်မာ ဘင်္ဂါလီ အဓိကရုဏ်းကြောင့် မီးဘေးသင့် ရခိုင်ပြည်သူများသို့ အလှူငွေ မြန်မာငွေတစ်ဆယ့်ခုနှစ်သိန်းလေးသောင်းတစ်ထောင့်ကိုးရာ(၁၇/၄၁၉၀၀)
ကျပ်ကို ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာလူမှုရေးအဖွဲ့အစည်းတခုဖြစ်သောရခိုင်သဟာယအသင်း(ရန်ကုန်)
သို့ ပေးပို့လှူဒါန်းလိုက်ကြောင်းသတင်းရရှိသည်။

၎င်းငွေများလှူဒါန်းခြင်းဟာ မြန်မာရဟန်းတော်ကျောင်းသားများမှ တပါးချင်းစေတနာပေါက်ထည့်ဝင်ကြ
ပြီး အလှူငွေပိုရအောင်ရွှေ့ပြောင်းရခိုင်အလုပ်သမားများ၊ မြန်မာပြည်သူပြည်သားများသို့ပါ အသိပေးခဲရာ
အထူးသဖြင့် ချင်းမိုင်မြို့နှင်နီးသော ချင်းရိုင် အပါဝင်မြို့များမှ အားတက်သရောလှူဒါန်းလာမှုကြောင့် အလှူငွေ ဆယ့်ခုနှစ်သိန်းကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံမှ mmsa သတင်းဌါနသို့ ပြောကြားသည်။ 
သူကပင်ဆက်လက်ပြောကြားရာမှာအလှူငွေများများလှူဒါန်းလိုသော်လည်းကျောင်းသားများထည့်ဝင်ငွေ၊
အလုပ်သမားတချို့တို့ထည့်ဝင်ငွေမျှကို ပထမအသုတ်အဖြစ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊လတ်တလော
လိုအပ်ချက်များက အလွန်အရေးကြီးနေသဖြင့်အချိန်များများယူရန်မဖြစ်နိုင်ကြောင်းနှင့်မကြာမီရက်
အတွင်းဒုတိယအဖြတ်လှူဒါန်းမည်ဖြစ်ကြောင်း၊နောက်ပြီးလည်းတခြားဒေသများသို့ပါကမ်းလှမ်းပြီး ထပ်မံ
လှူဒါန်းနိုင်မည်ဟုမျှော်လင့်ရကြောင်းပြောကြားသည်။
ယ္ခုလှူဒါန်းမှုသည် မြန်မာပြည်သူပြည်သားများ၏ကုသိုလ်ဖြစ်သည့်အတွက်အလှူရှင်များအားလုံး သာဓုခေါ်နိုင်ပါ၍ ကောင်းကျိုးချမ်းသာရကြပါစေရန်လည်း ဆုမွန်ကောင်းများတောင်းပါကြောင်း သူတော်ကောင်းလုပ်ငန်းစဉ်များကို ဆထက်တပိုးတိုး၍ တိုး၍ လုပ်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း
ပြောကြားသွားသည်....။

ဘိက္ခုဖြူ

ပို့စ်တင်သူ ။.............။ ကိုကျော် on Tuesday 26 June 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

1 Responses to မြန်မာကျောင်းရဟန်းတော်များအဖွဲ့ဦးစီး၍ရခိုင်ဒုက္ခသည်များသို့ငွေဆယ်သိန်းကျော်လှူဒါန်း

  1. သာဓု သာဓု သာဓု ....

     

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု