MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အစိုးရ GTI  တက်ရောက်နေသည့် တခြားမြို့နယ်များမှ ကျောင်းသူ/ ကျောင်းသားများကို အရေးပေါ် အမြန် ရေယာဉ်များနှင့် ၎င်းတို့၏ နေရပ် အသီးသီးသို့ တာဝန်ရှိသူများမှ ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရ သည်။
ရပ်ဝေးမှလာရောက် ပညာသင်ကြားနေသည့်ကျောင်းသားများကို မလိခ အမြန်ယာဉ်နှင့် ပို့ပေးလိုက်ကြောင်းကို မြို့ခံတဦးက ယခုကဲ့သို့ပြောသည်။
“ဟုတ်ကဲ့။ ကျောက်ဖြူ၊ ရမ်းဗြဲဘက်ကကျောင်းသားတွေကို စိုးရိမ်ရတဲ့အတွက် ဒီနေ့ မလိခ အမြန်ယဉ်နဲ့ ပို့ပေး လိုက်တာပါ။ တချို့ကို ရွှေပြည်တန် အမြန်ယာဉ်နဲ့ ပို့ပေးလိုက်ပါတယ်” ဟု ပြောသည်။
တောင်ကုတ်မှ ကျောင်းသားများကို ယမန်နေ့ကတည်းက မိဘများက စိုးရိမ်သည်အတွက် မိမိနေအိမ်သို့ ပြန် လည် ခေါ်ဆောင်ထားပြီ ဖြစ်ကြောင်းလည်း တောင်ကုတ်မြို့ခံတဦးဖြစ်သူ ကိုမင်းအောင်က ပြောသည်။
“ မနေ့ကတည်း ပြန်ခေါ်ထားကြပါတယ်။ မနေ့က သံတွဲမှာတက်နေတဲ့ GTI ကျောင်းသားတွေကို ကား ၄ စီး နဲ့သွားပြီး မိဘတွေက ပြန်ခေါ်ထားကြပါတယ်။ စိုးရိမ်လို့ပါ။”
ယခုကဲ့သို့ ပြန်ပို့နေခြင်းမှာ သံတတွဲ မြို့ခံမူဆလင် ဘာသာဝင်များနှင့် ကျောင်းသားများအကြား ပြဿနာ မဖြစ်ပွားအောင် ပို့ ဆောင်လိုက်ခြင်းဖြစ်ပြီး ကျောင်းကိုလည်း ယာယီ ပိတ်ထားလိုက်ကြောင်း သိရှိရသည်။
တောင်ကုတ်မြို့တွင် ကောလဟာသတင်းများ အမျိုးမျိုးထွက်ပေါ်နေသော်လည်း အခြေအနေမှာ ငြိမ်သက် လျှက်ရှိကြောင်း ကိုမင်းအောင်က ဆက်ပြောသည်။
“ ဒီမှာ လုံခြုံရေးကလည်း ပုံမှန်ပါ ထူးထူးခြားခြားတော့ မတွေ့ရပါဘူး။ ကောလဟာလ သတင်းတွေကတော့ အမျိုးမျိုး ဖြစ်နေတယ်။ သံတွဲဘက်က ကားတွေနဲ့လာတယ်ဆိုတာမျိုးပေါ့။ သံတွဲမှာလည်း မူဆလင်တွေရှိ တယ်ဆိုတော့ သတင်းတွေက အမျိုးမျိုးထွက်နေတယ်။”
မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့ သပြေချောင်းကျေးရွာမှ အသက် ၂၆ နှစ် မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ရပြီး အဆိုပါ သတ်ဖြတ်ခံရမူ အပေါ် မကျေမနပ် ဖြစ်နေသော တောင်ကုတ်မြို့မှ လူအုပ်စု တစုက အပြစ်မဲ့ မူဆလင် ဘာသာဝင်  ၁၀ ဦး ကို ဇွန်လ ၃ ရက်နေ့က သတ်ဖြတ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်  ရခိုင်ပြည်နယ်အတွင်း အခြေအနေမှာ တင်းမာလျှက် ရှိသည်။
                                  သတင်း — June 5, 2012 at 4:48 pm (http://www.narinjara.com/burmese/?p=612)

ပို့စ်တင်သူ ။.............။ younger on Friday 8 June 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု