MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


နိုင်ငံသားတိုင်း ပညာသင်ယူခွင့်ရရှိဖို့နဲ့ အခြေခံပညာရေးကို မသင်မနေရပြဋ္ဌာန်းထားပေမဲ့ စမ်းမြသီ တာ သီလရှင် သင် (မူလွန်) ပညာရေးကျောင်းနဲ့ အမျိုးသမီး ပရဟိတကျောင်းမှာတော့ ကျောင်းဝင် နှုန်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေတုန်းပဲလို့ စမ်းမြသီတာ အခမဲ့ပညာဒါနကျောင်းမှ ပဓာနနာယ က ဓမ္မာစရိယ ဒေါ်ဟေမာရီက ပြောပြပေးပါတယ်။
'၂၀၀၅-၂၀၀၆ မှာပေါ့ ကျောင်းစပြီးလုပ်ဖြစ်တာ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေနဲ့ပေါ့၊ အဲဒီ ကနေစပြီးတော့ တစ်နှစ်ကို ၁၀၀ ကျော်နဲ့ ၁၀၀ တဖြည်းဖြည်းတိုးလာပြီး ဒီနှစ်ဆို ၆၀၀ ပြည့်ဖို့နည်း နည်းပဲ လိုတော့တာပေါ့' လို့ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာရှိတဲ့ စမ်းမြသီတာ သီလရှင်သင် (မူလွန်) ပညာရေးကျောင်းနဲ့ အမျိုးသမီးပရဟိတကျောင်းရှိ ပဓာနနာယက ဓမ္မာစရိယ၊ ဒေါ်ဟေမာရီ က ဆိုပါတယ်။
ဘုန်းတော်ကြီးသင်ပညာရေးကျာင်းတွေမှာ ကျောင်းတက်နေတဲ့ ကလေးငယ်အများစုက ကျောင်းပတ် ဝန်းကျင်မှာနေထိုင်တဲ့ မရှိဆင်းရဲချို့တဲ့တဲ့ ကလေးငယ်အများစုဖြစ်ပြီး နယ်တွေကနေ ကျောင်းအိပ် ကျောင်းစားလာပြီး ပညာသင်ယူနေတဲ့ ကလေးငယ်တွေလည်း ပါတယ်လို့သိရပါတယ်။
နယ်က လာတာတွေလည်း ရှိတယ်
ဉာဏရပ်ကွက်၊ မြတ်လေးလမ်းရှိ စမ်းမြသီတာ သီလရှင် (မူလွန်) ပညာရေးကျောင်းနဲ့ အမျိုးသမီးပရ ဟတိကျောင်းမှ တိုက်အုပ်ဓမ္မာစရိယ ဒေါ်ဧသိင်္ဂီက 'နယ်ဘက်ကလာတဲ့ ကလေးတွေကျတော့ ဘာ ကြောင့်နယ်မှာပဲ မသင်ကြတာလဲ၊ ဒီကိုပို့ရတာလဲဆိုပြီး မေးစရာရှိတယ်ပေါ့၊ နယ်ဘက်မှာက ဆရာ၊ ဆရာမအင်အားလုံလုံလောက်လောက် မရှိတဲ့အတွက်ကြောင့် တတ်မြောက်သင့်သလောက် မတတ် ကြတော့ အဲ့ဒီလိုအကြောင်းပြချက်မျိုးတွေနဲ့ ရောက်လာတာတွေလဲရှိတယ်' လို့ နယ်ကျောင်းသားတွေ အကြောင်းကို ရှင်းပြပေးပါတယ်။
ဝေးလံခေါင်သီပြီး သွားလာရခက်ခဲတဲ့ နေရာမျိုးတွေမှာ ဆရာ၊ ဆရာမအင်အား မလုံလောက်မှုတွေ အပါအဝင်ဘာသာစကား အခက်အခဲတွေနဲ့ ဆရာနဲ့တပည့်ဦးရေ မမျှတတာတွေကလည်း သင်ကြားမှု ပြုလုပ်တဲ့အခါမှာ တတ်မြောက်သင့်သလောက် တတ်မြောက်မှု မရှိဘူးလို့ သိရှိရပါတယ်။
'ကလေးတွေက A,B,C,D ဘယ်နှလုံးရှိမှန်းလဲ မသိကြဘူးပေါ့၊ ဒီရောက်တဲ့အခါကျမှ ခုနှစ်တန်းကို မေးကြည့်တဲ့အခါ A,B,C,D ကမရ၊ အဲဒီလိုမျိုး အခြေခံကနေပြန်ပြန်သင်နေရတာပေါ့နော်' လို့ တိုက်အုပ်ဓမ္မာစရိယ ဒေါ်ဧသိင်္ဂီက ဆက်လက်ပြောပါတယ်။
အနီးပတ်ဝန်းကျင်မှာရှိတဲ့ အစိုးရကျောင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လွှဲပြောင်းပေး လိုက်တဲ့ ကျောင်းသားတွေ ရောက်လာရတာတွေလည်း ရှိတယ်လို့သိရပါတယ်။
ပဓာနနာယကဖြစ်သူ ဓမ္မာစရိယ၊ ဒေါ်ဟေမာရီက 'ကလေးတစ်ယောက်ဆိုရင် ဆွံ့အနားမကြား ကျောင်းကို ပို့ရမယ့်ကလေးက ဒီကိုရောက်လာတာပေါ့၊ အဲဒါအစိုးရကျောင်းတစ်ကျောင်းကိုပို့တာ၊ အဲဒီက ဆရာမက ဘာရေးပေးလိုက်လဲဆိုတော့ ဆရာလေးဘုရား ဒီကလေးကိုရေးတတ်ဖတ်တတ် အောင်သင်ပေးပါတဲ့၊ ရေးတတ်ဖတ်တတ်ရင် သူပြန်ခေါ်ပါ့မယ်တဲ့' ဆိုပြီး ပြောလွှတ်တာတွေလည်း ရှိတယ်လို့ပြောပါတယ်။
စမ်းမြသီတာ အခမဲ့ပညာဒါနကျောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ ကလေးငယ်တွေ အပြင် ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ ကလေးငယ်သုံးဦးလည်း ရှိတယ်လို့ သိရပါတယ်။
စမ်းမြသီတာ အခမဲ့ပညာဒါနကျောင်းလို အခြားဘုန်းတော်ကြီးသင် ပညာဒါနကျောင်းတွေမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာတဲ့ကျောင်းသားတွေ အများကြီးရှိနေပြီး အများစုကငွေကြေးမတတ် နိုင်လို့ လာတတ်ကြတဲ့ ကျောင်းသားတွေလို့ သိရပါတယ်။
ကုမုဒြာဂျာနယ်
အတွဲ(၃)၊ အမှတ်(၂၅)၊ စက်တင်ဘာ ၂၄၊ ၂၀၁၃

ပို့စ်တင်သူ ။.............။ မောင်သိရီ on Saturday, 28 September 2013
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု