MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ချင်းမိုင် ၊ ၃ ရက်၊ ဒီဇင်ဘာ၊ ၂၀၁၀၊ သောကြာ။

မဟာချူလာလောင်ကွန်း တက္ကသိုလ် ချင်းမိုင်ဌါနခွဲ ကျောင်းသားရဟန်းတော်များ
အားလုံး ဓမ္မစာရီခရီး ကြွရောက်ကြမည် ဖြစ်ရာ၊ ၆ ရက်၊ ၁၂လပိုင်း၊ ၂၀၁၀ခု တနင်္လာ
နေ့ နံနက်ပိုင်းတွင် မဟာချူလောင်ကွန်းတက္ကသိုလ် မဟာဝိဟာရတွင် ဘုရားဝတ်ပြု
ကြပြီး၊ မော်တော်ယာဉ်များဖြင့်စတင်ထွက်ခွါမည်ဖြစ်ကြောင်းကျောင်းသားသံဃာတော်
တပါးမှ MMSA သတင်းဌါနသို့ ယခုလိုပြောပြသွားပါသည်။
။ ။ သွားရမှာက ဒီလ ၆ ရက်နေ့ပါ၊ တနင်္လာနေ့ပေါ့ ၊ သွားရမဲ့နေရာက သညတော(စည) လို့ခေါ်ပါတယ် ကျောင်းသားတွေအားလုံး တက္ကသိုလ်မှာမနက်ပိုင်းဆုံကြမယ်၊ ဘုရားဝတ်ပြုပြီးတော့ တက္ကသိုလ်က ကားတွေနဲ့
သွားကြမယ်။
။ ။ အချိန်ဘယ်လောက်ကြာမှာလဲ မေးတော့ ၄င်းသံဃာတော်ကပဲ ခုလို ဆက်မိန့်ကြားပါတယ်..
အချိန်ကတော့ အားလုံး ၁၀ ရက်ကြာမှာပါ ၁၅ ရက်နေ့မှ ပြန်လာကြမှာပါ ။
ဒီလိုတရားထိုင်ခရီးကြွကြတာဟာ နှစ်စဉ်နှစ်တိုင်း သွားကြတာဖြစ်ပီး နိုင်ငံတကာက ကျောင်း
လာတက်နေကြတဲ့ ကျောင်းသား သံဃာတော်များ အကုန်လုံး သွားကြရတာဖြစ်တယ်။
တောဆိုတော့ အဲဒီခရီးအတွက် ခရီးဆောင်တဲများနှင့်..အနွေးထည်များ ၀ယ်ယူသွားရကြောင်း
MMSA သတင်းသို့ ပြောကြားသွားသည်။

ပို့စ်တင်သူ ။.............။ ပြန်ကြားရေးမှူး on Saturday 4 December 2010
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု