MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

တစ်ကြိမ်တခါမျှ မမြင်ဖူး မတွေ့ဖူးသော မြင်ကွင်းများ၏အစအနလေးမျှကိုတွေ့ရကတည်းကပင် ရင်သည် မအေးမြတော့ပေ၊ကြည့်ပါလေ……သစ်ပင်များ ပင်စည်ကြီးများ ဗိုင်းဗိုင်းလဲကျနေလျှက်၊ တပင်တလေမဟုတ် ရှိသမျှ အပင်တွေအားလုံး အတုံးအရုန်းပင် ၊ မောင်းနေတဲ့ ကားလမ်းဝဲယာ တလျှောက် အားလုံးဟာကျိုးပြတ် ကြွေဆင်းလျှက်ပဲ အုန်းပင်တွေ အပိုင်းပိုင်းပြတ်လျှက်၊ ကွမ်သီးပင်တွေ၊ သီဟိုဠ်ပင်တွေ တချို့အပင်ငယ်လေးတွေ အရွက်တရွက်မှ မကျန်တော့ဘူး ၀ါးပင်တွေအရုံလိုက်အပုဒ်လိုက်လဲကျနေပုံတွေဟာတောပျက်ကြီးတခုရဲ့အစကိုဝင်လာနေရသလိုပဲ.ကျောက်ဖြူ မြို့ဆိုတာ ဒီလိုပဲ ခြောက်ကပ်နေမလား ဟိုးးးအအယင်က တွေ့ခဲ့ရတဲ့ ကျောက်ဖြူဟာ ဘယ်ရောက်သွားပြီးလဲ ဆိုရလောက်အောင် အားလုံး ပျက်စီးကုန်ပြီး။ ဆက်မောင်းနေတဲ့ ကားကလဲ တောလမ်းမှာ မောင်းနေရတဲ့ အတိုင်းပဲ နိမ့်လိုက်မြင့်လိုက် ဆောင့်လိုက် ခုန်လိုက် လူးလိုက် စောင်းလိုက်နဲ့ နေပူထားတဲ့ အချိန်နဲ့ လမ်းတလျှောက်လုံး ဖါထေးထားတဲ့ မြေသားတွေကို ဝိတ်နဲ့ကားတွေ နင်းထားတော့ အမှုန့်ဖြစ်ပြီး တံခါးမလုံ ဖုန်စုပ်မပါတဲ့ express ကားကြီးထဲမယ် လူက ငြီးငွေ့လာပြီး မြင်ကွင်းတွေကလဲ ဘယ်လိုမှ စိတ်ချမ်းသာစရာ မရှိတော့ စိတ်ကပိုငြီးငွေ့သွားလာတယ်။ မြင်လာရတာတွေ အားလုံးက မကြည့်ပဲ နေလဲ မြင်နေရတာပဲ ကျောက်ဖြူမြို့ပြင်က စစ်တပ်ကြီးတွေရဲ့ တံတိုင်းအလဲပြိုသွားတွေ၊ သစ်ပုံကြီးလို ဟိုတစု သည်တစ်စု ပြန့်ကျဲနေတဲ့ အိမ်တွေ၊ ခေါင်မိုးတချို့မှာတော့ တာပေါ်လင်လေးတွေနဲ့ အစိမ်းရောင် ဝေ့လွင့်လွင့်လေး မြင်နေရတယ်။ မြင်သမျှကိုသာ ဓာတ်ပုံရိုက်မယ်ဆိုလျှင်လည်း ဆုံးနိုင်မယ် မဟုတ်ပေ။ ရှေ့ဆက် ဘာတွေ မြင်ရမလဲ ဆိုတာကို မှန်းဆယင်း အတွေးကပြတ်တောက်ပြတ်တောက်နဲ့ပေါ့ သတိထားမိလိုက်မှ ကျောက်ဖြူမြို့ရောက်ပြီး ဆိုတော့မှ သိမိလိုက်တယ်။ မြို့လယ်ခေါင် ပညာရေးကောလိပ်နားက ဖြတ်သွားရတော့ ဘာမှမရှိဘူး ခြံစည်းရိုးတွေ ခေါင်မိုးတွေ၊ဓာတ်တိုင်တွေ လဲလို့..ပြတ်လို့ မီးကြိုးတွဲလောင်းနဲ့ နီယွန်မီးတွေ အကွဲအပြဲ၊ မုဒ်ဝတွေကျိုးပဲ့ နေရာတော်တော်များဟာ အမှိုက်ပုံကြီးလိုလို ဘာလိုလို။
စီးလာတဲ့ ဆိက္ကားသမားလေး အိမ်အခြေအနေကို မေးကြည့်တော “ မိုးစရာတောင် မရှိသေးပါဘူး” တဲ့ ..။ အိမ်ဆောက်ဖို့ကြိုးစားပါလားဆိုတော့ တနေ့တာဝမ်းစာက ပိုအရေးကြီးပါတယ်လို့ သူက ပြန်ပြောပါတယ်။ …အိမ်ဘယ်လို ပြန်ဆောက်မလဲ ဆိုတော့ မသိသေးဘူးတဲ့…။
ညနေကျတော့ဒေသခံဆရာတော်တွေ ရင်းနှီးကြတဲ့လူတချို့နဲ့ အထိနာဆုံး မြို့ပေါ်ရပ်ကွက်များသို့လေ့လာရေး ထွက်ကြတော့ တာဘောင်အကျိုးဘက်ဆီအယင်ရောက်ကြတယ်၊ အနံ ပေ (၃၀၀)လောက်ကျယ်တဲ့ကွင်းပြင် ကြီးကို တဖက်တချက်ပိတ်ထားတဲ့ ပုဇွန်လှောင်ကန်ကြီးလိုပဲ…အတွင်းဘက်ခြမ်းက မြေသား တာဘောင် အပေါက် တွေ ကိုမြင်ခဲ့ရတယ်။ ပင်လယ်ကမ်း စပ်ဘက်ခြမ်းကတော့ အမြင့်(၅)ပေ ဒု(၈)ပေ လောက်ရှိတဲ့ ကျောက် သား တာ ဘောင် အားလုံးဟာ တစစီ ပြိုလဲနေတယ်။

ရှေ့ဆက်ရန်...ရှိသေးသည်။

.............
ရေးသားသူ
ဂရုဏာ

ပို့စ်တင်သူ ။.............။ ( MMSA ) on Wednesday 15 December 2010
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု