MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဤ ခေါင်းစည်းနှင့်ပတ်သက်၍ မရေသားမီ ပထမဦးဆုံး ဖုန်းဖုန်းစကားတစ်ခွန်းကို အလေးအနက်ပြောချင်ပါတယ် ။ နိဗ္ဗာန်ချမ်းသာဆိုတာ ဘယ်လိုရှိတယ် ဘယ်ပုံသဏ္ဍာန်ပါလို့ ဂ ဃ န ဏ ကွဲပြားအောင်လက်တွေ့ ပြနိုင်ဖို့အတွက် ဖုန်းဖုန်းသည် ရဟန္တာ မဟုတ်သေးပါ ။ သာမန်ပုထုဇည် ရဟန်းတစ်ပါးသာ ဖြစ်ပါတယ် ၊ သို့သော်လည်း နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲဘုရား ဟု အမေးရှိလာ၍ ကိုယ်မှတ်သား သင်ကြားဖူးတာတွေနှင့် လောကကို နှိုင်းယှည်ပြီး စွမ်းသလောက် ရှင်းပြပေးပါမယ် ။ နိဗ္ဗာန်ဆိုတာ လောကမှာ တကယ့်ဖြစ်တည် ရှိနေကြောင်းကို ယုံကြည်သင့်ပါတယ် ၊ ဘာကြောင့်လဲဆိုရင် လောက၌ အဆိုး အကောင်းဟူသော ဆန့်ကျင်ဘက်အရာနှစ်ခုတို့သည် ထာဝရ ဒွန်တွဲ ဖြစ်တည်နေသော
ကြောင့်တည်း။
. လောကဥပမာအားဖြင့်ပြောရမယ်ဆိုယင် မီးရှိတယ်၊ ထိုးမီ၏ဆန့်ကျင်ဘက်က ရေပါ ၊နေ နှင့်လ ၊ အပူနှင့် ၊ အအေး၊ ချမ်းသာ နှင်း ဆင်းရဲ စသည်ဖြင့် လောကမှာ ဆန့်ကျင်ဘက်အရာနှစ်ခုတို့သည် ထာဝဒွန်တွဲလျက်ရှိနေပါတယ် ။ အဲဒီလို လောကမှာ ဆန့်ကျင်ဘက်အရာတွေဟာ ထာဝရ ဒွန်တွဲပြီး သွားနေကြပါတယ်။

ကိုယ်မမြင်ရလို့ ရှိတယ်လို့ မယုံကြည်သောသူသည် မီးလာတုန်းအချိန် ပလပ်ပေါက်ထဲကို လက်နှင့်နှိပ်ပြီး စမ်းကြည့်နိုင်ပါတယ် ၊ ဖုန်းဖုန်းတို့လျှပ်စစ် ရှိတာကို မမြင်နိုင်ပါ ။ သို့သော်လည်း မီးရောင်တွေထိန်လင်းနေ တောက်ပနေတာတွေကို ကြည့်မြင်သောအားဖြင့် လျှပ်စစ်ဟာ တကယ်ရှိတယ်ဆိုတာကို လူတိုင်းယုံကြည် သိရှိနိုင်ပါတယ်။ လေကို မမြင်ရပါ။ သို့သော်လည်း သစ်ပင်လေးတွေ လှုပ်ခတ် ယိမ်းယိုင်နေတာကို မြင်ရသော အားဖြင့် ကိုယ်ခန္ဓာကို လေကလေးတွေ တိုက်ခတ်လားတာကို ခံစားရသောအားဖြင့် လေတကယ်ရှိတယ်ဆိုတာကို ဖုန်းဖုန်းတို့ သိရှိနိုင်ကြပါတယ် ။

အဲဒီလိုပါပဲ ခန္ဓာဆိုတဲ့အတ္တဘောရှိယင် ခန္ဓာကိုယ်ဆိုတဲ့အတ္တဘောမှ ထွက်မြောက်ရာ နိဗ္ဗာန်ဆိုတာလည်း တကယ်ရှိနေပါတယ်၊ ရှေးက ဘုရားအဆောက်အဥုံကြီးတွေ ၊ဘုရားသီတင်းသုံးခဲ့တဲ့ ရုပ်ကြွင်းတွေ၊ ရှေးက ရဟန္တာကြီးတွေကို သိမြင် ကြားရသောအားဖြင့် နိဗ္ဗာန်ဆိုတာ မျှော်မှန်းကြည့်နိုင်ပါတယ် ။ ဖုန်းဖုန်းတို့ ကိုယ့်အဘိုးရဲ့ အဘိုး ဘဘိုး ၊ ဘီဘင်တွေကို မမြင်ဖူးကြပါဘူး ။ ဒါပေမဲ့ အဖေ အမေရှိတာကို သိသောအားဖြင့် အဘိုးရှိတယ်ဆိုတာကို သိရပါတယ် ။ အဘိုးရှိတယ်ဆိုတာကို သိရသောအားဖြင့် အဘိုးရဲ့ အဘိုးတွေ ဘ ဘိုး ဘီဘင်တွေလည်း ဤလောကမှာ ရှိခဲ့ကြတယ်ဆိုတာကို သိနိုင်ကြပါတယ် ။ သူတို့ဤလောကမှာ မရှိခဲ့ဘူးဆိုရင် ဖုန်းဖုန်းတို့ အမေအဖေ အဘိုးအဘွားတွေလည်း ရှိမှာမဟုတ်ဘူး ။ ဘုန်းဘုန်းတို့ အမေအဖေ အဘိုးအဘွားတွေမရှိဘူးဆိုရင် ဘုန်းဘုန်းတို့လည်း ဒီလောကကြီးထဲ ခု ရှိနေကြမှာမဟုတ်ပါဘူး ။ သဘောပေါက်တယ်နော်။

အဲဒီလိုဆိုယင် လူတွေက မေးလာကြမယ် " နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲ?" လို့လေ။ ဒီနေရာမှာ ဖုန်းဖုန်းလေး ဥပမာတစ်ခုကို ပေးပါမယ် ။ ဒီဥပမာဟာ နိဗ္ဗာန်ဆိုတာ ဘယ်လိုလဲဆိုတဲ့ အဖြေ ၊ နိဗ္ဗာန်ချမ်းသာဆိုတာ
ကကော ဘယ်လိုပါလဲဘုရားဆိုတဲ့ အဖြေလည်း ဖြစ်ကောင်း ဖြစ်သွားပါလိမ်မယ် ။ ဖုန်းဖုန်းတို့ ခလေး
ဘဝတုန်းက ဖြစ်ဖြစ် ကြီးပြီးမှဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အများအားဖြင့် လူတိုင်းကိုယ်စီ ယားနာပေါက်ဖူးကြ
ပေလိမ့်။ ယားနာပေါက်ဖူးတဲ့လူတိုင်းလည်း ယားနာတွေရဲ့ထကြွသောင်းကျန်းမှု့ဆိုတဲ့ ယားယံမှု့အရသာကို ကောင်းကောင်းကြိးခံစားဖူးကြပေလိမ့်မည်။

ယားနားများ အကြီးအကျယ်ယားလာတဲ့အချိန်မှာ။ ဖုန်းဖုန်းတို့ လက်နှင့်ဖြစ်ဖြစ် တုတ်ချောင်းကလေးနှင့်ဖြစ်ဖြစ် ကုတ်ခြစ်ကြရပါတယ် ။ ယားနားထကြွသောင်းကျန်နေတဲ့အချိန် လက်နှင့်ဖြစ်ဖြစ် တုတ်ကလေးနှင့်ဖြစ်ဖြစ် ကုတ်ခြစ်ကြယင် တကယ့်ကိုနေလို့ကောင်းပါတယ်။ အရသာလေးက တစ်မျိုးပါ ။ ခံစားလို့လည်းကောင်းပါတယ် ၊ ယားနားထကြွသောင်းကျန်းလို့ လက်နှင့်ကုတ်ခြစ်ပြီး ယားယံမှု့တွေကို ဖြေဖျောက်နေတဲ့ အချိန် အသားအရေတွေ စုတ်ပြဲသွားတာတွေ သွေးထွက်သွားတာတွေကို ဖုန်းဖုန်းတို့သတိတောင်မထားမိကြပါဘူး၊ ဘာကြောင့်ဆို ယားယံမှု့တွေကို ဖြေဖျောက်မှု့၏ အရသာကို ခံစားကောင်းနေလို့ပါ ။ ယားယံမှု့တွေပြေပျောက်သွားလို့ ကုတ်ခြစ်တာတွေကို ရပ်လိုက်တဲ့အချိန်ကျမှ သွေးထွက်တာတွေ အရေစုတ်ပြတ်သတ်နေတာတွေကို ဖုန်းဖုန်းတို့ သတိထားမိကြတယ် ။ သတိထားမိတဲ့အချိန်မာ စပ်ဖြဲဖြဲဝေဒနာတွေကို ဖုန်းဖုန်းတို့ မချိမဆန့် ခံစားကြရပြန်တယ်လေ။

သိတဲ့အချိန် သိလိုက်တဲ့အချိန်မှာ ဖုန်းဖုန်းတို့ နောင်တတစ်ခုခုကိုတော့ ရမိကြမှာပါ။ ငါ့အသားအရေတွေ စုတ်ပြတ်သတ်သွားပြီ၊ ငါ့မှာသွေးတွေထွက်သွားပြီ၊ အရမ်းနာတယ် ၊ အရမ်းစပ်တယ်၊အမေလေး နော် စသည် စသည်ဖြင့်လေ။ ဒါပေမဲ့ ဒါတွေက ခဏပါပဲ ။ ကြာသွားလို့ အဲဒီယားနာဟာ
နောက်တစ်ခါ ထကြွသောင်းကျန်းလာတဲ့အချိန် နောက်တစ်ခါ ပြန်ပြီးတော့ ကုတ်ခြစ်ပြီး ယားယံမှု့တွေကို ဖြေဖျောက်ကြပြန်ပါတယ် ။ နောက်ပြီး ယားနာထကြွသောင်းကျန်းနေတဲ့အချိန် ယားနာကို မီးနဲ့ကင်ရင်လည်း တကယ့်ကို အရသာခံစားလို့ကောင်းပါတယ် ။ အဲဒီလို ယားနာကို မီးကင်ပြီး ဖြေဖျောက်နေတဲ့
အချိန်မာ ပူလို့ပူမှန်းတောင် သတိမရမိကြပါ ။ ယားနားထကြွသောင်းကျန်းမှု့တွေဟာ ဖြေဖျေက်မှု့အစာ တစ်ခုခုကို ပြည့်ဝစွာရသွားလို့ ငြိမ်းသက်သွားတဲ့အချိန်ခါမှ ဖုန်းဖုန်းတို့ မီးပူတာကို သတိထားကြလိမ့်မည်။ ဒီအရာတွေဟာ တကယ့်ချမ်းသာအစစ်လား? အရသာအစစ်လား? တကယ့်စစ်မှန်တဲ့ အရသာအစစ်လား?။ လူတွေကကော အဲဒီလို့ လက်နှင့်ကုတ်ခြစ်မှု့၊ မီးနှင့်ကင်မှု့တွေကြောင့် ဖြစ်လာတဲ့ ဒီအရာသာတွေကို တကယ့် အရသာအစစ်
ချမ်းသာအစစ် လို့ထင်ကြသလား ။ ယားနာကိုပျောက်အောင်ကုလို့ရတဲ့ ဆေးရှိတယ်လို့သိပြီးတော့ ဖုန်းဖုန်းတို့ အဲဒီယားနာတွေကို ဆေးနှင့်ကျကျနန ကုပစ်လိုက်လို့ အပြီးပိုင်ခန္ဓာကိုယ်ထဲကနေ ပျောက်သွားပြီးလို့ ဆိုကြစို့ရဲ့ ။ ဆေးကုပစ်လိုက်လို့ ယားနာပျောက်သွားတဲ့အချိန်မှာကော ဘယ်လို အရသာကို ခံစားကြရမှာလဲ ခံစားရသလဲ?။
ပြောပြမတတ်လောက်အောင်ကို ယားနာထကြွသောင်းကျန်းမှု့တွေရဲ့မရှိခြင်းဆိုတဲ့ တကယ့်ငြိမ်အေးမှု့တွေကို ခံစားကြရပါတယ် ။ ဒီနေရာမှာ ယားနာပျောက်ကင်းသွားတဲ့အချိန် ကြုံတွေ့ရတဲ့ငြိမ်းအေးမှု့ဟာ ယားနာကို လက်နှင့်ကုတ်ခြစ်တဲ့အချိန် မီးနှင့်ကင်နေတဲ့အချိန်တွေမှာ ကြုံတွေ့ကြရတဲ့အသာနှင့် နည်းနည်းလဲမှ တူမှာ မဟုတ်ပါဘူး ။ အကြီးအကျယ်ကို ကွာခြားနေတာကို ။
တွေ့ကြရ သိကြရပါလိမ့်မည် ။ ယားနာကို လက်နှင့်ကုတ်လို့ ယားယံမှု့တွေကို ဖြေဖျောက်လို့ ရလာတဲ့ အရသာ နှင့် ဆေးကုလိုက်လို့ ယားနာ အပြီးအပိုင်ပျောက်သွားတဲ့အချိန် ကြုံတွေ့ရတဲ့ အရသာနှစ်ခုကြားမှ ဘယ်ဟာက အရသာအစစ်လဲ? ဘယ်ဟာက ငြိမ်းအေးမှု့အစစ်လဲ? တွေးကြည့်ယင် သိနိုင်ပါတယ်။


နိဗ္ဗာန်ချမ်းသာဆိုတာလဲ ဒီသဘောပါပဲ ။ ဆေးကုလိုက်လို့ ယားနာတွေ ခန္ဓာထဲကိုယ်ထဲမှာ အပြီးပိုင်ပျောက်သွားတဲ့အချိန် တွိကြုံခံစားရတဲ့အေးချမ်းမှု့ ငြိမ်းအေးမှု့လိုပါပဲ ။ ဒါပေမဲ့ နိဗ္ဗာန်ရဲ့ချမ်းသာကတော့ မပျက်မစီးထာဝရတည်တံ့တဲ့ ချမ်းသာမျိုးနော် ။ ခုလူတွေခန္ဓာကိုယ်ထဲမှာ ထကြွသောင်းကျန်းနေတဲ့ ကိလေသာတွေဟာ ယားနာနှင့်တူပြီး ကိလေသာကို ဖြေဖျောက်ဖို့ ကာမဂုဏ်အာရုံတွေကတော့ ကုတ်ခြစ်တာတွေ မီးတွေနှင့်တူပါတယ် ။ ကိလေသာ ထကြွ
သောင်းကျန်းမှု့တွေကြောင့် ထိုကိလေသာတွေရဲ့တောင်းဆိုမှု့တွေကြောင့် ကာမဂုဏ်တွေကို အမယ်လေး ကောင်းလိုက်တာနော်လို့ အရသာကိုအငြင်းမရခံစားကြတာက ယားနာကို ကုတ်ပြီး (သို့) မီးနှင့်ကင်းပြီး အယားဖျောက်တာနှင့်တူပါတယ်။ ၀ိပဿနာတရားအားထုတ်ပြီးတော့ ကိလေသာကင်းစင်လို့ ရဟန္တာ
ဖြစ်လို့ နိဗ္ဗာန်ချမ်းသာကိုခံစားရကြရတာက ယားနာကို ဆေးကုလိုက်လို့ ယားနားပျောက်သွားတဲ့အချိန် တွေကြုံကြရတဲ့ပကတိချမ်းသာမှန် ချမ်းသာစစ်နှင့်တူပါတယ်လို့ ဖုန်းဖုန်းလေး ဖြေပေးလိုက်ပါရစေ။

ဒါပေမဲ့ ဖုန်းဖုန်းတစ်ခုတော့ပြောချင်ပါတယ်။ ရှေ့မှာပြောခဲ့တာတွေက ဖုန်းဖုန်းးရဲ့ရှုထောက်တွေပါ။
ခန္ဓာဇာတ်ငြိမ်းသွားသော်လည်းနိဗ္ဗာန်ဆိုတာ တစ်နေရာရာမှာ အသွင်တစ်မျိုးမျိုးနှင့် ရှိနေမယ်လို့ထင်
တယ်။ဒါပေမဲ့ ပုထုဇဉ်တွေညာဏ်နှင့် မမြင်မသိနိုင်တဲ့ ပုံပန်းတော့ရှိနေပါလိမ့်မယ် ။ ဘယ်လိုရှိနေမှာလဲ ဘယ်လိုတည်နေမှာလဲဆိုတာကို ဖုန်းဖုန်းမသိပါ ။ (သိချင်ရင် ကိုယ်တိုင်ကြိုးစားအားထုတ်ပါ ။ ဘုရားဟောအတိုင်း လုပ်ပါ ။) ဒါပေမဲ့ တကယ့်ငြိမ်းအေးတဲ့အရာတစ်ခုအဖြစ် လှပစွာ တည်ရှိနေမယ်ဆိုလို့ နှလုံးသားထဲမှာ သိနေတယ် ။


နိဗ္ဗာန်ဆိုတာ တကယ်ရှိလို့သာ ရှိတယ်ဆိုတာကိုသိလို့ မြတ်စွာဘုရားဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို နဖူးတွေ့ ဒူးတွေ့ခံစား ကျော်ဖြတ် ရင်ဆိုပြီး ဘုရားဖြစ်ဖို့ ပါရမီတွေဖြည့်လာခဲ့တာပါ ။ လူဆိုးလူမိုက်တို့တောင်မှ အကျိုးမရှိသော အလုပ်တွေကို မလုပ်ကြပါဘူး။ သူတို့အတွက်တစ်ခုခုအကျိုးရှိမှလုပ်ကြတယ်လေ။ လောကမှာသဗ္ဗညုဘုရားရှင်သည် မည်သို့ အကျိုးမရှိအချည်းနှီးသောအလုပ်ကို လုပ်မည်နည်း ။ မလုပ်သည်သာ ။

ဖုန်းဖုန်းတို့သဏ္ဍာန်မှာ မောဟတရားတွေ အားကြီးလွန်းနေလို့သာ အမှန်ကိုအမှားထင်ပြီး လမ်းပျောက်လမ်းမှားနေကြတာပါ ။ ဒီအားကြီးတဲ့ ကိလေသာတွေက မောဟနှင့်ပေါင်းပြီး လူတွေကိုမိုင်းတိုက်ထားလို့ ဖုန်းဖုန်းတို့နိဗ္ဗာန်ဆိုတာကို မလိုချင်သေးဘူးလို့ တစ်ချို့ပြေနေကြတာပါ ။ ကိုယ်တိုင်လဲ နဖူးတွေ့ ဒူတွေ့ ဆင်းရဲဒုက္ခနှင့်ကြုံလိုက်ရင်တော့ အဲဒီမလိုချင်ပါဘူးဆိုတဲ့ စိတ်တွေဘယ်အပေါက်ကနေ ထွက်သွားသလဲလို့တောင်သတိမထားမိလိုက်ကြပါဘူး ။ တစ်ညည်းတည်း ညည်းနေတော့တာပါပဲ။ အထက်ကပြောခဲ့သလိုပါပဲ ယားနာကို ဆီးကုလို့ မပျောက်ခင် မီးနှင့်ကင်တာတွေ
လက်နှင့်ကုတ်ခြစ်တာတွေကို တကယ်ကောင်းတဲ့အရသာ ခံစားလို့ကောင်းတဲ့အရသာလို့ ထင်သလို ဖုန်းဖုန်းတို့လည်း မောဟတွေအားကြီးလို့ ကာမဂုဏ်တရားတွေကို တကယ့် ချမ်းသာစစ်လို့ ထင်နေကြတယ်။


ယားနာကို ပျောက်အောင်ကုလို့ရတဲ့ ဆေးကိုတွေ့လို့ ဆေးကုလိုက်လို့ပျောက်သွားတဲ့အချိန် တကယ် ချမ်းသာစစ် ငြိမ်းအေးမှု့ကို တွေ့ရ ခံစားရ သလို ဖုန်းဖုန်းတို့ သဏ္ဍာန်ထဲမှာ ပညာအရောင်တွေ တောက်ပြောင်လို့ ဝိပဿနာဆေးကောင်းကို တွေ့ကြတဲ့အချိန် ဖုန်းဖုန်းတို့ မပျက်မစီးတဲ့ တကယ့် ချမ်းသာစစ်ကို တွေရ ခံစားရပေလိမ့်မည် ။ ဖုန်းဖုန်းပြောချင်တာ ဒီလောက်ပါပဲ ။ ဒီထက်ပြောပြဖို့ ရှင်းပြဖို့ မတတ်တော့ဘူး ။ ဖုန်းဖုန်းပြောခဲ့တာတွေကို အသေချာ စည်းစားပြီး နိဗ္ဗာန်ကို မှန်းမျှော်ကြည့် ကြပါလို့ တိုက်တွန်းချင်ပါတယ် ။ ကိုယ့်ညာဏ် ကိုယ့်အသိနှင့် အမှန်တရားကို ရှာဖွေနိုင်ကြပါစေ အားလုံးသော ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့ ။

`ဤနေရာမှ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 7 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု