MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဂေါတမရှင်တော်ဘုရားဖြစ်မည့် သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် (၆၈)ခု ကုဆုန်လပြည့်

သောကြာနေ့မှာ ဖွားမြင်တော်မူတယ်။ အဲဒါ ရာဇ၀င်မှတ်တမ်းအရ တိကျခိုင်မာပြီး ထင်ရှားနေတဲ့ အတွက်
ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီကဓမ္မဆရာများလည်း ငြင်းနိင်မှာ မဟုတ်ပါဘူး။ ယေရှုခရစ်ရဲ့ အတ္ထုပ္ပတ္တိကို
ကြည့်ကြဦးစို့၊ ယေရှုခရစ်ဟာ ဘယ်နှစ်ခုနှစ၊် ဘယ်သက္ကရာဇ်မှာ ဖွားမြင်ပါသလ?ဲ မသိဘူး- ဘယ်နေ့မွေးသလ?ဲ
မသိဘူး၊ ဘယ်ရက်မွေးသလ?ဲ မသိဘူး။ ဘယ့်နှယ်လဲဆရာတ၊ို့ မသိဘူးချည်းပါလား၊ ဒီလိုဆိုရင် မယ်မယ်ရရ
မရှိတော့ဘူး။ စဉ်း စားကြပါ။ ယေရှုရဲ့ တရားတွေ ဘာတွေ ဖယ်ထားလိုကဉ်ီး၊ ဘယ်နေ့၊ ဘယ်ရက်၊
ဘယ်သက္ကရာဇ်မှာ ယေရှုခရစ် ဖွားမြင်တယ်လို့ အတိအကျ ဂဃ နဏ မရှိဘူး၊ မသိကြဘူး မဟုတ်လား?။
“ဒီလောကမှာ လူထဲမှာ အလွန်မြင့်မြတ်လို့ ဘုရားဆိုတဲ့ ဘွဲ့ထူးအဖြစ်ကို ခံယူပါတယ်ဆိုတဲ့ ဧရာမ
အထင်ကရ ပုဂ္ဂိုလ်ကြီးမျိုးကို မဆိုထားနဲ့ဦး၊ သာမန်လူကြီး လူကောင်းမှန်သမျှတွေဟာ မွေးနေ့၊ မွေးရက်၊
မွေးလ၊ မွေးနှစ် မွေးသက္ကရာဇ် ရက်ချုပ်စာတန်းဆိုတာတွေမျိုး ရှိကြပါတယ်”။
“ဒီတော့ကာ ခရစ်ယာန်ဓမ္မဆရာကြီးတွေကို ဦးပဇင်းတစ်ခု သတိပေးပါ့မယ်။ တစ်ခြား အကြောင်းတွေ
ယုတ္တိ ရှိတာ, မရှိတာတွေ ထားပြီးတော့  သာမန်လူတွေကို တစ်ယောက်စီ တစ်ယောက်စီ ခဲခဲယဉ်းယဉ်း
စည်းရုံးနေရတာတွေ ဟောပြောနေရတာတွေ ဆိုတာမျိုးထက် အခဦုးပဇင်းလို ပုဂ္ဂိုလ်မျိုးတစ်ယောက်က
ခရစ်ယာန်ဘက်ကို ကူးပြောင်းတယ်ဆိုရင် ဆရာကြီးများ ကျေနပ်အားရစရာ မကောင်းပါလား?။
 “ဆရာကြီးတို့ရဲ ယေရှုခရစ်ဟာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်လ၊ ဘယအ် ချိန်၊ ဘယ်သက္ကရာဇ်မှာ
မွေးတယ်ဆိုတဲ့ ရက်ချုပ်ကို မှန်ကန်အောင် အတိအကျ ပြောနိုင်မယ်ဆိုရင် ဦးပဇင်းက ဟောဒီသင်္ကန်းကို
ဒီနေရာတွင်ပဲ တစ်ခါတည်းချွတ်ပုံချခဲ့ပြီး အပြီးတိုင် ခရစ်ယာန်ဘာသာဘက်ကို ၀င်လိုက်မယ်။ ကဲ…
ပြောကြစမ်း၊ တစ်ခါတည်းကို နေရာမပြောင်း ၀င်လိုက်ပါ့မယ်။ ဟုတ်ပလား?။
(ရှည်လျားသော သြဘာသံကြီး ဆူညံသွားသည်)
“ဒီနေ့ပြောမပြနိုင်သေးရင်လည်း ထပ်ပြီး ရှာဖွေကြပါဦး၊ တွေ့တဲ့နေ့မှာ တောင်တွင်းကြီးကို လိုက်လာပြီး
ပြောပြပါ။ တိကျခိုင်လုံရင် အများရှေ့မှောက်ကို ဆရာတို့ကို ၀န်ချတောင်းပန်ပြီးတော့ တစ်ခါတည်း
ခရစ်ယာန်ထဲ ၀င်လိုက်ပါ့မယ်ဆိုတာ ဟောဒီ ပရိသတ်ကြီးရှေ့မှာ ကတိပေးပါတယ်။”
(ထပ်ဆင့် သြဘာသံကြီး မြည်ဟီးသွားပါသည်)
“ကဲ……အချိန်လည်းစေ့ခါနည်းပါပြီ၊ မဆင်းမှီ ဟောဒီ ကျောက်ကွင်းရွာနဲ့ ညောင်ပင်သာရွာ
ဓမ္မဆရာဦးရွှေအောင်ကို အနည်းငယ်မှာခဲ့ချင်ပါတယ်။ ဆရာရေးတဲ့ စာအုပ်ကလေးရဲ့ နောက်ဆုံးမှာပါတဲ့
ပါဠိကလေးဟာ ဘယ်ပါဠိတော် ဘယ်ကျမ်းမှ ပါတယ်ဆိုတာကို တစ်ဆိတ်ကလေး ညွန်ပြစေလိုပါတယ်။ ´´
`` ဦးပဇင်းဟာ အတော်ကလေး ပိဋကတ်တော်ဆိုင်ရာ ပါဠိစာပေများကို နံ့စပ်အောင် သင်မှတ်ခဲ့ပါတယ်။
ကျကျနနလည်း လိုက်စားခဲ့ဘူးပါတယ်။ ကိုယ်တိုင်လည်း စာပေ ပို့ချခဲ့ဖူးပါ တယ်။ သို့သော်လည်း
အဲဒီဦးရွှေအောင်တို့ စာအုပ်ထဲမှာ ပါတဲ့ ပါဠိကိုတော့ မတွေ့ဘူးဘဲဖြစ်နေပါ တယ်။ ´´
`` အခုဟောဒီစင်ပေါ်မှာ သံဃာတော(် ၂၀၀)ခန့် ရှိပါတယ်။ အဒဲီကိုယ်တော်များလည်း အဲဒီပါဠိကို
မတွေ့ခဲ့ဘူးကြပါလို့ အမိန့်ရှိကြပါတယ်။ ဒီတော့  ဦးပဇင်းနဲ့တကွ ဒီသံဃာတော်များပါ မှတ်သားကြရအောင်တစ်ဆိတ်လောက် အဲဒီပါဠိကလေးပါတဲ့ ပိဋကတ်ကျမ်းစာအုပ်ကို ကျေးဇူးပြု ပြီး ညွန်ပြစေလိုပါတယ်။
ပါဠိကတော့……
“ဓူရဒါရ မနာရမ္မေ၊ ဂီဟိကမ္မေ ရတော ဘိက္ခု၊
ဂိဇ္ဈကူဋသေလံ ပေတံ၊ ၀ါတံ ဘိက္ခု အတိဿတိ။ …. တဲ့။”
“အဒဲါ ဦးပဇင်းတို့ရဲ့ ပါဠိတော်များမှာ ပါတယ်ဆိုရင် ပိဋကတ်တော်စာအပ်ုများ ဖြစ်ပါက
ဘယ်ကျမ်းစာအုပ်၊ ဘယ်စာမျက်နှာ၊ ဘယ်နံပါတ်၊ ပေစာဖြစ်မယ်ဆိုရင်လည်း၊ ကျောဘက်၊ ၀မ်းဘက်၊ က-ချပ်၊ကာ-ချပ်၊ ဘယ်အင်္ဂါစသည်ဖြင့် ညွန်ပြရရိုးရှိပါတယ်။ အဲဒါကလေးကိုဖြင့် ဓမ္မဆရာဦးရွှေအောင်နှင့်တကွသောဥသီာဒငအ် စရှိတဲ့ မိတ်ဆွေကြီးများက အထူးပဲ ဂရုစိုက်ပြီးညွန်ပြကြစေလိုပါတယ”် ။“ယခုလို ဘာသာဝါဒဆိုင်ရာ ပြိုင်ပွဲကြီးမျိုးကို တွေ့ကြုံရသဖြင့် ဦးပဇင်းအနေနဲ့ရော အခုဒီမှာ ရှိကြတဲ့သံဃာတော်များအနေနဲ့ပါ ရှုံးတာနိုင်တာ ပဓာနမထားဘဲ အထူးဝမ်းမြောက် ကြပါတယ်၊ နောက်ကိုလည်း ဒီလိုဘာသာရေးဝါဒပြိုင်ပွဲကြီးမျိုးတွေကို နယ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်းဆိုသလို ဖြစ်မြောက်အောင်ကျင်းပနိုင်ကြပါစေလို့ အာသီသပြုရင်း နိဂုံးချုပ်လိုက်ပါတယ်”။
(ရှည်လျားသော သြဘာသံကြီး)
ပထမပိုင်း(၂)နာရီ ဗုဒ္ဓဘာသာဘက်မှ ပြောပြီးသွားပြီ ဖြစ်ပါ၍ နောက်ပိုင်းအချိန်(၂)နာရီတွင် ခရစ်
ယာန်ခေါင်းဆောင်များက ဝေဖန်ချေပကာ ဟောပြောမည်ဟု သဘာပတိ ဦးရွှေမှန်က ကြေညာလိုက်၏။
ထိုသို့ သဘာပတိက ကြော်ငြာပြီးသည်နှင့် တစ်ပြိုက်နက် မဏ္ဍပ်အတွင်းရှိလူများသည် အပြင်သို့ ထွက်ရန်
နေရာမှ ထကုန်ကြသည်။ ထိုအထဲ၌ ခရစ်ယာန်များပါ ပါဝင်သည်။
နောက်ပိုင်း ဟောပြောမည့် ခရစ်ယာန်ခေါင်းဆောင် ဆရာဦးသာဒင်သည် တရားဟော စဉ်ပေါ်သို့
တက်လာ၏။ ပရိသတ်များက ထွက်မြဲထွက်နေကြပြန်သည်။ `နားမထောင်ချင်ဘူး´ဟူသော အသံများမှာ
မဏ္ဍပ်ကြီးတစ်ခုလုံး ညံနေလေပြီ။ သဘာပတိနှင့် ဦးသာဒင်တို့ပါ `ဆုံးအောင် နားထောင်ကြပါ´ဟု
ပြောကြသော်လည်း လူအတော်များများမှာ အပြင်သို့ ရောက်နေကြလေသည်။
မဏ္ဍပ်ကြီးထဲ၌ ထသူထ, ထိုင်သူထိုင်, ထွက်သူကထွက်, အော်သူကအော်နှင့် ဆူညံရှုပ်ထွေးနေလေ
တော့သည်။ ဦးသာဒင်သည် စကားမပြောနငိုတော့ဘဲ ငေးကြည့်ပြီးသာ ရပ်နေရတော့၏။ သဘာပတိ
ဦးရွှေမှန်က ဆုံးအောင်နားထောင်ကြပါရန် တစ်ကြော်ကြော် အော်ဟစ်နေသော်လည်း ပရိသတ်ကြီး၏ အသံကိုမပေါက်နိုင်အောင် ဖြစ်နေသည်။ ဤတွင် တာဝန်ယူစောင့် ရှောက်နေရသော ပြည်ခရိုင် ရာဇ၀တ်ဝန်ကြီးကိုသဘာပတိက လှမ်း၍ မေတ္တာရပ်ခံပေးရန် ပြောသဖြင့် ရာဇ၀တ်ဝန်ကြီး ဦးကြင်ကိုယ်တိုင် တရားစင်ပေါ်သို့တက်ပြီး ပရိသတ်အား `ဆုံးအောင် နားထောင်ကြပါ မပြန်ကြပါနဲ့ဦး၊ နှစ်ဘက်စကားကို အကုန်ဆုံးအောင်နားထောင်ကြပါဦး၊ ပြန်ထိုင်ကြပါ၊ ပြန်ထိုင်ကြပါ၊ အထူးပဲမေတ္တာရပ်ခံပါတယ်´။ ဟု ပြောလေသည်။
သို့ရာတွင် လူထု ပရိသတ်ကြီးမှာ ပြန်မထိုင်ကြဘဲ ရပ်ပြီးသာ ပြန်ကြည့်နေကြသဖြင့် ဗဒ္ဓုဘာသာဘက်မှ
ဆရာကြီး ဦးကွန့်ကပါ စင်မြင့်ပေါ်သို့ တက်ပြီး ပရိသတ်များအား နှစ်ဘက်အစုံ နားထောင်ပြီးမှ
မိမိသဘောအလျောက် ဆုံးဖြတ်ကြပါ၊ တစ်ဖက်သပ် မဖြစ်ကြပါစေနဲ့။ အားလုံးပဲ ပြန်ထိုင်ကြပြီး
ခရစ်ယာန်ခေါင်းဆောင်ကြီးများရဲ့ ရှင်းလင်းချေပချက်များကို နားထောင်ကြပါဦး။ ဗုဒ္ဓဘာသာဘက်မှ
လူကြီးတစ်ဦးအနေနဲ့အထူးပဲမေတ္တာရပ်ပါကြောင်း စသည်တို့ကို အော်ဟစ် ပေးပြန်သည်၊ သို့သော်
ပရိသတ်ကြီးကား ထွက်မြဲပင်။ `နားမထောင်ချင်ဘူး´ဟူ၍သာ ပြန်အော်ရင်း မဏ္ဍပ်အပြင်ဘက်သို့
သွားနေကြလေသည်။
ဗုဒ္ဓဘာသာ သဘာပတိ တောင်ငူဆရာတော်က ဆုံးအောင်နားထောင်ကြပါဦးဟု တစ်ခွန်းသာ
အော်ဟစ်ပြောကြည့်သော်လည်း အသံကမပေါက်နိုင် ရှိလေသည်။ သို့နှင့် ရာဇ၀တ် ၀န်ကြီးကိုယ်တိုင်က
ဆရာတော် အရှင်ဥက္ကဋ္ဌအား ခေတ္တမျှကြွပြီး ကူညီမေတ္တာရပ်ခံပေးပါရန် ပြောသဖြင့် ဆရာတော်
တရားစင်ပေါ်သို့ တစ်ဖန်ပြန်တက်ပြီး--
“အားလုံးသော ပရိသတ်ကို ဦးပဇင်း မေတ္တာရပ်ခံပါရစေ… ကိုးကွယ်မှု၊ မကိုးကွယ်မှုဆိုတဲ့
ယုံကြည်ချက်မျိုးဆိုတာ ဘယ်သူမှ တိုက်တွန်းလို့ရတာမဟုတ်ပါဘူး။ မိမိသဘောအလျောက်သာ
ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ယူတာမယူတာ အပထားပြီး နှစ်ဦးနှစ်ဘက် ပြောကြ ဟောကြတာကို
ဆုံးအောင် နားထောင်ကြပါလို့ ဦးပဇင်းအထူးပဲ မေတ္တာရပ်ခံပါတယ်”ဟု မေတ္တာရပ်ခံသဖြင့် အချို့သော
ပရိသတ်က ပြန်ထိုင်ကြသည်။ ထွက်ပြေးသူများကမူ ပြန်လှည့်ကြည့်ပြီး ဘေးမှ ရပ်ကြည့်နေကြသည်။
သို့နှင့် မထွက်ရသေးသူများမှာ မဏ္ဍပ်ထဲတွင် ရပ်ကြည့်နေကြပြီး ပြန်ထိုင်သူက နည်းနေ၏။ ဆရာကြီး
ဦးကွန့်နှင့် ရာဇ၀တ်ဝန်ကြီးကပါ “ပြန်ထိုင်အောင် မေတ္တာရပ်ခံပေးပါ”ဘုရား ဆရာတော် အမိန့ှ်ရှိ့ရင်
ရပါလိမ့်မယ်” ဟုပြောကြပြန်သဖြင့် ဆရာတော်က ထပ်မှန်၍ မေတ္တာရပ်ခံ ပေးရပြန်သည်။
“အားလုံးသော ဒကာ/ဒကာမအပေါင်းတို့ ………..
ဦးပဇင်း အထူး မေတ္တာရပ်ခံပါရစေ… ဘာသာဆိုတာ ကိုယ်ကြိုက်မှ ကိုယ်ယူရပါတယ်။ အတင်းယူခိုင်းလို့
ရတာမျိုးမဟုတ်ပါဘူး။ ယူတာ မယူတာ ပရိသတ် သဘောပါ။ နှစ်ဘက်စလုံး ဆုံးအောင်တော့ နားထောင်
ကြပါဦး၊ ဦးပဇင်းအထူးပဲ မေတ္တာရပ်ခံပါတယ်၊ တစ်ဆိတ်ပြန်ထိုင်ပြီး နားထောင် ကြပါဦး ဦးပဇင်း မေတ္တာ
ရပ်ခံပါတယ်။
နောက်ထပ်တစ်ကြိမ် ဆရာတော်ကိုယ်တိုင် မေတ္တာရပ်ခံသောအခါမှာ ရပ်နေသူအများအပြားပင်
ပြန်ထိုင်ကြသည်။ သိသာသည်မှာ ရပ်နေသော ခရစ်ယာန်ပရိသတ်များပင် ပြန်ထိုင်ကြသည်ကို
တွေ့မြင်ရသည်။ ဤတွင်မှာ ဟောစင်ပေါ်မှ ပြန်ဆင်းရင်း “ကဲ..ဆရာတို့ ဟောကြပါတော့
နားထောင်ကြပါလိမ့်မယ်၊ ဟောသာဟောပါ”ဟု ပြောလိုက်မှ ဦးသာဒင် တရားဟော စင်ပေါ်သို့
ပြန်တက်နိုင်ပေတော့သည်။ 

သို့ရာတွင် လူအတော်တော်များများမှာ ဘေးမှာသာ မတ်တပ်ရပ်၍ နားထောင်နေကြလေသည်။
မန္တလေး ဦးသာဒင်က ဆရာတော် ကောက်နှုတ်သုံးသပ်သွားသော သမ္မာကျမ်းစာအချက် အလက်များကို
ပြန်လည်ရှင်းလင်းချေပသည်။ သို့ရာတွင် ဦးတည်ချက် မမှန်တော့ဘဲ ကမောက်ကမ ကဘောက်ကခြာ ဖြစ်၍နေလေသည်။ ပရိသတ်ကို မေတ္တာရပ်ခံလိုက် ဟောပြောလိုက်နှင့်ပင် ညနေ လေးနာရီထိုး၍
အချိန်စေ့သွားသဖြင့် သဘာပတိက ဟောပြောပွဲကြီး ပြီးဆုံးကြောင်းကို ကြေညာလိုက်ရလေတော့သည်။
ရွာလုံးကျွတ် ဗုဒ္ဓဘာသာဖြစ်ပြီခရစ်ယာန်ခေါင်းဆောင်များသည် ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် တောင်ငူလောကုတ္တရာဆရာတော်အရှင်ကုဏ္ဍလ တို့အား လာရောက်နှုတ်ဆက်ကြသည်။
ထိုအခိုက် ရွာဆော်တစ်ဦးက လူအုပ်ကြီးတစ်အုပ်ကို ဦးဆောင်၍ မဏ္ဍပ်တွင်းသို့ ၀င်လာသည်။
“ဆရာတော်များဘုရား… သူတို့တွေဟာ ကျောက်ကွင်းရွာက ချင်းအမျိုးသား အိမ်ထောင်စု (၆၀)ကျော်က
လူတွေပါဘုရား။ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းကိုးကွယ်ဖို့ ဆုံးဖြတ်ပြီး ဆရာတော်များကို
လာရောက်ကန်တော့ကြတာပါဘုရား”။
ရွာဆော်၏ လျှောက်ထားချက်ကို ကြားရသောအခါ ကျောက်ကွင်းရွာသူကြီး ဦးလှောင်သည် ထခုန်လိုက်ပြီး
ခေါင်းပေါင်းကိုင်ပင် ချွတ်၍ အထက်သို့ မြောက်ပင့်လိုက်သည်။ ၀မ်းသာ လွန်းသဖြင့် ဖရဏာပီတိ လွမ်းပြီး
မျက်ရည်များပင်ကျလာသည်။ ထိုနောက် ဆရာတော်အရှင်ဥက္ကဋ္ဌအား အကြိမ်ကြိမ် ဦးချ၍ ကန်တော့
နေလေတော့သည်။
ဘာသာရေးဟောပြောပွဲအပြီးတွင် ကျောက်ကွင်းရွာ တစ်ရွာလုံး တစ်ယောက်မကျန် ဗုဒ္ဓဘာသာဝင်များ
ဖြစ်သွားကြလေသည်။
အသိပညာဗဟုသုတတိုးပွားကြပါစေ…
ပြန်လည်စီစစ်--၀၉-၁၁-၂၀၀၉__


အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင် တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။ ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့ အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန် ရည်ရယ်ပါသည။် -----------------------ပညာသဘာ အာဘာ နတ္ထိ------------------------ 

..........ရှေ့ဆက်ရန်........>>>


ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Tuesday 15 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု