MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နရီလင်းလက် Friday, 04 February 2011 18:49
E-mail Print
လူထုအုံကြွ ဆူပူလှုပ်ရှားမှုကြောင့် ခိုးယူလုယက်မှုများ ၊ တိုက်ခိုက်မှုများ လတ်တလော ဖြစ်ပွားနေသည့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် လုံခြုံစိတ်ချရမှုမရှိသော်လည်း ဘ၀ရပ်တည်ရေးအတွက် ဆက်လက် နေထိုင်သွားရမည်ဟု ကိုင်ရို ရှိ မြန်မာနိုင်ငံသားများက ဆိုသည်။

tahrir_square400နိုင်ငံခြားသားဟု ယူဆခံရသူများအနေဖြင့် စစ်ဆေးမေးမြန်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ကိုင်ရိုမြို့တွင် နေထိုင်သူ ကိုတူးက ပြောသည်။

“ကျနော်တို့ ဘေးက တိုက်ခန်းနဲ့ အရောင်းပြခန်းတွဲနေတဲ့ အဆောက်အအုံ ကိုလည်း လွန်ခဲ့တဲ့ လေးရက်လောက်က လာပြီး မီးရှို့ လုယက်တာ အခုထိ မီးခိုးငွေ့တွေမြင်နေရတယ်၊ အထုပ်လေး တခုလောက်ကိုင်ပြီး အဲဒီရှေ့က ဖြတ်လျှောက် သွားရင် ရဲက အဲဒီနေရာက ယူလာတယ် ထင်ပြီး စစ်ရော”ဟု သူက ဆိုသည်။

ကိုတူးက ဆက်လက်ပြီး“စီးပွားရေး အခြေအနေကြောင့်သာ ဒီကိုလာပြီး အလုပ်လုပ်ရတာ။ ဖြစ်နိုင်ရင်တော့ ကိုယ့် မြန်မာပြည် ပဲ ပြန်ချင်တယ်”ဟု ပြောသည်။

ကိုင်ရိုမြို့တွင် မြန်မာလူမျိုး ၁၀၀ ကျော် ရှိနေပြီး အသက်အန္တရာယ် လုံခြုံစိတ်ချရရန် သက်ဆိုင်ရာ လုပ်ငန်းခွင် အတွင်းမှာပင် ကိုယ့်အစီအစဉ်နှင့်ကိုယ် နေထိုင်ကြကြောင်း၊ မြန်မာသံရုံးမှ ၎င်းတို့ လုံခြုံရေးအတွက် တစုံတရာ ဆက်သွယ် ဆောင်ရွက်ခြင်း ယခုအထိ မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီ သတင်းဌာန က ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေဆိုမည့်သူ မရှိပေ။

သမိုင်းဝင် နိုင်းမြစ်နံဘေးရှိ တဟီရာ ရင်ပြင်(Tahrir Square)သည် ဆန္ဒပြလှုပ်ရှားသူများ စုဝေးရာ၊ သမ္မတ ဟို့စ်နီ မူဘာရက် ထောက်ခံသူများနှင့် ဆန့်ကျင်သူများ အပြန်အလှန် တိုက်ခိုက်ရာ နေရာတခု ဖြစ်နေသည်။

“အလုပ်မှာပဲ၊ အိမ်တောင် ပြန်လို့ မရတာကြာပြီ။ အဓိက လုံခြုံရေး စိတ်မချရသေးတာ ပြဿနာပေါ့။ ပထမ အင်တာနက်ရော၊ ဖုန်းလိုင်းတွေပါဖြတ်ထားတာ။ တနေ့ကမှ ဖုန်းလိုင်းတွေ ပြန်ဖွင့်လိုက်တာ။ အဲဒီတော့မှ ကိုယ့်မြန်မာပြည်က မိဘဆွေမျိုးတွေ စိတ်မပူအောင် ဖုန်းခေါ်ဘာညာ လုပ်ရတာပေါ့”ဟု ကိုင်ရိုမြို့ရှိ အီတာလျှံ ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် ကိုဘလိတ်က ပြောသည်။

၁၉၈၈ ကာလကို ကြုံတွေ့ခဲ့ရသူ တဦး အနေနှင့် ယခု အခြေအနေတွင် သိပ်တုန်လှုပ်မှု မရှိကြောင်း ၊ ဖြစ်ပေါ်လာမည့် အပြောင်း အလဲ မကောင်းပါက ကိုယ်ပိုင်နည်းလမ်းဖြင့် မြန်မာသံရုံးသို့ အကြောင်းကြားကာ မိခင်နေရပ်ကို ပြန်ရန် စဉ်စားထား ကြောင်း သူက ဆိုသည်။

“ကျနော်တို့ က ကိုယ့်သဘောနဲ့ ကိုယ် အလုပ်လုပ်ချင်လို့၊ ပိုက်ဆံ လိုချင်လို့ လာတာဆိုတော့ ဒီအတွက် မြန်မာသံရုံးကလည်း ဘာမှ လုပ်ပေးနိုင်မယ်မထင်ဘူး။ ကျနော်ဆို ဒီလ ၁ ရက်နေ့က ပတ်စ်ပို့ စာအုပ်သက်တမ်း ကုန်သွားတယ်။ အခု အခြေအနေ မှာ ဘာမှ လုပ်လို့ မရဘူးဖြစ်နေတယ်”ဟု ကိုဘလိတ်က ဆက်ပြောသည်။

မြန်မာနိုင်ငံသည်လည်း အီဂျစ်နိုင်ငံ ကဲ့သို့ အာဏာရှင် အုပ်ချုပ်ခံ ဘ၀တွင် ရှိနေသောကြောင့် လက်ရှိ မြန်မာနိုင်ငံ အတွင်း အီဂျစ် လူထု လှုပ်ရှားအုံကြွမှုကို စိတ်ဝင်စားမှု များပြားနေသည်ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဌ ဟောင်း ကိုဖြိုးမင်း သိန်း က ပြောသည်။

“မြန်မာပြည်က လွှတ်တော် ခေါ်တဲ့ အခြေအနေမှာပဲ အီဂျစ် ဆန္ဒပြပွဲတွေ ဖြစ်လာပြီး လူထု တောင်းဆိုတာနဲ့ စစ်တပ်က ပြောင်းလဲ သွားတဲ့ အခြေအနေကို တွေ့ရတော့ မြန်မာလူထုမှာလည်း စိတ်ဓာတ် တက်ကြွလာတာတွေ့ရတယ်။ ဒီ အီဂျစ် အကြောင်း ကိုလည်း လူတော်တော်များများက ပြောနေကြတာပေါ့”ဟု သူက ဆက်ပြောသည်။

အီဂျစ် သတင်းများကို ပြည်ပမီဒီယာများနှင့် ဂြိုဟ်တု စလောင်းများမှ တဆင့် မြန်မာပြည်တွင်းတွင် ဖမ်းယူကြည့်ရှု ကြကြောင်း သိရသည်။ စစ်အစိုးရပိုင် သတင်းစာများတွင် အီဂျစ် လူထုအုံကြွ လှုပ်ရှားမှုနှင့်ပတ်သက်၍ တစုံတရာ ဖော်ပြခြင်းမရှိပေ။

အပြောင်းအလဲအတွက် သွေးထွက်သံယို အဖြစ်အပျက်ကို မလိုလားသည့် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က “လူထုဆန္ဒပြပွဲတွေဟာ အပြောင်းအလဲ ဖြစ်စေတဲ့ နည်းလမ်းတခုတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အကောင်းဆုံး နည်းလမ်းလို့တော့ မဆိုနိုင်ပါဘူး”ဟု အင်္ဂါနေ့က ပြုလုပ်သော BBC မေးမြန်းခန်း တခုတွင် ပြော ဆိုခဲ့ သည်။

ထို့အပြင် အစိုးရကိုဆန့်ကျင် ဆန္ဒပြနေသူများ အပေါ် စာနာကြောင်းနှင့် ၄င်းတို့နှင့် တသားတည်းရှိကြောင်း အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒရှိရာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ခေါင်းအေးအေး ထားကာ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။

အီဂျစ်နိုင်ငံရှိ ဘဏ်များ၊ ကျောင်းများလည်း ပိတ်ထားပြီး ဈေးဆိုင်များတွင်လည်း စားကုန်များ စတင်ပြတ်လပ်နေပြီဟု သိရ သည်။

နှစ်ပေါင်း ၃၀ ကြာ အီဂျစ်နိုင်ငံကို အာဏာရှင်အဖြစ် အုပ်စိုးခဲ့သော သမ္မတ မူဘာရက် အား ချက်ချင်း ရာထူးမှ နုတ်ထွက် ပေး ရန် တောင်းဆိုခဲ့သည့် နိုင်ငံတဝန်း လူထုအုံကြွ ဆန္ဒပြမှုကြီး ၁၁ ရက် ရှိသွားပြီဖြစ်သည်။

ဧရာဝတီသတင်း

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 4 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု