MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


ထွန်းထွန်း | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ၈ ဦးမြောက် သမ္မတအဖြစ် နအဖ စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ကို နေပြည်တော်တွင် ယနေ့ ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်လိုက်သည်။

ဦးသိန်းစိန်က ၄ဝ၈ မဲဖြင့် သမ္မတဖြစ်ကာ၊ ဒုသမ္မတ (၁) နေရာအတွက် သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့်လည်းကောင်း၊ ဒုသမ္မတ (၂) နေရာအတွက် ဦးစိုင်းမောက်ခမ်းက ၇၅ ဖြင့်လည်းကောင်း ရွေးချယ်ခံရခြင်း ဖြစ်သည်။

ယမန်နေ့တွင် ဒုသမ္မတလောင်းများအဖြစ်
theinseins

ပြည်ထောင်စုလွှတ်တော်တွင် မဲအများဆုံးဖြင့် သမ္မတ ဖြစ်သွားသည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်ကို အနီးမှ အမတ်များ နှုတ်ဆက်နေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ/MRTV)
ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်က ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော်သားအစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို ရွေးချယ်ခဲ့ရာမှ ယနေ့တွင် သမ္မတကို မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ၃ ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်အမတ်များ ဖြစ်ကြသည်။

ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်မည် မထင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ဦးသိန်းစိန်တို့ သမ္မတဖြစ်လာတဲ့အတွက် ဘာမှ ထူးခြားသော ပြောင်းလဲမှု၊ နိုင်ငံရေးအားဖြင့် ပြောင်းလဲမှု၊ စီးပွားရေးအားဖြင့် တိုးတက်ဖွံ့ဖြိုးမှု၊ တိုင်းပြည်ရဲ့ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု ဆိုတာတွေက ဘာမှ ဖြစ်လာလိမ့်မယ်လို့ ကျနော်ကတော့ မထင်ဘူး” ဟု သူက ပြောဆိုသည်။

စစ်တပ်ကြီးစိုးရေးဝါဒကို နှစ်ပေါင်းများစွာ စွဲကိုင်ခဲ့သဖြင့် တိုင်းပြည်တွင် အဂတိလိုက်စားမှု များပြားနေခြင်း၊ ဆင်းရဲတွင်းထဲ ပိုမိုကျဆင်းနေခြင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းတို့ တည်ရှိနေသဖြင့် ဖြေရှင်းနိုင်မည်ဟု မထင်ကြောင်း သူက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကလည်း ဦးဝင်းတင်ကဲ့သို့ပင် သံသယရှိနေသည်။

“သူဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သမိုင်းကြောင်း ပြန်ကြည့်တဲ့အခါ ထူးထူးခြားခြား၊ ပြောင်ပြောင်မြောက်မြောက် လုပ်ခဲ့တဲ့ အစီအစဉ်ရယ်လို့ မတွေ့ဘူးခင်ဗျ။ ဆိုတော့ အခုလက်ရှိ သမ္မတဖြစ်လာတဲ့ အနေအထားမှာ လုပ်နိုင်ပါ့မလားပေါ့နော်.. ၊ ကျနော် ဒီတချက်ထဲနဲ့ကို သံသယရှိတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။ သမ္မတဖြစ်သူသည် နှလုံးနှိုးစက် တပ်ထားရသဖြင့် ကျန်းမာရေး အခြေအနေအရပါ စောင့်ကြည့်ရမည်ဟု ဆိုသည်။

ဦးသိန်းစိန်မှာ ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးမှ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ခံခဲ့ရသည်။

သို့သော် ပြီးခဲ့သည့်နှစ် ဧပြီလဆန်းတွင် စစ်တပ်ရာထူးမှ အနားယူခဲ့ပြီး၊ မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ဝင်ပြိုင်ခဲ့ရာတွင် အနိုင်ရခဲ့သည်။

၂ဝဝ၈ အခြေခံဥပဒေအရ သမ္မတအဖြစ် ရွေးချယ်ခံရသူ၏ သက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပို၍ တာဝန်ထမ်းဆောင်ခြင်း မပြုရပေ။ ထို့ပြင် ပုဒ်မ ၆၂၊ ၆၃၊ ၆၄ များအရ သမ္မတသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်ရခြင်း၊ နိုင်ငံဝန်ထမ်းဖြစ်လျှင် နိုင်ငံဝန်ထမ်းအဖြစ် နုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူပြီးသည်ဟု သတ်မှတ်ခံရခြင်း၊ ရာထူးသက်တမ်းများအတွင်း ပါတီလုပ်ငန်းများ၏ တာဝန်များအား ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဦးသိန်းစိန်မှာ သမ္မတရာထူး လက်ခံချိန်မှစ၍ ၎င်းဦးဆောင်နေသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှပင် နုတ်ထွက်ရမည်ဖြစ်သဖြင့် ၎င်းနေရာတွင် ဆက်ခံမည့်သူ ရှိလာမည်ဖြစ်သည်။

ဦးအောင်သူငြိမ်းက “သူတို့ပါတီကို ခေါင်းဆောင်ဖို့ တာဝန်ကို သူတို့ပေးထားပြီးပြီလို့ သိရတယ်။ အဲဒီမှာဆိုရင် ဦးဋ္ဌေးဦးက ဦးဆောင်သူ ဖြစ်မယ်။ အဲဒါအပြင်ကို ဦးအောင်သောင်းတို့၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းတို့ ဒါတွေ ကျနော်ထင်တယ်။ ပါတီခေါင်းဆောင်ပိုင်းမှာ နေရာရလာကြမယ် ထင်တယ်” ဟု ပြောသည်။

သမ္မတသည် နိုင်ငံတဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင် ရှိရမည်ဟု အခြေခံ ဥပဒေက ဆိုထားသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေသာ အဓိကဟု ဦးဝင်းတင်က သုံးသပ်သည်။

“ဒီကနေ့အထိ တပ်ချုပ်ကြီးအဖြစ် ရှိနေတုန်း။ နောက်တဖက်မှာ သူရဲ့ သြဇာအာဏာဟာ ဒီအကုန်လုံးပေါ့ဗျာ… သမ္မတတွေ ခန့်တဲ့နေရာမှာကော၊ လွှတ်တော်ကြီးခေါ်တဲ့ နေရာမှာကော၊ လွှတ်တော်အတွင်းမှာ ကြံ့ဖွံ့ပါတီကြီးကို တည်ဆောက်တဲ့ နေရာမှာကော။ သူ့ရဲ့ သြဇာတွေက မပြတ်ဘူး။ နိုင်ငံရေးစင်မြင့်ကို လုံးဝစွန့်ခွါသွားမယ့်လူလို့ ကျနော် လုံးဝမသတ်မှတ်ဘူး။ ဦးသန်းရွှေရဲ့ နည်းလမ်းပြမှုတွေ၊ လိုအပ်ဆန္ဒတွေနဲ့ တည်ပြီးတော့မှ ရှေ့ဆက်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းသွားဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်တယ်” ဟု သူက ပြောသည်။

NLD က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေသော်လည်း လက်ရှိ သမ္မတအနေဖြင့် တဦးတည်း ဆုံးဖြတ်နိုင်စွမ်း မရှိသဖြင့် NLD နှင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဟုလည်း ပြောဆိုသည်။

အခြေခံဥပဒေအရ နိုင်ငံ၏ အဓိက အဖွဲ့အစည်းမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဖြစ်ပြီး၊ သမ္မတ အပါအဝင် ဒုသမ္မတ ၂ ဦး၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုဦးစီးချုပ်တို့ ပါဝင်မည်။ ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သားများထဲမှ အဆိုတင်သွင်းမည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးများအပြင် သမ္မတက အဆိုတင်သွင်းမည့် နိုင်ငံခြားရေးဝန်ကြီးတို့ပါ ပါဝင်ရာ စုစုပေါင်း ၁၁ ဦး ဖြစ်သည်။ ၎င်းကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိပြီး၊ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။

“အဲဒီကော်မတီက တရုတ်နိုင်ငံမှာ ပေါ်လစ်ဗျူရိုနဲ့ တူတယ်ခင်ဗျာ။ သူက အကုန်လုံးကို ထိန်းချုပ်ထားမယ့် အနေအထားမျိုး ရှိတယ်။ ဆိုတော့ အဲဒီနေရာမှာ သူတို့ကပဲ …. သြဇာကြီးမယ့် အနေအထားမျိုး ရှိပါတယ်။ ပြောစရာ မလိုတာက အခုလက်ရှိ ရွေးကောက်ပွဲပြီးခဲ့တဲ့ဟာမှာ ပြန်ကြည့်ရင် အခုဖြစ်လာတဲ့ အစိုးရလည်း ဒါ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တက်လာတဲ့ အစိုးရပဲဆိုတော့ သူတို့ တပါတီထဲက လွှမ်းထားတဲ့ အစိုးရအနေအထားမျိုး” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

ထို့ပြင် အရေးပေါ်ကာလ ကြုံလာပါက ကောင်စီဝင်အားလုံး မစုံညီလျှင် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နှင့်ပင် အရေးပေါ်အခြေအနေကို ထုတ်ပြန်နိုင်သည်။ အရေးပေါ်အခြေအနေ ကြေညာနိုင်မှု နယ်နိမိတ်သည် နိုင်ငံတဝှန်းလုံး ဖြစ်ပြီး၊ အချိန်မှာ အမိန့်ထုတ်ပြန်သည့်နေ့မှ ၁ နှစ် ဖြစ်သည်။

အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်မှာ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၈ ဦးမြောက် သမ္မတ ဖြစ်သည်။ ယခင် သမ္မတများမှာ စဝ်ရွှေသိုက်၊ ဒေါက်တာဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်နှင့် ဒေါက်တာမောင်မောင် ဖြစ်သည်။

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 4 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု