MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

C Cleaner အကြောင်းကတော့ အထူးပြောစရာ မလိုတော့ဘူးလို့ထင်ပါတယ်နော် ကျွန်တော်တို့ အင်တာနက်သုံးတဲ့နေရာမှာ များသောအားဖြင့်တော IE, Firefox စတဲ့ Browser တွေနဲ့သုံးကြတယ်။ အွန်လိုင်းကနေ ဈေးဝယ်ချင်လည်း ဝယ်ကြမယ် ()
ထိုင်းနိုင်ငံမှာတော လူတော်တော်များများက အွန်လှိုင်းကတော Bank Account တွေလည်း သုံးကြရမယ် အကြွေးဝယ်ကဒ်ရဲ့ နံပါတ်တွေ လျှို့ဝှက်နံပါတ်တွေ ရိုက်ထည့်ပေးရတာမျိုးတွေရှိတယ်...(ဒါပေမဲ့ တချို့လူတွေကတော Bank Account က ငွေခိုးသွားတာကိုလေ့ ကြားဖူးတယ်နော်....။။
အီးမေးလ်သုံးကြတယ် Password တွေရိုက်ထည့်ပေးရတယ်။ Email Passport အခိုးခံလိုက်ရတယ်လို့လည်း ပြောကြတယ်။ ပြီးတော့ ကိုယ်ဝင်ကြည့်လေ့လာထားတဲ့ Website တွေ အချက်လက်တွေ စသည်စသည်ဖြင့် အများကြီးပေါ့ဗျာ။ အဲဒီလို အချက်လက်တွေကို ကွန်ပျုတာမှာ ကျန်မနေခဲ့အောင် ရှင်းတဲ့နေရာမှာ C Cleaner သုံးကြမယ်နော်.....။

သုံးရတာတော့ လွယ်ပါတယ် ဘယ်လိုသုံးရမလဲဆိုတာတော့ရွှေဖုန်းကပ်ကို ကြေညာသလို့ ကြေညာလိုက်မယ်နော်။ ......။
အထက်က ကျွန်တော်ပြောခဲ့သလို အချက်လက်တွေမကျန်ခဲ့အောင် ဘယ်လိုရှင်းမလဲ အောက်မှာလေ့လာကြမယ်နော်......။

(1) Cleaner ကိုကလစ်ပေးပါ...
(2) Analyze ကိုကလစ်ပေးပြီး....
(3) မှာပြထားသလို Run Cleaner ကိုကလစ်ပေးလိုက်ရုံပါပဲ။
Windows Tab အောက်က အချက်လက်တွေကို ရှင်းပြီးရင် Application Tab အောက်က အချက်လက်တွေအတွက်လည်း ဒီအတိုင်းပဲ ရှင်းလင်းကြရအောင်......။

CCleaner သုံးပြီး Registry ကိုပြင်ဘို့ကတော့ အောက်က အဆင့်လေးတွေအတိုင်းသွားလိုက်ပါ...။
(1) Registry ကိုကလစ်လိုက်ပါ...
(2) scan for Issues ကိုထပ်ပြီး Click ပေးပြီး.....။
(3) Fix Selected Issues ကို နောက်ထပ် Click ပေးလိုက်ပါ......။
(4) Yes ကိုကလစ်ပေးပြီး နောက်တစ်ဆင့်မှာတော့ Registry Backup file ကို save လုပ်ပေးလိုက်ပါ......။

နောက်တဆင့်တက်ပြီး လုပ်ကြည့်ရအော်နော်.......။ ကျနော်ကတော Program လေ့လာရတာ ထည့်ပြီးအသေးစိတ်ကို လေ့လာကြတာပေါ.......။

ဒီအဆင့်မှာတော့ ပြထားတဲ့အတိုင်း Fix All Selected Issues ကို အယင်ဆုံး လစ်ပေးလိုက်ပါ...
CCleaner မှာ ဒီလိုလုပ်လို့ရတာတွေတင်ပဲလားဆိုတဲ့ စကားကို မပြောနဲ့နော်...။ နောက်ထပ် အရေးပါတဲ့ နည်းတစ်ခုကတော Tool မှာ ပါတဲ့ Startup နဲ့ Uninstall ဆိုတဲ့ tool နှစ်ခုရဲ့ စွမ်းဆောင်မှုကလည်း CCleaner ကိုအကြိုက်တွေ့ကြရတဲ့ အချက်တွေထဲမှာ ပါနေပြန်ပါသေးတယ်ဆိုတာ မမေ့နဲ့နော်......။
Startup ကဘာတွေလုပ်ပေးသလဲဆိုရင် Windows Loading လုပ်ချိန်ကြာရတဲ့ အကြောင်းရင်းကိုတော့ သိမှာပါ တကယ်လိုအပ်တဲ့ Program မဟုတ်ပဲ Windows တက်လာတာနဲ့ စဘို့ကျွန်တော်တို့ခိုင်းထားတဲ့ program တွေကြောင့်ပါပဲ...။ အဲလို မလိုအပ်တာတွေကို Windows ကရှာနေရလို့ ကြာတာပါ...။ Anti virus လိုမျိုးကလွဲလို့ ကျန်တဲ့ program တွေကို stratup မှာ ပိတ်ထားရင် Windows တက်တာမြန်ပါတယ်...။

(1)Tool ကိုကလစ်ပါ..
(2) startup ကို Click ပေးပါ.....။
(3) မှာတော့ Windows စတာနဲ့ အလုပ်လုပ်ဖို့ မလိုအပ်တဲ့ program ကို Click ပေးလိုက်ပါ...။
(4) အတိုင်း Disable ပေးထားလိုက်ပါ ဒါဆိုတော Windows တက်ချိန်မြန်ဆန်လာပါလိမ့်မယ်.....။


နောက်ဆုံးအဆင်ကတော ကိုယ်မလိုအပ်တဲ့ Program တွေကို ဖြုတ်ပစ်မယ်ဆိုရင်တော Start / Control panel/ Add or remove Programs ကို လိုက်ရှာနေစရာမလိုတောဘူးနော်.....။
Uninstall Tool ကတော့ မလိုအပ်တဲ့ program တွေကို ဖြုတ်ပစ်ဘို့ရန်အတွက် Start / Control panel/ Add or remove Programsရဲ့ ကိုယ်စားလွယ်လွယ်လေးနဲ့ အသုံးပြုလို့ရပါတယ်......။
ပုံထဲမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်လေးတွေကို မှတ်သားပြီး CCleaner ကို မိမိ Computer မှုာ အသုံးပြုရအော်.....။

CCleaner ဟာလည်း ကွန်ပျုတာတစ်လုံးမှာ ရှိထားသင့်တဲ့ Software တစ်ခုဆိုတာကိုလေ့ လေ့လာကြည့်ရင် သိရမှာပါ...The more you learn,the more you get ပေါ့ဗျာ...။



...............
ထာဝရသီရိ

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday 30 March 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု