MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အာရ်ကန် ကိုကို
ဧပြီလ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်

မိုင် ၄၄ဝ ကျော်ရှည်လျားသော ရခိုင်ကမ်းရိုးတန်း သဘာဝမြစ် ချောင်းအင်းအိုင်များအတွင်း မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ် ရင်ဆိုင်နေရသော သဘာဝပေါက် ငါးမန်းများ အများအပြား ရှိလာကြောင်း ဒေသခံ ရေလုပ်သားများ၏ ပြောပြချက်အရ သိရသည်။

ရေလုပ်သားများ၏ အဆိုအရ ပင်လယ်ပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ကျွန်းပတ်ပိုက်များ၌ မကြာခဏ ဆိုသလို ငါးမန်းများ ငြိတွယ်ပြီး ပိုက်များအား ကိုက်ဖြတ်ဖျက်စီးခြင်း ခံရကြောင်း၊ အလွန်ခိုင်ခံ့သော လက်သန်းလုံးခန့်အရွယ် ကျွန်းပတ်ပိုက် နိုင်လွန်ကြိုးများကို ဧရာမ ငါးမန်းများ ငြိတွယ်ကိုက်ဖြတ်ရာ၌ ပိုက်နှင့်ဆက်စပ်ချည် နှောင်ထားသော ငါးဖမ်းရေယာဉ်များပါ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ရှိကြောင်းလည်း သိရသည်။

”လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် မိုးတွင်းရာသီကစပြီး ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင် မြစ်ချောင်းအင်းအိုင်တွေမှာ ကျွန်းပတ်ပိုက်တွေက မကြာခဏဆိုသလို ငမန်းငြိတွယ်ပြီး ကိုက်ဖြတ်ဖျက်ဆီးခံရတာ တွေများလာတယ်။ ဘာဖြစ်လို့ အဲဒီမာကျောတဲ့ ကျွန်းပတ်ပိုက် ပျက်စီးရသလဲ ဆိုတော့ ကျွန်တော်က ရေလုပ်သားတွေ အများပြောလို့မယုံရဲဘူး။ ပြီးခဲ့တဲ့ ၂ဝ၁ဝ မိုးနှောင်းရာသီ အောက်တိုဘာလလယ်လောက်မှာ ဗဒုံမာရေလက်ကြား ငါးဖမ်းစဉ်မှာပဲ ကျွန်တော်တို့ ကျွန်းပိုက်ကချလို့အပြီး နာရီဝက်ခန့် အကြာမှာပဲ ပိုက်က ဘုတ်ကို အမြန်ဆွဲသွားတယ်။ ကျွန်တော်တို့အားလုံး ကြက်သီးမွှေး ညင်းထပြီး ဝေလငါးလို့ထင်ပြီး ရေလုပ်ငန်းသုံး ပစ္စည်းတွေကို အသင့်ကိုင်ထား ကြတာ။ မိနစ်၊ စက္ကန့်ပိုင်း အတွင်းမှာပဲ ဘုတ်နဲ့မလှမ်းမကမ်း ပိုက်လယ် ပိုင်းလောက်ကို ပိုက်နဲ့ လိမ်ခေါက်ပြီး ၁၅ စက္ကန့်လောက် မြှုပ်တစ်ခါ ပေါ်တစ်လှည့် ရုန်းရွန့်ပြီး လင်းပိုင်လိုလို အကောင်မွဲကြီး တစ်ကောင်မြင် လိုက်တယ်။ ကျောနဲ့အမြီး ထောင်ယပ်တာကို အသေအချာ မြင်လိုက်ရတော့ တက်မ ကိုင်(မာစီ)က ဧရာမငါးမန်းကြီးလို့ အလန့်တကြား အော်ပြောတော့ အားလုံး မေတ္တာပို့ ဘုရားတနေကြတာ”ဟု စစ်တွေမြို့ ကျွေးတဲပိုက်ဆိုက်မှ ဝါရင့် ရေလုပ်ငန်းရှင် ဦးမောင်စိန်ထွန်းက ယင်း၏ကိုယ်တွေ့ အမြင်အားပြော ကြားသည်။

ရခိုင်ကမ်းရိုးတန်း ဒေသ၌ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု၊ နှစ်ခု မတိုင်မီက သဘာဝမှ ပေါက်ပွားကြီးပြင်းသော ငါးမန်းများသည် ရေအနက် ပိုမိုကျယ်သော ဗဒုံမာ ရေလက်ကြား ငါးဖမ်းဇုန်၊ ဘင်္ဂလားပင်လယ်အော်ဝ အငူမော် ငါးဖမ်းဇုန်နှင့် ကျောက်ဖြူ မြို့နယ် နောင်တော်ကြီး၊ နောင် တော်ငယ် ငါးဖမ်းဇုန်များအတွင်း အများဆုံးရှိခဲ့ကြောင်း သိရသည်။

http://arakanreview.net/?p=2964

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Wednesday 6 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု