MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

bangladesh-train.jpg

မြန်မာနိုင်ငံ အပါအ၀င် အာရှ ရထားလမ်း ကွန်ယက်နှင့် ဆက်သွယ်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် သူနိုင်ငံအတွင်း ရထားလမ်းကို မြန်မာနယ်စပ် အထိ ဆက်သွယ်ဖေါက်လုပ်တော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။


အဆိုပါ ရထားလမ်း ဖေါက်လုပ် တည်ဆောက်ရေးလုပ်ငန်းခွင်ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ချိတ်ဟာဆီးနာက ယမန်နေ့ တနင်္ဂနွေနေ့တွင် နယ်စပ်မြို့ ကော့ဘဇားတွင် အခမ်အနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဆက်သွယ်ထားသည့် ရထားလမ်းမှာ ဒက္ကားမြို့တော်မှ စစ်တကောင်း တောင်ပိုင်း ဒူလစရီ အထိသာ တည်ရှိပြီး အဆိုပါ ရထားလမ်းကို ကော့ဘဇားခရိုင် မြန်မာ နယ်စပ်အထိ တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ရထားလမ်းအတွက် တာကာငွေ ကုဋေ ၂၀၀၀ နီးပါးခန့် အကုန်ကျခံကာ တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၃ ခု ဒီဇင်ဘာလတွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံထိ ရထားလမ်းဖေါက်လုပ်ရန်နှင့် ထိုရထားလမ်းမှ တဆင့် တရုတ်နှင့် ကုန်သွယ်မူကို အထူး လိုလားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ အမ်း- မင်းဘူးထိ ရထားလမ်း တစ်ခုကို ဖေါက်လုပ်နေရာ အဆိုပါ ရထားလမ်းနှင့် ဘင်္ဂလာဒေခ်ျ့မှ ရထားလမ်းကို ဆက်စပ်နိုင်ကြောင်း သို့သော်လည်း မောင်တောမှ ကျောက်တော်ထိ ရထားလမ်းကို ဖေါက်လုပ်ရန် လိုအပ်နေကြောင်း လေ့လာသူများက ပြောသည်။

ဗြိတိသျှ ခေတ်တုန်းက ဘူးသီးတောင်နှင့် မောင်တောအကြားတွင် ရထားလမ်း တစ်ခု တည်ရှိပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် အဆိုပါ လမ်းကို အသုံးပြုခြင်း မရှိတော့ကြောင်း သိရသည်။

ယခု ဘင်္ဂလာတွင် ဖေါက်လုပ်မည့် ရထားလမ်းမှာ တစ်မီတာကျယ်ရထားလမ်းမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံကို ဖြတ်ပြီး အာရှရထားလမ်းကွန်ယက်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်မည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 4 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု