MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အောင်မြတ်စိုး | တနင်္လာနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၂၃ နာရီ ၃၆ မိနစ်ဘန်ကောက် (မဇ္စ္ဈိမ) ။  ။ မြန်မာနိုင်ငံသား ၄၅၀ ခန့် ထိန်းသိမ်းခံနေရသည့် မလေးရှားနိုင်ငံ ဆီရန်ဘန် Serenban ခရိုင်ရှိ လင်းခေး နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံများ၏ ရှို့မီးကြောင့် ယနေ့ည ဒေသစံတော်ချိန် ၉ နာရီ ၁၅ မိနစ်မှ စ၍ မီးလောင်နေကြောင်း သိရသည်။

အကျဉ်းကျနေသူများက အဆောင်များကို စတင် မီးရှို့ကြောင်း၊ စခန်းကို လျှပ်စစ်စည်းရိုးဖြင့် ကာထားသောကြောင့် ထွက်မပြေးနိုင်ပဲ  ပိတ်မိနေကြကြောင်း အကျဉ်းကျခံနေရသူ ကိုဇူလိုင်က ပြောသည်။

 “A အဆောင်ကို မီးနဲ့ရှို့ပြီးတော့ ဖောက်ထွက်ကြတယ်၊ အခုကျနော်တို့ ပိတ်မိနေတယ်၊ မီးညွန့်က သိပ်တော့ မတက်သေးဘူး” ဟု အကျဉ်းကျခံနေရသူ ကိုဇူလိုင်က မဇ္စ္ဈိမသို့ ပြောသည်။

 စခန်းတွင်း မြန်မာနိုင်ငံသား ၄၅၀ အပါအဝင် အကျဉ်းကျနေသူ ၁၃၀၀ ကျော်ရှိပြီး A, B, C, D ဟူ၍ ၄ဆောင် ခွဲထားကြောင်း၊ D အဆောင်တွင် အကျဉ်းကျများ မရှိကြောင်း သိရသည်။

 “ဒီမှာ နှစ်တွေကြာပေမယ့်  ဘယ်သူမှ လာမထုတ်ဘူး၊ ဘယ်ကိုမှလဲ အကြောင်းကြားမပေးဘူး၊ တချို့က မြန်မာပြည် ပြန်လို့မရတဲ့သူတွေပါတယ်၊ သူ့ကိစ္စ္စနဲ့သူ အများကြီးရှိတယ်၊ အဲဒါကြောင့် မပြန်ကြဘူး၊ ဒီမှာပဲ UN ကို စောင့်နေတာ၊ UN ကလဲ လာမထုတ်ဘူး၊ ပြီးတော့ အစာရေစာလဲ ဝဝလင်လင်မရှိဘူး၊ တခြားဘာမှလဲ အခွင့်အရေးမရှိဘူး” ဟု ကိုဇူလိုင်က ဆက်လက် ပြောဆိုသည်။

 မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့်လူမည်းများ ရှိသည့်အဆောင်မှ ဆန္ဒ္ဒပြသည့် အနေဖြင့်မီးရှို့ကြပြီး A အဆောင်နှင့် B အဆောင်မှ အကျဉ်းသားများ ပိတ်မိနေကြောင်း ကိုဇူလိုင်က ပြောသည်။ 


http://www.mizzimaburmese.com/news/breaking-newsbrief/7339-2011-04-04-17-09-36.html

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Monday 4 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု