MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ကမ္ဘာ့ခေါင်းဆောင်များနဲ့ သန်းကြွယ်သူဌေးတွေမှသာပဲ ဒီကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာပါလား။
မဟုတ်ပါဘူး။ လူတိုင်း၊ လူတိုင်းမှာ ကိုယ်မှီတင်းနေထိုင်ရာ ကမ္ဘာကြီးအတွက် တစ်ခုခု အကျိုးရှိတာ လုပ်ပေးဖို့ အခွင့်အရေးရှိပါတယ်။
ဒါဆိုရင် ကျွန်မ ဘာလုပ်ပေးနိုင်ပါမလဲ ။ ကျွန်တော် ဘာလုပ်ပေးနိုင်ပါမလဲ။

လွယ်လွယ်လေးပါ။
လမ်းပေါ်မှာ စည်းမဲ့ ၊ ကမ်းမဲ့  စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်များကို ကောက်ယူရှင်းလင်းကာ သတ်မှတ်ထားတဲ့နေရာမှာ စနစ်တကျ စွန့်ပစ်ပေးလိုက်နိုင်ပါတယ်။

အမှိုက်သရိုက်များကို စည်းကမ်းမဲ့ မစွန့်ပစ်အောင် R သုံးလုံးဆိုတဲ့ reduce၊  reuse ၊ recycle ကို မိမိကိုယ်တိုင်သာမက မိမိ ပတ်ဝန်းကျင်က လူများပါ ကျင့်သုံးအောင် စည်းရုံးနိုင်ပါတယ်။

ရေစီးရေလာဆိုးနေတဲ့ မြောင်းများကို အမှိုက်များရှင်းလင်းခြင်းဖြင့် ရေစီးရေလာကောင်းမွန်စေပြီး ခြင်များပေါက်ဖွားခြင်းမှ တားမြစ်နိုင်ပါတယ်။

စာမတတ်သူ မရှိရလေအောင် စာမတတ်သော လူသားများကို မြင်တွေ့ခဲ့ပါလျှင် သူတို့ စာတတ်မြောက်ဖို့ ကူညီပေးလိုက်နိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေး အသိအမြင်မရှိတဲ့သူများကို မြင်တွေ့ခဲ့ပါလျှင် သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးကို နားလည်သဘောပေါက်လာအောင် ပြောဆို စည်းရုံးနိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အရေးကြီးပုံကို ပြောပြကာ သူတို့ တစ်ကိုယ်ရေသန့်ရှင်းမှုရှိစေဖို့ လိုအပ်သည်များကို ကူညီပေးနိုင်ပါတယ်။


လူတိုင်း ၊ လူတိုင်းမှာ ဒီကမ္ဘာကြီး သာယာလှပစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အခွင့်အရေးတွေဟာ နေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်မှာ ရှိနေတဲ့အတွက်
တစ်နေရာနေ လောကကြီး သာယာလှပဖို့အတွက် ကူညီပေးလိုက် နိုင်ပါတယ်။


                                                                             ဟနစံ

http://www.lawka-ahla.com/news.php?extend.1098.11

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Tuesday 5 April 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု