MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နယူးဒေလီ(ရခိုင်ရိုးမ) ခိုင်မောင်စိုး May 10, 2011

စစ်တွေ။ ။မနေ့က မြန်မာ့အလင်းသတင်းစာမှာပါရှိတဲ့ မုန်တိုင်းသတိပေးချက် သတင်းတပုဒ်ကြောင့် မုန်တိုင်းဖြစ်လာမယ့်အရေး ကြောက်နေကြတဲ့အတွက် ကျောက်ဖြူ၊ မြေပုံမြို့နယ်ရှိ ဒေသခံတွေမှာ ပိုမိုစိုးရိမ်နေကြကြောင်းကျောက်ဖြူမြို့မှ ဒေသခံတဦးက ပြောပါတယ်။



“သတင်းစာမှာတောပါတယ်။ ဘင်္ဂလားပင်အော်မာ မုန်တိုင်းဖြစ်လာနိုင်တဲ့ သတင်း၊ နောက် မြစ်ဝကျွန်းပေါ်တွေမှာ မိုးသက်လီပြင်းကျနိုင်တဲ့သတင်းတွေ ပါလာတဲ့အခါ ကျနော်တို့ ရိုးစိုးရိမ်ရပါတယ်။ ဂီရိကကျနော်တို့ကို ပုံစံပြပီးပြီး”လို့ ဒေသခံကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သင်္ကြန်ပြီးတဲ့ကာလကတည်းက မိုးအနည်းငယ်ရွာသလို နှစ်ဆန်းတရက်နေ့ကလည်း ကျောက်ဖြူမြို့နား ပင်လယ်ပြင်မှာ ရီကြောင်းငလျင်တခု ဖြစ်ခဲ့ပါတယ်။

အဂုမုန်တိုင်းဖြစ်ဖို့အလားအလာကို ဒေသခံတွေက သတင်းစာအပေါ်အခြေခံပြီးတော စိုးရိမ်နေခြင်းဖြစ်ပါတယ်။
ယ္ခုလို့ မုန်တိုင်းဖြစ်လာမယ့် အနေအထားကို မိုးလေ၀ါသနဲ့ ဇလဗေဒချုပ် ဖြစ်ခဲ့ဖူးတဲ့ ဦးထွန်းလွင် ၀ဘ်ဆိုဒ်မှာလဲ မေလ ၁၀ ရက်ကနေ ၁ရ-ရက်နေ့ အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လာနိုင်ကြောင်း မုန်တိုင်းဖြစ်လာမှုမှာလည်း ၆၀ ရာခိုင်နှုန်းသေချာကြောင်း ဖော်ပြပါထားပါတယ်။

အသက်၉၀ ရှိပြီဖြစ်တဲ့ ဒေသခံ တဦးကလည်း မိုးဦးမိုးနှောင်းတွေမှာ မိုးအနည်းအများဆိုသလို့ မုန်တိုင်းဖြစ်ပေါ်တတ်ကြောင်း သူရဲ့တွေ့ကြုံမှုကို ပြောပြပါတယ်။

အခုရက်တွေအတွင်း မိုးရွာသွန်းမှုနည်းပြီး အပူရှိနိမြင့်တက်နေကြောင်း ကျောက်ဖြူကဒေသခံတဦးကလည်း ပြောပါတယ်။
“အခုရက်တွေမှာ အရင်ထက်ပိုပြီး နေပူပါတယ်။ မိုးလဲရွာအချိန် ရွာလိုက်။ ရာသီဥတုကတော့ ကောင်းမွန်ပါတယ်။ ဒါပေမဲ့ လူတို့တွေကတော့ သတိအမြဲတမ်းထားနေရတယ်လို့ ”လို့ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ ကျောက်ဖြူခရိုင်တို့မှာ ၂၀၁၀/၁၀/၂၂/ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ယနေ့ထက်ထိ နာလန်မထူနိုင်သေးကြောင့် ဒေသခံတွေက ပြောပါတယ်။

“မြေပုံနယ်မှာဆိုရင် ဂီရိကြောင့်ပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်းတွေ မဆောက်ရသေးဘူး၊ စေတီဘုရားပုထိုးတွေ၊ နောက် လယ်သမားတွေအတွက်၊ မျိုးစပါးမရှိသေးဘူး၊ ဈေးတွေကြီးပြီးတော၊ တခြားနယ်တွေက ဝယ်ရတယ်။ ငွေရှိတဲ့ လူမှသာ ၀ယ်နိုင်တာ NGOတွေလည်း ကြီုးစားနေကြပါတယ်။ မြို့နယ်ဘက်တွေမှာဆိုရင် မျိုးစပါး လုံးဝမရှိဘူး”လို့ မြေပုံမြို့ခံတဦးက ပြောပြပါတယ်။

ထိုင်းကြောင်း ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဂီရိသင့်ဒေသတွေမှာ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေ အားနည်းနေသေးကြောင်း သိရပါတယ်။

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 13 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု