MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော မင်းပြားနှင့် ပေါက်တော မြို့နယ်များရှိ ကျေးရွာတချို့သည် ကချင်ပြည် နယ်ဘက်သို့ ရွာလုံးကျွတ် ပြောင်းရွှေ့သွားကြောင်း ဒေသခံ နိုင်ငံရေးပါတီများ က ပြောသည်။

after-Cyclone-Giri


ဂီရိ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်စဉ်က အပျက်အစီးတချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ - AP)
“မိသားစုလိုက်တွေကို သဘောင်္နဲ့ရော ကားတွေနဲ့ပါခေါ်ဆောင်နေတာ နေ့တိုင်းလို တွေ့နေရတယ်၊ ကျနော်တို့ကလည်း သူတို့စားဝတ်နေရေး ဖန်တီးမပေးနိုင်တော့ စိတ်မသက်မသာနဲ့ဘဲ ကြည့်နေရတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၏ ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင် က ဧရာဝတီကို ပြောသည်။

ဦးတက်ထွန်းအောင် က ဆက်လက်ပြီး “ဒီကိစ္စတွေကို ကျနော်ကိုယ်တိုင် ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြဆွေးနွေး ထားပေမယ့် အခုထိတော့ ဘာမှထူးခြားလာတာ မတွေ့ရသေးပါဘူး”ဟုလည်း ပြောဆိုသည်။

ပေါက်တောမြို့နယ်မှ ငပြီတက်၊ ပုဏ္ဏားကြီး၊ ချောင်းစောက်၊ သစ်ပုတ် စသည့်ကျေးရွာများမှ အိမ်ထောင်စုများသည် ယင်းသို့ ပြောင်းရွှေ့နေကြသည်မှာ ပြီးခဲ့သည့် ဧပြီလထဲမှစပြီး ယခုရက်ပိုင်းတွင် ပိုမိုများလာနေကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ၂၂ ရက်တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် ဒေသခံများ၏ လယ်မြေ များ၊ စပါးခင်းများ၊ ရေလုပ်ငန်းသုံးပစ္စည်းကိရိယာ စသည့် အသက်မွေးကြောင်း လုပ်ငန်းများစွာ ဆုံးရှုံးခဲ့ကြရသည်။

ဂီရိဒဏ်ခံခဲ့ရသည်မှာ ၆ လ ကျော်သည့်တိုင် ၎င်းတို့၏ စားဝတ်နေရေးအခက်အခဲ၊ နေထိုင်စရာ အိမ်များမရှိသေးခြင်း၊ ကူညီ ကယ်ပေးနေသော အဖွဲ့များမရှိတော့ခြင်း စသည်တို့နှင့်ရင်ဆိုင်နေရချိန် တနိုင်တပိုင် ရေလုပ်ငန်းလည်း လုပ်ကိုင်ခွင့် မရတော့ ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရသစ်သည် သံတွဲ၊ ဂွ၊ တောင်ကုတ်မှလွဲ၍ ရခိုင်ပြည်နယ်၏ မြို့နယ် ၁၄ ခုရှိမြစ်ချောင်း၊ ပင်လယ်ပြင် ဧရိ ယာ အားလုံးကို လေလံကွက်ပေါင်း၂၀၀ ကျော်ဖန်တီး၍ မေလ ၈ ရက်၊ ၉ ရက်နေ့မှစ၍ လေလံစနစ်ဖြင့် လုပ်ဆောင်လိုက်ခြင်း ကြောင့် တနိုင်တပိုင်ဝမ်းစာရှာဖွေ လုပ်ကိုင်စရာမရှိတော့၍ ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပြ သည်။

“အခုလိုရွာလုံးကျွတ်ပြောင်းရွှေ့သွားရတဲ့ကိစ္စဟာ အဲဒီဒေသအတွက်ရော ရခိုင်ပြည်သူ လူထုအတွက်ပါ အန္တရာယ်ကြီးမားပါတယ်၊ ဒီကိစ္စကို ကျနော်တို့အနေနဲ့ စာရင်းပြုစုနေပါတယ်၊ နောက်ထပ်ဒီလိုမျိုးမဖြစ်ဖို့ အတွက်လုပ်ဆောင်သွားဖို့ပါ”ဟု RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ဧရာဝတီကို ပြောသည်။

၎င်းက ဆက်လက်၍“အဓိကကတော့ လေလံစနစ်ကြောင့်ဖြစ်ပါတယ်၊ တနိုင်တပိုင် ၀မ်းစာရှာသူတွေအတွက် ဘုံငါးဖမ်းကွက် တွေဆောင်ရွက်ပေးဖို့အတွက် ပြည်နယ်အစိုးရကို တောင်းဆိုထားပါတယ်”ဟုလည်း ဆက်ပြောသည်။

မင်းပြားမြို့နယ်၏ ခတောက်ချောင်းကျေးရွာ အုပ်စုနှင့်အလယ်ကျွန်း၊ သင်္ကန်းနား ကျေးရွာတို့မှ အိမ်ထောင်စု တရာကျော် သည်လည်း မေလ ၄ ရက်နေ့တွင် ကားများဖြင့် ကချင်ပြည်နယ်သို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။

ပြောင်းရွှေ့သွားသော ရခိုင်ပြည်သူများသည် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့်တနိုင်းဒေသတို့ရှိ ယုဇန ဦးဌေးမြင့် ပိုင်ဆိုင် သော ပီလောပီနံစိုက်ခင်းများ၊ ရာဘာစိုက်ခင်းများ၌ နေ့စားအလုပ်သမားများအဖြစ် လုပ်ကိုင်ရန် ဖြစ်ကြောင်းသိရသည်။

“ပွဲစားတွေကနေ မက်လုံးတွေပေးတယ်၊ တနေ့ လုပ်အားခ ၅၀၀၀ ကျပ်ရမယ်၊ နေစရာတွေ ပေးမယ်ဆိုတာမျိုးတွေနဲ့ စည်းရုံး ခေါ်တာမျိုးတွေ့နေရတယ်၊ ကျနော်တို့ကလည်း ဒီကိစ္စတွေကို အသေးစိတ် စုံစမ်းနေဆဲပါ”ဟု RNDP ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ဂီရိဒုက္ခသည် တချို့ပြောတာတော့ သူများကူညီမယ့်ဟာကို စောင့်မျှော်နေရတာထက်စာရင် ကိုယ်တိုင်ရှာဖွေစားသောက် ချင် လို့ ပြောင်းတာပါဆိုပြီး ပြောကြတယ်၊ ဒီတော့ တားရခက်တယ်”ဟု ၎င်းကဆက်ပြောသည်။

ယခုကိစ္စသည် ဒေသဆိုင်ရာအာဏာပိုင်များ၊ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်၍ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာဖွေဖန်တီးပေးခြင်း၊ ရေလုပ် သား များ ရေလုပ်ငန်းလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်သင့်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ ခေါင်း ဆောင် ဦးအေးသာအောင် ကလည်း ပြောဆိုသည်။

ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်အကြောင်းများကြောင့် ပြည်ပနိုင်ငံများနှင့်တခြားနေရာ ဒေသများ၌ အခြေချနေထိုင် သူ သန်းချီ၍ ရခိုင်ပြည်နယ်ကို စွန့်ခွာနေကြကြောင်း၊ ရခိုင်ပြည်နယ်၌ ရခိုင်လူဦးရေ နည်းပါးလာကာ ပြည်ပနိုင်ငံသားများ ဦးရေ တိုးပွားလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

“ဂီရိကြောင့် လယ်တွေအားလုံးက လုံးဝ ပျက်စီးသွားတော့ ပြန်ပြီး လုပ်စားမရတော့ဘူး၊ ငါးဖမ်းသူတွေမှာလဲ ငါးဖမ်းစရာ ပစ္စည်းတွေ မရှိတော့တဲ့အပြင် လေလံပေးလိုက်တော့ ဖမ်းမယ့်နေရာ မရှိတော့ဘူးပေါ့”ဟု ပေါက်တောမြို့နယ် ပုဏ္ဏားကြီးရွာမှ ရေ လုပ်သား တဦးက ရှင်းပြသည်။

“သူများတွေ ပြောင်းရွှေ့သွားကြပေမယ့်ကျနော်ကတော့ လုံးဝမပြောင်းဘူး၊ ကျနော့်မှာလှေမရှိရင်လည်းပဲ သူများလှေနဲ့အငှား လိုက်စားမယ်”ဟု ထိုရေလုပ်သားက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့မှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၏ ၀န်ကြီးတချို့ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

http://www.irrawaddy.org/bur/index.php/news/6380-2011-05-13-03-55-09

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 13 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု