MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

BioTechnology ဘာသာရပ်၊ ကျန်းမာရေးစောက်ရှောက်မှု့ဆိုင်ရာ စီမံခန့်ခွဲမှု့ဘွဲ့လွန် (MSc in Health Care Management) ဘာသာရပ် နှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း Dr. Lissy Vadakel မှ ရှင်းလင်း ပြောကြားမည်၊၊ CROWN Education နှင့် စင်္ကာပူနိုင်ငံ Management Development Institute of Singapore (MDIS) တို့ပူးပေါင်း စီစဉ်ဆောင်ရွက်မှု့ဖြင့်၊ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု့ ဘွဲ့လွန်ဘာသာရပ်နှင့် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ၂၀၁၁ သြဂုတ်လမှစ၍ ပထမဆုံးအကြိမ် သင်ကြားပို့ချပေးမည်၊ BSc (Hons) Biotechnology ဘာသာရပ်အကြောင်းနှင့် ဆက်စပ် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို MDIS, School of Life Science မှ ကျောင်းအုပ် Dr Lissy Vadakel မှ မေလ (၂၀) ရက် သောကြောနေ့ ၊ ညနေ (၃) နာရီမှ (၅) နာရီအထိ၊ ရန်ကုန်မြို့  PARKROYAL Hotel တွင် ဆွေးနွေးရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်းသိရပါသည်၊၊



http://www.myanmartraining.com/mt/news/international-education-detail86.htm#unite

အဆိုပါ ဘွဲ့လွန်သင်တန်းသည်၊ ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းနယ်ပယ်များတွင် အလုပ်လုပ် ကိုင်လိုသူများအတွက် တက်ရောက်သင့်သော ပရိုဂရမ်တစ်ခုဖြစ်ပြီး၊ ဆေးရုံဆေးခန်းများ၊ ကျန်းမာရေးဝန်ဆောင်မှု့၊ စောင့်ရှောက်မှု့ အဖွဲ့အစည်းများအတွက် မရှိမဖြစ်လိုအပ်သော စီမံခန့်ခွဲမှု့ ဘာသာရပ်များ၊ အဆိုပါလုပ်ငန်းများနှင့် ပတ်သက်သည့် ဈေးကွက်စီးပွားရေးဖေါ်ဆောင်မှု့များ၊ ကျန်းမာရေး စောက်ရှောက်မှု့ လုပ်ငန်းများတွင် တွေ့ရတတ်သည့် ပြဿများကို ဖြေရှင်းကိုင်တွယ်ခြင်း၊ ဆေးရုံ ဆေးခန်း များနှင့် ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို ကိုင်တွယ်နိုင်ခြင်း စသည့် အရည်အချင်းများ ရှိလာနိုင်ရန် သင်ကြားပိုချပေးမည့် ဘွဲ့လွန်ပရိုဂရမ်တစ်ခုဖြစ်ပြီး စင်္ကာပူနိုင်ငံရှိ Edu Trust လက်မှတ်ရ ကျောင်းများထဲတွင် MDIS သည် အထက်ပါ ဘွဲ့လွန်ပရိုဂရပ်နှင့် BSc (Hons) Biotechnology ဘာသာရပ်ကို သင်ကြားပို့ချသော တစ်ခုတည်းသော ကျောင်းဖြစ်ကြောင်းသိရသည်၊၊ “BioTechnology ဘာသာရပ်မှာ လက်ရှိကျန်းမာရေးလောကမှာ ရင်ဆိုင်နေရတဲ့  Hepatitis B ပြဿနာတွေ၊ HIV ကာကွယ်ဆေးထုတ်လုပ်မှု့ ဖြစ်စဉ်တွေ နဲ့ DNA Vaccines တွေကို Bird Flu ကာကွယ်ဆေးတွေနဲ့ လေ့လာပုံတွေစတဲ့ လက်ရှိဆေးပညာလောက အခြေအနေတွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်၊၊ နောက်ပြီး ဒီဘာသာရပ်ဟာ Biology, Chemistry နဲ့ Engineering ဘာသာရပ်တွေကို ပေါင်းစပ်ထားတဲ့ ဘာသာရပ်ဆိုရင်လည်း မမှားပါဘူး၊၊ ဒီဂရီကိုတော့ Northumbria University ကချီးမြှင့်မှာဖြစ်ပါတယ်၊၊”

“ကမ္ဘာ့ကျန်းမာရေး စောက်ရှောက်မှု့ အခန်းကဏ္ဍတွေမှာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု့တွေက အရမ်းမြန်ပါတယ်၊၊ အဲဒီလို ပြောင်းလဲမှု့တွေအလိုက် လုပ်ငန်းတွေကိုပြင်ဆင်နိုင်ဖို့နဲ့ ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ လိုက်နာ ရမယ့် ကျင့်ဝတ်တွေ၊ အသိပညာပေးတာတွေ၊ လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်မယ့် ဘွဲ့လွန်သင်တန်း တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံက MBBS ဘွဲ့ ရတွေနဲ့  ဆေးဝါးကျွမ်းကျင်ဘွဲ့ ရကျောင်းသားတွေ အတွက် ဒီလွန်သင်တန်းက များစွာ အထောက်အကူပြုနိုင်ပါလိမ့်မယ်” – by U Aung Kyaw San, CROWN Education "ထူးခြားမှု့တစ်ခုအနေဖြင့်၊ တကမ္ဘာလုံးရှိ University of Wales ကျောင်းသူ၊ ကျောင်းသား ၁၁,၀၀၀ ကျော် ၀င်ရောက်အသုံးပြုနေသည့် ခေတ်မှီစုံလင်သည့် Electronic Resources များကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည့်အပြင်၊ Exit Qualification အနေဖြင့် အကယ်၍ ကျောင်းသူ၊ ကျောင်းသားမှ အဆိုပါ မာစတာကို ပြီးဆုံးအောင်မတက်ရောက်နိုင်ခဲ့ပါက၊ Module (၄) ခု ပြီးဆုံးသူများကို၊ “Post Graduate Certificate” ချီးမြင့်မည်ဖြစ်ပြီး၊ Module (8) ခုပြီးဆုံးသူများကို “Postgraduate Diploma” ချီးမြင့်မည်ဟုသိရပါသည်၊၊ ထူးချွန်သောကျောင်းသား ကျောင်းသူများအတွက် စင်္ကာပူ ဒေါ်လာ တစ်သောင်း ထောက်ပံ့ကြေးရရှိမည့် MDIS Merit Scholarship ကိုလျှောက်ထားနိုင်မည့် အခွင့်အရေးများအကြောင်းနှင့် ဘာသာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ အကြောင်းကို မေလ (၂၀) ရက်နေ့ အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် ရှင်းလင်းပြောကြားပေးမည်ဖြစ်ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် အသေးစိတ်အချက်များကို CROWN Education, Summit Parkview Hotel, အလုံလမ်း၊ အလုံမြို့ နယ်၊ အခန်း (၂၂၈ -၂၂၉)၊ ဖုန်းနံပါတ် ၂၁၁ ၈၈၈ (လိုင်းခွဲ ၂၂၈) နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ပါသည်၊၊

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 27 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု