MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

လာမည့် (၂၀၁၁)ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်မည့် စီးပွားရေးဒီပလိုမာကို တက်ရောက်မည့်ထူးချွှန်သော ကျောင်းသား ကျောင်းသူများအား Unitedworld School of Business မှ ရာနှုန်းပြည့် ပညာသင်ဆု(၁)ဆုနှင့် (၅၀)ရာခိုင်နှုန်း ပညာသင်ဆု(၂)ဆုကို ချီးမြှင့်မည်ဖြစ်ပြီး (၂၀၁၁) ခုနှစ် ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ Synergy Education တွင် လျှောက်ထားနိုင်ကြောင်းသိရသည်။


ထိုပညာသင်ဆုများကို တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ၊ အောင်မြင်ပြီး သူများ၊ IGCSE , GCE O Level, GCE A Level အောင်မြင်ထားသူများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ABE နှင့် NCC တို့မှချီးမြှင့်သော ဒီပလိုမာရရှိထားသူများ လျှောက်ထားနိုင်ပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး IELTS (5.0) ရှိထားသူများအနေဖြင့် စီးပွားရေးဒီပလိုမာကို Unitedworld တွင် (၁)နှစ် ကြာတက်ရောက်ရပါမည်။ IELTS အမှတ်မရှိပါက Unitedworld ၏ အင်္ဂလိပ်စာ စာမေးပွဲကို Synergy Education တွင် ဖြေဆိုနိုင်ပါသည်။ ဒီပလိုမာအောင်မြင်ပြီးပါက အဆင့်မြင့်ဒီပလိုမာကို (၁)နှစ်ကြာ ဆက်လက်တက်ရောက်နိုင်ပါသည်။ ထို့နောက် ဒီဂရီအတွက် နောက်ဆုံး(၁)နှစ် ထပ်မံတက်ရောက်ပြီးလျှင် UK ရှိ University of Bolton မှ ချီးမြှင့်မည့် Bachelor of Arts in Business Management (Hons) စီးပွားရေးဘွဲ့ကို ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် စင်္ကာပူနိုင်ငံရှိ Unitedworld တွင် (၃) နှစ်ကြာတက်ရောက်ရုံမျှဖြင့် UK မှချီးမြှင့်သော စီးပွားရေးဘွဲ့ကို ရရှိပါမည်။

စီးပွားရေးဒီပလိုမာနှင့် အဆင့်မြင့်ဒီပလိုမာတို့အတွက် Unitedworld မှချီးမြှင့်သော ဒီပလိုမာအောင်လက်မှတ်များ အပြင် Association of Business Executives (ABE) နှင့် Chartered Institute of Marketing (CIM) တို့မှ ချီးမြှင့်သော ဒီပလိုမာတို့ကိုပါ ပူးတွဲရရှိမည်ဖြစ်၍ များစွာအကျိုးရှိပါသည်။ ABE စာမေးပွဲကို ပထမဆုံးအကြိမ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲကြေးကို Unitedworld မှ စိုက်ထုတ်ပေးပါမည်။ ဇူလိုင် Intake အတွက် Unitedworld မှ ချီးမြှင့်မည့် Scholarship နှင့်ပတ်သက်၍ "တက္ကသိုလ်ဝင်တန်း၊ ဒါမှမဟုတ် IGCSE ကို အမှတ်ကောင်းကောင်းနဲ့အောင်ထားတဲ့ ကျောင်းသားတွေ အနေနဲ့ Unitedworld ရဲ့ စီးပွားရေး Diploma အတွက် Scholarship လျှောက်နိုင်ပါတယ်။ အမှတ်မြင့်လေ ၊ Scholarship ရဖို့အခွင့်အလမ်း ပိုများလေပဲ။ ဒီ Scholarship ကမြန်မာနိုင်ငံတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတကာကျောင်းသားအားလုံးအတွက် ပေးတာဖြစ်လို့ ယှဉ်ပြိုင်မှုနှုန်းမြှင့်ပါတယ်။ Unitedworld ရဲ့ ရည်ရွယ်ချက်က စီးပွားရေးနယ်ပယ်မှာ ထူးချွန်တဲ့ လုပ်ငန်းရှင်တွေ နဲ့ မန်နေဂျာတွေကို မွေးထုတ်ပေးချင်တာပါ။ ဒါကြောင့် ကျောင်းစာမှာတော်ရုံ တစ်ခုတည်းနဲ့ ပညာသင်ဆုမပေးပါဘူး။ ဘက်စုံထူးချွန်မှရတာပါ။ Unitedworld က (၂၀၁၁) ခုနှစ် ဇန်နဝါရီလမှာဖွင့်ခဲ့တဲ့ စီးပွားရေးဘွဲ့လွန်ဒီပလိုမာအတွက် Scholarship ပေးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံအနေနဲ့ Synergy Education ကနေ ၀င်ဖြေတဲ့ ကျောင်းသား(၄)ယောက် ရခဲ့ပါတယ်။ Scholarship (၇၅%) အတွက် (၂)ယောက်၊ (၅၀%) နဲ့ (၂၅%) အတွက် (၁)ယောက်စီ အသီးသီး ရရှိခဲ့ကြပါတယ်။ အခုလည်း အဲဒီတုန်းကလိုမျိုးဘဲ ထူးချွန်တဲ့ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးမဲ့ အစီအစဉ်ပါ။ ဒီတစ်ကြိမ်ကတော့ (၁၀)တန်းအောင်ထားတဲ့ ကလေးတွေအတွက်ပါ " ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင် ကပြောပါသည်။

ပညာသင်ဆုနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ခြံအမှတ် (၅၂၀/D-၁) ၊ ရွှေဂုံတိုင် (Excel Tower အနောက်ဖက်) ၊ ကမ္ကာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ရှိ Synergy Education ၊ ဖုန်း - ၅၅၈၄၂၈ ၊ ၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်နိုင်ပါသည်။ Unitedworld သည် စကာင်္ပူနိုင်ငံပုဂ္ဂလိက ပညာရေးကောင်စီမှ ပေးအပ်သည့် Edu Trust လက်မှတ်ကိုအစောဆုံး ရရှိထားသည့်ကျောင်းများထဲတွင် ပါဝင်သည်။ Unitedworld သည် Tampines တွင် တည်ရှိပြီး ကျောင်းအနီးတွင် ကွန်ဒိုတိုက်ခန်းများ၊ Shopping Centre များ၊ MRT Station နှင့် ဘတ်(စ်)ကားဂိတ်များ ရှိသဖြင့် နေထိုင်စားသောက်သွားလာရေးတို့ အတွက် များစွာအဆင်ပြေကြောင်းသိရသည်။ Unitedworld တွင် မြန်မာနိုင်ငံအပြင် ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် အစရှိသည့် နိုင်ငံတကာမှ ကျောင်းသားများလည်း တက်ရောက်သင်ကြားလျက် ရှိသည်။

http://www.myanmartraining.com/mt/news/international-education-detail86.htm#unite

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 27 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု