MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

နိုင်ငံတက္ကသိုလ်များသို့ သွားရောက်သင်ကြားလိုသော ကျောင်းသားကျောင်းသူများအတွက် University Foundation Program များကိုဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော YIUS ကျောင်းနှင့် အင်္ဂလန်နိုင်ငံအခြေဆိုက် Bellerbys College တို့ပူးပေါင်းစီစဉ်မှုဖြင့် အင်္ဂလန်နိုင်ငံရှိ University of Oxford, University of Cambridge, University College London, University of Nottingham, University of Edinburgh, London School of Economics and Imperial College London အစရှိသောထိပ်တန်း တက္ကသိုလ် ၅၀ ကျော်သို့ တိုက်ရိုက် တက်ရောက်နိုင်သော အခွင့်အလမ်းများအကြောင်း ဟောပြောပွဲကို အဆိုပါကောလိပ်မှ Ms. On-In Pipatchaisiri ကိုယ်တိုင်လာရောက် ဆွေးနွေး ဟောပြောမည်ဖြစ်ပါသည်။


ဆရာဝန်ဖြစ်လိုသော ကျောင်းသားကျောင်းသူများ အတွက် Bellerbys College တွင် Oxbridge & Medical Preparation တက်ရောက်ပြီး ထိပ်တန်း Medical school များသို့တိုက်ရိုက် သွားရောက်နိုင်ကြောင်းသိရှိရပါသည်။ သင်ကြားမှုအတွေ့အကြုံ နှစ်ပေါင်း ၅၀ ရှိပြီ ဖြစ်သော Bellerbys College မှထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူများ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်နှစ်ခုဖြစ်သော University of Oxford နှင့် University of Cambridge တွင် ပညာဆက်လက်သင်ကြား လျှက်ရှိပါသည်။ အဆိုပါ Bellerbys College တွင် Engineering & Computer Science, Management Computing Systems, Humanities, Law and International Relations, Chemical Engineering, Science and Pharmacy ( Pre-Medical ), Business, Finance and Management, Media, Art & Design အစရှိသော ဘာသာရပ်များကို တက်ရောက်နိုင်ပါသည်။ ထူးချွန်သောကျောင်းသားများ အတွက် အင်္ဂလန်နိုင်ငံတက္ကသိုလ်များမှ ပေးအပ်သော UK Scholarships and Bursaries 2011-12 ကိုလည်း ရရှိနိုင်ပါသည်။ အဆိုပါဟောပြောပွဲကို ၂၀၁၁ခုနှစ်၊ မေလ ၂၈ ရက်၊ စနေနေ့ နေ့လည် (၁) နာရီ မှ (၃) နာရီ ထိ TRADER HOTEL ကုန်းဘောင်တကောင်းခန်းမ တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ နှင့် ဘွဲ့ရပြီးသောကျောင်းသား ကျောင်းသူများ၊ မိဘများပါ အခမဲ့တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုသော ကျောင်းသားကျောင်းသူများနှင့် မိဘများ YIUS ကျောင်းတည်ရှိရာ အဆောင်(၇)၊ အခန်း ( ၄)၊ မြန်မာအင်ဖိုတက်သို့ လူကိုယ်တိုင် ( သို့ ) ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ၀၉-၇၃၁၄၈၇၃၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။

http://www.myanmartraining.com/mt/news/international-education-detail86.htm#unite

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 27 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု