MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

UK ၏ ဟိုတယ်လုပ်ငန်းများ ပြန်လည်ပြင်ဆင်မှု စတင်နေသည့် အတွက် Tourism နှင့် Hospitality ဘာသာရပ်အား စိတ်ပါဝင်စားသူ ကျောင်းသူ၊ ကျောင်းသားများအတွက် အထူးအလုပ်အကိုင် အခွင့်အလမ်းများပေါ်များလာကြောင်း Study Abroad မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


Tourism နှင့် Hospitality ဘာသာရပ်ကို စိတ်ပါဝင်စားသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုလာနိုင်ခြင်း အကြောင်းများတွင် ဥရောပ၏ ရာသီဥတု ဖောက်ပြန်မှုကြောင့် ခရီးသွားလုပ်ငန်းများ ယိမ်းယိုင်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လန်ဒန်ရှိ ဟော်တယ်များမှာ အရှိန်ကောင်းဖြင့် တိုးတက်လာခဲ့ခြင်းကြောင့် international student များအတွက် work placement ဆင်းနိုင်ခွင့်များ ရလာနိုင်ကြောင်းသိရသည်။ “လန်ဒန်မှာဟော်တယ် လုပ်ငန်းတိုးတက်လာတာဟာ အလားအလာကောင်းတွေ ဖြစ်လာခဲ့ပါတယ်။ International Student များအတွက် Hotel တွေခပ်များများဖွင့်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပညာသင်ယူနေခြင်းဟာ Work Placement ဆင်းဖို့ အခွင့်အရေးကောင်းတွေရှိလာတာပါ။ ဒါကြောင့် မြန်မာကျောင်းသားတွေ အနေနဲ့လည်းဒါကို သိထားသင့်ပါတယ်” ဟု Study Abroad မှ မစိုးစိုးသန့်က ရှင်းပြသည်။ “work placement နဲ့ ပတ်သက်ပြီး အခွင့်အလမ်းကောင်းတွေရှိတဲ့ ကျောင်းတွေ အင်္ဂလန်နိုင်ငံမှာရှိပါတယ်။ အဲဒိထဲမှာ Ealing, Hammersmith & West London College သည် Government Funded College ဖြစ်ပြီးတော့ England နိုင်ငံရဲ့ ဒီနေ့ခေတ်စီးပွားရေးနဲ့ လိုက်ဖက်ညီတဲ့ ဘာသာရပ်တွေကို ရွေးချယ်နိုင်တဲ့အပြင် ကျောင်းပြီးသည့်အခါမှာလည်း လုပ်ငန်းခွင်သို့ အခက်အခဲမရှိဝင်နိုင်ပါတယ်။ Postgraduate Diploma in Hospitality & Leadership Management, Postgraduate Diploma in Cullnury Arts & Kitchen Management, MBA in Hospitality Management တို့ကို လေ့လာသင်ယူမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိနိုင်မှာပါ” ဟု Study Abroad မှ တာဝန်ရှိသူ တစ်ဦးမှ ရှင်းပြသည်။

http://www.myanmartraining.com/mt/news/international-education-detail86.htm#unite

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 27 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု