MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

PSB Academy မှ 2011 အတွက် ဒုတိယအကြိမ် ကျောင်းဝင်ကြေးကင်းလွတ်ခွင့်နှင့် အင်္ဂလိပ်စာ ဖြေဆိုခွင့် .
အစီအစဉ်နှစ်ရပ်ထုတ်ပြန်ကြေငြာ . . . . . . . . . . . ..f . . . . . . . . . .
. .. . . . . .


“Best Singapore Experience Award 2010” ဆုရရှိထားသော PSB Academy ကျောင်းသည် ယခုအခါတွင်လည်း ဒုတိယအကြိမ် အစီအစဉ်အနေဖြင့် GCE “O” Level / IGCSE ကျောင်းသားများ အတွက်သာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ကျင်းပမည်ဖြစ်ကြောင်း Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှု ကုမ္ပဏီမှ သိရှိရပါသည်။ PSB Academy ၏ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲသည် GCE “O” Level / IGCSE အင်္ဂလိပ်စာ ဘာသာရပ်တွင် အနိမ့်ဆုံး Grade C မရှိသော ကျောင်းသားများအတွက် Foundation, Diploma ကို တက်ရောက်နိုင်ရန်အတွက် ဒုတိယအကြိမ် စစ်ဆေးခြင်းဖြစ်ပါတယ်။ PSB Academy ၏ အင်္ဂလိပ်စာဖြေဆိုခွင့် အရည်အချင်း သတ်မှတ်ချက်မှာ GCE “O” Level / IGCSE တွင် အနိမ့်ဆုံး Grade D or E ရှိရမည်ဖြစ်ပြီး ၊ အင်္ဂလိပ်စာဘာသာရပ်တွင် Grade F နှင့် တခြားဘာသာရပ်များတွင် Grading ကောင်းကောင်းရှိထားရမည်ဖြစ်သည်။ ၎င်းစာမေးပွဲကို Foundation နှင့် Diploma, Certificate Programs များအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိမည်။ ခြွင်းချက်အနေဖြင့် Grade U (Unknown) အဆင့်ရရှိထားသော ကျောင်းသားများ ဝင်ရောက် ဖြေဆိုခွင့်မရှိကြောင်းသိရသည်။ ထို့ပြင် PSB Academy ကျောင်းသို့ လျှောက်ထားရာတွင် 2011 ခုနှစ် မတ်လ (၁၆) ရက်၊ တနင်္လာနေ့မှ မတ်လ ၂၃ ရက်၊ တနင်္လာနေ့အထိ ကျောင်းလျှောက်လွှာများကို ကျောင်းဝင်ကြေး “စင်ကာပူဒေါ်လာ 353 ” ပေးသွင်းစရာမလိုပဲ လက်ခံမည်ဖြစ်ကြောင်း၊ PSB Academy ကျောင်းကို အမှန်တကယ်တက်ရောက်လိုသော ကျောင်းသားများသာ အထက်ပါအစီအစဉ် နှစ်ရပ်၏ အကျိုးကျေးဇူးကိုရှိနိုင်မှာ ဖြစ်ကြောင်း MSI မှ သိရှိရပါသည်။

၎င်း GCE “O” Level နှင့် IGCSE တို့တွင်ဘာသာရပ်ပေါင်း (၃၀) ကျော်ဝန်းကျင်ရှိရာ ယနေ့မြန်မာနိုင်ငံမှ ကျောင်းသားအများဆုံး စိတ်ဝင်စားဖြေဆိုသော ဘာသာရပ်မှာ (၁၁) ဘာသာရပ်ဝန်းကျင်ခန့်ရှိကြောင်း ၎င်းဘာသာရပ်များမှာ - English, Maths 1, Maths 2, Physics, Chemistry, Biology, Accounting, Economics, Computing, Commerce, Human Bio ဖြစ်ကြောင်း၊ GCE “O” Level တွင် Cambridge နှင့် Ederxcel နှစ်မျိုးရှိရာ Singapore နိုင်ငံကို ကျောင်းတက်ဖို့ စိတ်ဝင်စားသော ကျောင်းသားများသည် ဦးစားပေး Cambridge ကို ဦးစားပေးဖြေဆိုကြကြောင်း MSI မှ Managing Director ဒေါ်စုစုလှိုင်ထံမှ သိရှိရပါသည်။ စာမေးပွဲဖြေဆိုရမည့် အချိန်နှင့် နေရာသတ်မှတ်ချက်မှာ - မန္တလေးမြို့တွင် ၂၂ ရက်၊ ၅ လ၊ ၂၀၁၁ (တနင်္ဂနွေနေ့) ၊ နံနက် ၁၁ နာရီမှ ၁၂ နာရီထိ နှင့် ရန်ကုန်မြို့တွင် ၂၀ ရက်၊ ၅ လ၊ ၂၀၁၁ (သောကြာနေ့) နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၁ နာရီ ထိကျင်းပပါမည်ဖြစ်ပါသဖြင့် စာမေးပွဲဖြေဆိုမည့်သူများနှင့် တစ်ဦးချင်းဆွေးနွေးမည့်သူများသည် MSI ရုံးခန်း၊ ဖုန်းနံပါတ် - ၀၁- ၂၅၀၉၂၉ ၊ ၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ ကြိုတင်ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်ပါသည်။

http://www.myanmartraining.com/mt/news/international-education-detail86.htm#unite

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 27 May 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု