
ဘီဂျီ သွေးကူညီပေးရေးအဖွဲ့မှ ပခုက္ကူ ရေဘေးသင့်ကျေးရွာ စာသင်ကျောင်းများအတွက် ကျောင်းသုံး အထောက်အကူပြု ပစ္စည်းများ လှူဒန်း
ဘီဂျီ သွေးကူညီပေးရေးအဖွဲ့က ဦးဆောင်ပြီး မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသုံး ဗလာစာအုပ်တွေ
လှူဒါန်းဖို့ အတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြစ်ခြေရွာမှာရှိတဲ့ အဖွဲ့ဝင်တွေထံသို့ ကျောင်းသုံး ဗလာစာအုပ်တွေကို သွားရောက် အပ်နှံ ခဲ့ကြပါတယ်။ ဒီလှူဒါန်းမှုကို
ရွှေပြည်သာ မေတ္တာရှင် ဆရာတော် အရှင်ဇဝနနဲ့ ဘီဂျီ သွေးကူညီပေးရေး အဖွဲ့တို့ ပူးပေါင်းပြီး စာအုပ် ဒါဇင်ပေါင်း ၃၀၀ ခန့်ကို လှူဒါန်း ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီဂျီ
သွေးကူညီပေးရေး အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းတည်ထောင် ခဲ့တာဖြစ်ပြီး သွေးကူညီပေးရေး လုပ်ငန်းတွေအပြင် တဖက်မှာ ပညာရေး၊ ကျန်းမာရေး
နဲ့ လူမှုရေး လုပ်ငန်းတွေကို တက်အားသရွေ့ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။
http://www.burmavjmedia.net/
0 ( မှတ်ချက်ရေးချင်ရင် )