MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ရခိုင်အမျိုးသား သတင်းစာ ၂၀၁၁-ခုနှစ် ဇူလိုင်လ ထုပ်၊ အတွဲ (၅) အမှတ် (၅) တွင် ကော့စမွီကျွန်းမှ ရခိုင် လူငယ်များ သတင်းနှင့် သမိုင်းစာပေဖြန့်ချီးရေးအသင်းကို နောက်ခံထား၍ ရေးသားထားသောရခိုင်ဧက ဒွေးရစေချင် ဟူသော အေဒီတာ ဘစောတင်၏ ဆောင်းပါးကို ဖတ်လိုက်ရသဖြင့်၊ ၄င်း ရခိုင်ဧက ဒွေမရ ဆိုသော စကားသည်၊ ဘာကြောင့် ဖြစ်ပေါ်လာရ သနည်း၊ မည်သူက စ၍ ပြောဆိုခဲ့သနည်း၊ မည်သည့် အချိန်မှ စတင် ပေါ်ပေါက် လာသနည်း စသည်စသည် အတွေးများနှင့်အတူ၊ အမှန်ပင် ရခိုင်ဧက ဒွေမရတော့ပြီးလော၊ အဘယ့်ကြောင့် ရခိုင်ဧက ဒွေမရ ဖြစ်နေရ သနည်းဟူ၍ မေးခွန်း ပေါင်းများစွာ ဖြစ်ပေါ်ခံစားခဲ့ရ၏။

လက်ရှိကျွန်ုပ်တို့ ရခိုင်လူ့အသိုင်းအဝိုင်းမှ အမျိုးသားရေးကို စိတ်ဝင်စားသူများကို လေ့လာကြည့်ပါစို့၊ လူတို့သည် မိမိတို့ ကျင်လည်ခဲ့ရသော ဘဝပေးအခြေအနေအရ စိတ်နေစိတ်ထားနှင့် စိတ်ဝင်စားမူများ ကွာခြားကြလေသည်၊ တစ်ချို့ က ပညာရေးကို စိတ်ဝင်စားကြသလို၊ တစ်ချို့က စီးပွားရေးဖက်ကိုသာ စိတ်ဝင်စားကြ၏၊ ထို့အတူ တစ်ချို့ကလည်း သမိုင်းဆိုင်ရာများကို စိတ်ဝင်စားကြလေသည်၊ သို့သော် ၄င်းပုဂ္ဂိုလ်တို့သည်၊ စိတ်ဝင်စားမူခြင်းသာ ကွဲပြားကြသော်လည်း မိမိတို့၏ အဖရခိုင်ပြည်ကြီးကို တိုးတက်စေလိုသော တူညီသော ဆန္ဒအာသာရှိကြလေသည်။
၎င်းသုံးဦးတို့သည် တစ်နေရာတွင် ဆုံဆည်းကြ၍ ရခိုင်ပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ပြောဆိုကြသည် ဆိုကြပါစို့၊ ပညာရေးကို စိတ်ဝင်းစားသူသည် ရခိုင်ပြည်ကြီးတိုးတက်ရာ တိုးတက်ကြောင်းအတွက် အဓိကလိုအပ် သည်မှာ ပညာရေးဟု အခိုင်အမာ ပြောဆိုပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ပညာရေးကို စိတ်ဝင်စားသောကြောင့် ဟု ကောက်ချက်ချရပေတော့မည်။
ထိုနည်းတူစွာ စီးပွားရေးကို စိတ်ဝင်စားသူသည်လည်း စီးပွားရေးသာ အဓိကဟု ပြောဆိုပြီး၊ သမိုင်းကို စိတ်ဝင် စားသူသည်လည်း၊ လူမျိုးတစ်ခုအတွက် သမိုင်းသည်သာ အဓိကကျ၍ သမိုင်းပျောက်ကွယ်လျှင် လူမျိုးပါ ပျောက်ကွယ် မည်ဖြစ်သောကြောင့်ဟု ဆိုကာ၊ မင်းဘာကြီးမှ အစပြုကာ အတီတေဗာရဏသီ ချီတော့မည်မှာ ဧကန်မလွဲပေ။
ထိုသို့ပြောဆိုကြရင်း ထိုပုဂ္ဂိုလ်သုံးဦးတို့သည် တစ်ယောက်နှင့် တစ်ယောက် အယူအဆများကွဲပြားကာ မည့်သူ့ စကားကိုမှ လက်ခံကြတော့မည်မဟုတ်ပေ၊ နောက်ထပ်၍ တွေ့ဆုံဆွေးနွေးရန်လည်း ဆန္ဒရှိမည် မဟုတ်တော့ပေ၊ ဤသည်မှာ ယနေ့တွေ့ကြုံနေကြရသော ကျွန်ုပ်တို့၏ ရခိုင်လူ့အသိုင်းအဝိုင်းမှ အမျိုးသားရေးကို စိတ်ဝင်စားသည်ဆိုသော (ဝါ) အဖရခိုင်ပြည်ကြီးကို တိုးတက်စေလိုကြသည်ဆိုသော မျိုးချစ် ရခိုင်ပုဂ္ဂိုလ်ကြီးများတို့၏ လက်တွေ့ အဖြစ်အပျက်များ ဖြစ်ကြပေသည်။ သို့သော် ထိုပုဂ္ဂိုလ်တို့သည် တကယ်ပင် အမျိုးကိုချစ်ကြပေသည်၊ တကယ်ပင်အဖရခိုင်ပြည်ကြီးကို တိုး တက် စေလိုကြပေသည်။
ထို့သို့ တိုးတက်စေလိုခြင်းဟုဆိုအပ်သော တူညီသောဆန္ဒရှိပါလျှက် ရခိုင်ဧက ဒွေမရ ဖြစ်နေကြရခြင်းသည် အထက်က ဖော်ပြခဲ့သော သဘောထားချင်းကွာခြားမူကြောင့်သာဖြစ်ပေသည်။
တစ်ခါက တစ်နေရာတွင် အကျွန်ုပ်နှင့် လူတစ်ယောက်ဆုံကြ၍ ရခိုင်ပြည်ကြီးတိုးတက်ရာ တိုးတက်ကြောင်းကို စကားစမြည်း ပြောဖူးကြလေသည်၊ ထိုလူကြီးသည်ကား အံ့သြလောက်အောင် ရခိုင်သမိုင်းကို လေ့လာသိရှိထားသူ တစ်ယောက်ဖြစ်သည်အားလျှော်စွာ၊ ရခိုင်သမိုင်းအစဉ် အဆက်များကို ရေပက်မဝင်အောင် ပြောလေတော့သည်၊ ထိုနေ့ အဖို့ ကျွန်ုပ်တို့နစ်ယောက် ပြောဆိုနေသည်မှာ ည ၁ နာရီထိုးသွားသည်အထိပင် ဖြစ်လေသည်၊ ကျွန်ုပ်သည်ကား သမိုင်း ကို စိတ်ဝင်စားသူတစ်ယောက် မဟုတ်ခဲ့၍ ထိုသူ သဘောကျလောက်အောင် ပြန်လည် ချေပပြောဆိုနိုင်စွမ်း မရှိခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်၊ ထိုသူ၏ စိတ်ထဲတွင် ကျွန်ုပ်ကို မှတ်ချက်ပေးသွားသည်မှာ ရခိုင်သားဖြစ်ပြီး ရခိုင်သမိုင်းကို မသိ၍ ရခိုင်ပြည်အတွက် ဘာမှ အသုံးမဝင်သော လူတစ်ယောက်ဟု ဖြစ်လေသည်။
ဤသို့မှတ်ချက်ပေးသွားသည်မှာ ထိုသူစိတ်ဝင်စားသော သမိုင်းပညာရပ်အတွက် မှန်မည်မှာ မုချဖြစ်ပေသည်၊ ရခိုင်သမိုင်းကို ရခိုင်းသားတိုင်းသိထားသင့်သည်မှာ လုံးဝမှန်ကန်သော အယူအဆတစ်ခုအဖြစ် အကျွန်ုပ်လက်ခံပါသည်၊ သို့သော် ရခိုင်သားတိုင်းကား ရခိုင်သမိုင်းကို သိနေကြသည်မဟုတ်၊ မိမိတို့သန်ရာသန်ရာကို လေ့လာနေကြမည်သာ ဖြစ်လေသည်။ ဤနေရာ၌အကျွန်ုပ် တစ်ခုမေးလိုသည်မှာ၊ ထို့သို သမိုင်းကို လူတိုင်းမသိကြခြင်းဟူသော အကြောင်းတစ်ခု တည်းကြောင့် ရခိုင်ပြည်ကြီးကို တိုးတက်အောင် (ဝါ) လွတ်မြောက်အောင် မလုပ်ဆောင်နိုင်တော့ပြီးလော၊ လုပ်ဆောင်၍ မရတော့ပြီးလော။
ထိုအဖြေကို မဖြေမီ တစ်ခု တင်ပြချင်သည်မှာ၊ လူ့အသိုင်းအဝိုင်းကြီးတစ်ခု တိုးတက်ကြီးပွားအောင် လုပ်ဆောင် ရာ၌ သမိုင်းပညာရှင်သက်သက်ဖြင့်လည်း မဖြစ်သလို စီးပွားရေးသမား သက်သက်ဖြင့်လည်း ရည်ရှည် မတည်မြဲနိုင်ပါ။ လူပေါင်းမြောက်များစွာဖြင့် ထောင့်ပေါင်းစုံမှ အလုပ်ပေါင်းစုံကို လုပ်ကြရမည် ဖြစ်သည်။ ထိုလူအများထဲတွင် မိမိတို့ သန်ရာသန်ရာများကို စိတ်ဝင်စားသူများသာဖြစ်ကြပေလိမ့်မည်။ သမိုင်းကို စိတ်ဝင်စားသူ သက်သက်ချည်းလည်းမဟုတ်၊ ပညာရေးကို စိတ်ဝင်စားသူ သက်သက်လည်းမဟုတ်၊ စီးပွားရေးကို စိတ်ဝင်စာသူချည်းလည်း သက်သက်မဟုတ်ပေ။

ပညာရေးကိုသာ စိတ်ဝင်စားသူများ သက်သက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့သည် ပညာရေးကိုသာ လုပ်ဆောင် နိုင်အား ပိုမိုကောင်းမွန်ပါလိမ့်မည်၊ စီးပွားရေးကို စိတ်ဝင်စားသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့သည်၊ စီးပွားရေးကိုသာ ပိုမိုလုပ်ဆောင်နိုင်အား ကောင်းမွန်ကြပေလိမ့်မည်၊ သမိုင်းကို စိတ်ဝင်စားသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့သည် သမိုင်း ပညာရပ်ကို လေ့လာရာ၌ ပိုမိုလုပ်ဆောင်နိုင်ကြပေလိမ့်မည်။

၎င်းအဖွဲ့ များသည် မိမိတို့နှင့် သဘောထားချင်းမတူဟု ဆိုကာ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝေဖန်တိုက်ခိုက် နေသမျှကာလပတ်လုံး၊ ရခိုင်ဧက ဒွေမရ ဆိုသော စကားအတိုင်း ခရီးကြမ်း နှင်နေကြရပေအုံးမည်။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟု သဘောထားကာ ငြင်းခုန်နေခြင်းဖြင့် ဒွေ ရလာကြ မည်ကား မဟုတ်ပေ။
အထက်က ဖော်ပြခဲ့သည့်အတိုင်း တိုးတက်စေလိုသော ဆန္ဒအာသာ တူညီနေပါလျှက် ကျွန်ုပ်တို့ ဘာ့ကြောင့် ပေါင်းစပ်၍မရပဲ ဖြစ်နေကြရမည်နည်း၊ ဦးတည်ချက်တူညီနေလျှင် ဝါသနာချင်းမတူသော်လည်း ပေါင်းစပ်၍ ရကိုရစေ ရမည်ဟု အကျွန်ုပ်အတိအလင်း အာမခံရဲပါသည်၊ တစ်ခုသာလုပ်စရာရှိသည်၊ ပညာရေးကို ဝါသနာထုံသော သူသည် ပညာရေးဖြင့် တိုးတက်အောင် လုပ်ဆောင်ပါ၊ စီးပွားရေးကို ဝါသနာထုံသူသည်လည်း စီးပွားရေးဖြင့် တိုးတက်အောင် လုပ်ပါ၊ ထို့အတူ သမိုင်းကို ဝါသနာထုံသောသူသည်လည်း သမိုင်းဖြင့် တိုးတက်အောင် လုပ်ပါ၊ ထို့သို ထောင့်ပေါင်းစုံမှ အလုပ်ပေါင်းစုံကို လုပ်မှသာလျှင် တိုးတက်မည် ဖြစ်သောကြောင့် အဓိကလိုအပ်သည်မှာ ဦင်္းတည်ချက်သာ တူညီဖို့ လိုအပ်ပေသည်၊ ဝါသနာချင်း တုညီဖို့ မလိုအပ်ပေ၊ အကျွန်ုပ်တို့သည် မတူညီသော လမ်းကြောင်းများဖြင့် တူညီသော ပန်းတိုင်ဆီသို့ ဦးတည်လျှောက်လှမ်းကြရပေတော့မည်။
ကောင်းသလိုလိုနှင့် ဆိုးဝါးနေသော အကျွန်ုပ်တို့၏ ကျိန်စာသင့် စကားလုံးတစ်ခုမှာကား၊ စိတ်တူကိုယ်တူ ဟူသော စကားလုံးပင်ဖြစ်ပေသည်၊ အလုပ်ကြီးကြီးလုပ်လိုသည်ဆိုသော တစ်ချို့သော ပုဂ္ဂိုလ်များသည် မိမိနှင့် စိတ်တူ ကိုယ်တူ များကိုသာ ရွေးချယ်လေ့ရှိကြ၏၊ ရှာဖွေလေ့ရှိကြ၏၊၊ ကမ္ဘာလောကဓာတ် တစ်ခုလုံးကိုပတ်၍ သင်ရှာကြည့် ပါလော၊ သင်နှင့် စိတ်တူကိုယ်တူ ဘယ်နစ်ယောက် တွေ့ရှိနိုင်မည်နည်း၊ စိတ်တူကိုယ်တူချင်းမှ လုပ်လိုသော အလုပ်ကို လုပ်မည်ဆိုပါက၊ ရွာကိုပြန်ပြီး သင့်၏ ချစ်လှစွာသော အိမ်ကဇနီးနှင့် စိတ်တူ ကိုယ်တူဖြစ်အောင် ပြန်လည် ကြိုးစား ကြည့်အုံးလော။ ဆိုလိုသည်မှာ စိတ်တူကိုယ်တူ ရှာဖွေနေဖို့မလို၊ ဦးတည်ချက် တူညီနေဖို့သာ အဓိကဖြစ်လေသည်၊ ဦးတည်းချက် တူညီနေလျှင် ဝါသနာခြင်းမတူသော်လည်း ရခိုင် ဧက ဒွေ ရသည်သာ။
အမှန်မှာမူ ရခိုင်ဧက ဒွေမရဆိုသော စကားသည် ရခိုင်များ မညီညွတ်သည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ကျိန်စာသင့် စကားလုံးတစ်ခုမဟုတ်ပေ၊ ညီညွတ်သောကြောင့် ဖြစ်ပေါ်လာသော စကားစုတစ်ခုသာဖြစ်ပေသည်။ ရခိုင်ကို မလိုလားသော အခြားအခြားသော တိုင်းရင်းသားများ၏၊ ကျင့်စဉ် ဆောင်ပုဒ်တစ်ခုသာ ဖြစ်လေသည်၊ ရခိုင်တို့သည် အလွန်ညီညွတ်သော လူမျိုးများ ဖြစ်သောကြောင့်၊ တစ်နေရာတည်းတွင် ရခိုင်တစ်ယောက်သာ ထားပြီး၊ နစ်ယောက်အတူ ထားရှိပါက သွေးစည်းညီညွတ်လှသဖြင့်၊ မိမိတို့ လိုသလို အုပ်ချုပ် အသုံးချ၍ မရသောကြောင့် ရခိုင်သားဖြစ်ပါက နစ်ယောက်အတူ မထားရ၊ တစ်ယောက်ချင်းစီ သွေးခွဲ၍အုပ်ချုပ်ရမည်၊ ရခိုင်ကို (ဧက) တစ်ယောက်သာထားပါ၊ (ဒွေ) နစ်ယောက်အတူထားရှိပါက သွေးခွဲရခက်သဖြင့်၊ ရခိုင် ဧက ဒွေ မရဟု စီမံချက် တစ်ခု ချမှတ်ထားပြီး သွေးခွဲအုပ်ချုပ်ခြင်း သက်သက်သာ ဖြစ်လေသည်။

http://arakansma.blogspot.com/2011/08/blog-post.html

ပို့စ်တင်သူ ။.............။ younger on Thursday 9 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု