ယခုနှစ် စာပေရာသီ၌ ရခိုင်ပြည်နယ် အနှံ့အပြားတွင် စာပေဟောပြောပွဲများကို ကျင်းပပြုလုပ်နေရာ ရခိုင်လူထု အနေဖြင့် စာပေ ဟောပြောပွဲများကို ယခင်နှစ်များကထက် စိတ်ဝင်စားမူ ပိုမိုများပြားလာကြောင်း စာပေ သမိုင်းသုတေသီ သူမြတ် မဟာအောင်မြေက ပြောသည်။
" ခါတိုင်းနှစ်တွေနဲ့ မတူတာက ကျွန်တော်တို့ လူထုအနနဲ့ စာပေဟောပြေပွဲတွေကို ပိုမို စိတ်ဝင်စားလာတာကို တွေ့ရတယ်။ စာပေဟောပြောပွဲတိုင်းမှာ တက်ရောက်နားထောင်သူ ပရိသတ် အရေအတွက်က အရမ်းများလာတာကို တွေ့ရတယ်။ ပီးတော့ အာရုံ စူးစိုက်ပီး နားထောင်တာတွေ၊ စာပေဟောပြောပွဲတွေ အပေါ်မှာ အလေးနက် ထားလာတာတွေကိုလည်း တွေ့လာရပါတယ်။ အားရစရာကောင်းပါတယ်" ဟု စာပေ ဟောပြောပွဲ ၂၀ ခန့်သို့ ယခုနှစ် အတွင်း သွားရောက် ဟောပြောခဲ့သူ သူမြတ် မဟာအောင်မြေက ပြောသည်။
သူမြတ် မဟာအောင်မြေနှင့် အတူ စာပေဟောပြောပွဲများသို့ အဓိကထား သွားရောက် ဟောပြောကြသူများမှာ စာရေးဆရာ စစ်တွေ ညိုသန့်၊ စာရေး ဆရာမ ပံသုခင်၊ ဆရာ ဘကြီးကျော်၊ လွှမ်းတင်အောင်တို့ အပါအ၀င် တခြား ရခိုင်စာရေးကြီးများ ဖြစ်ကြသည်။
" အဓိကဟောပြောတာကတော့ ရသပိုင်း၊ သုတပိုင်း နှစ်ပိုင်းကို သန်ရာ သန်ရာ ဟောပြောကြပါတယ်။ သုတပိုင်း အနေနဲ့ ရခိုင်သမိုင်းနဲ့ ယဉ်ကျေးမူ ဆိုင်ရာ အပိုင်းတွေကိုလည်း ဟောပြောကြပါတယ်။ ပရိသတ်ကတော့ ကိုယ့်ဒေသ ကိုယ်ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ အပေါ်မှာ အထူး စိတ်ဝင်စားကြပါတယ်။ ကျွန်တော်ကတော့ ရခိုင်သမိုင်းနဲ့ လက်ရှိ ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အကြောင်းအရာတွေ အပေါ်မှာ အဓိကထား ဟောပြောပါတယ်" ဟု သူက ဆက်ပြောသည်။
ယခုနှစ်တွင် ယခင်နှစ်များကထက် စာပေဟောပြောပွဲများကို ရခိုင်ပြည်နယ် အတွင်း မြို့ရွာ အနှံ့ကျင်းပလာကြသည်ဟု သူက ဆက်ပြောသည်။
" ကျွန်တော်တို့ ကိုယ်တိုင် တခြား စာရေးဆရာတွေနဲ့ သွားရောက်ဟောပြောတာက ရွာပေါင်း ၂၀ ခန့်ရှိပါပြီ။ ရသေ့တောင်မြို့နယ်မှာ ဆိုရင် လောင်းချောင်းနဲ့ ကျောက်တန်းရွာ၊ ပုဏ္ဍားကျွန်းမြို့နယ်မှာ ဆိုရင် မြို့ပေါ်နဲ့ တန်းခိုးရွာ၊ ကျောက်တော်မြို့နယ်မှာဆိုရင် ရောင်စုံ၊ အပေါက်ဝရွာ၊ စစ်တွေမြို့နယ်မှာဆိုရင် ကံ့ကော်ကျွန်း စတဲ့ ရွာတွေ ဖြစ်ပါတယ်" ဟု ပြောသည်။
၎င်းအပြင် သူမြတ် မဟာာအောင်မြေက ပေါက်တောမြို့နယ် လက်ပံပြားတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က၎င်း၊ သရက်တွင် ဖေဖေါ်ဝါရီလ ၆ ရက်နေ့က၎င်း၊ ငွေတွင်းဒွေတွင် ဖေဖေါ်ဝါရီလ ၇ရက်နေ့က၄င်း အသီးသီး ဟောပြောခဲ့ပြီး နောက်ထပ်လည်း ရွာအများအပြားကလည်း ထပ်မံ ဖိတ်ကြားခံထားရသည်ဟု နိရဉ္စရာသို့ ပြောကြားသွားပါသည်။
နိရဉ္စရာ
MMSA ဘလော့စည်းမျဉ်းများ
* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ပို့စ်တင်သူ ။.............။
younger
on
Thursday, 9 February 2012
0 ( မှတ်ချက်ရေးချင်ရင် )