MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အာရ်လင်းထွဏ်း
----------------
ထိုင်းနိုင်ငံ မေဟိုဆုန်ခရုင် မေစရင်း(ဂ်)မြို့ ဝတ်မန္တလေးမြန်မာဘုန်းတော်ကြီးကျောင်းတိုက်၌ တတိယအကြိမ် အသံမစဲ မဟာပဌာန်းပူဇော်ပွဲကို ဖေဘဝါရီလ (၉) ရက်နေ့မှ (၁၁) နေ့အထိ သုံးရက်တိုင်တိုင် စည်းကားသစ်မြိုက်စွာ ကျင်းပပြီးစီးကြောင့် သတင်းရရှိသည်။


အဆိုပါ အသံမစဲမဟာပဌာန်းပူဇော်ပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပညာသင်ယူနေသော စာသင်သား ရဟန်းတော်များကြွရောက်ချီးမြင့်ပူဇော်ရွတ်ဖတ်ခဲ့သည်။ မေစရင်း(ဂ်) မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာများနှင့် ဆရာတော်ကြီးကို ကြည်ညိုလေးစားသော မေစရင်း(ဂ်)မြို့သူ မြို့သား အများအပြားလည်း ပဌာန်းတရားကို လာရောက်နာကြားခဲ့ကြသည်ဟု သိရသည်။


ခက်ခဲနက်နဲသော အဘိဓမ္မာ (၇) ကျမ်းရှိသည်အနက် ပဌာန်းဒေသနာတော်မြတ်မှာ နောက်ဆုံးကျမ်းလည်းဖြစ်၊ ဗုဒ္ဓမြတ်စွာသာသနာကွယ်ရာ၌ ပဌာန်းကျမ်းက စတင်ကွယ်မှာလည်းဖြစ်သောကြောင့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြန်မာနိုင်ငံအနှံ့အပြားနှင့် ပြည်ပသံဃာတော်များ နေထိုင်ရာအရပ်ဒေသတို့၌လည်း သာသနာတော်မြတ် ပြန့်ပွါးပြီး အဓွန့်ရှည်တည်တမ်းစေရန် ရည်သန်၍ ကျင်းပကြသည်ကို တွေ့ရပေသည်။ ဤပဌာန်းဒေသနာတော်မြတ်သည် ပိဋကတ် သုံးပုံထဲ အခက်ခဲဆုံး ကျမ်းဖြစ်သည် ဟုလည်း သိရသည်။

ပို့စ်တင်သူ ။.............။ younger on Sunday 12 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု