MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ သံဃာတော်တွေ ထောင်တွင်းမှာ တိုက်ပိတ်ခံရ၊ အရိုက်ခံ၊ အထိုးခံရသလို ဦးခေါင်းကို စစ်ဖိနပ်နဲ့ နင်းပြီး ထောင်ဝန်ထမ်းတွေက ၀ိုင်းရိုက်ကြကြောင်း အင်တာဗျူးတွေကနေ တဆင့်ကြားသိရလို့ အတော်လေး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။

အဲသလို ဖြစ်ရပ်တွေကို ကြည့်ရင် သံဃာတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရရှိတဲ့အပြင် အာဏာပိုင်ဆိုသူတွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ခံနေရတယ် ဆိုတာ ထင်ရှားပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့သည့် မဂ္ဂင်ကျောင်းမြင်ကွင်း

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးမှာ သံဃာတော်တွေ ၃၀၀၀ ကျော် ဥပဒေမဲ့ အဖမ်းခံခဲ့ရတယ်။ ထိပ်ပေါက် ခေါင်းကွဲ အရိုက်ခံရတယ် ဘုန်းကြီးကျောင်းတွေ ချိတ်ပိတ်ခံရတယ်။ ဘုန်းကြီးကျောင်းတွေ အဖျက်အဆီး ခံခဲ့ရတယ်။

မတရား ဖမ်းဆီးခံရတဲ့ သံဃာတွေကို စစ်အာဏာရှင်တွေက (၂၉၅) သာသနာတော်ညှိုးနွမ်းမှု၊ (၅၀၅) (ခ) ငြိမ်ဝပ်ပိပြားမှုကို ထိခိုက် ပျက်ပြား စေမှုနဲ့ ကွန်ပျူတာ သုံးတဲ့အတွက် အီလက်ထရောနစ် ပုဒ်မ (၃၃) (က) (၃၃) (ခ)၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက် ပျက်ပြားစေတယ် ဆိုပြီး ပုဒ်မမျိုးစုံ တပ်ပြီး တရားစွဲ ထောင်ချနေတာတွေကို တွေ့ရပါတယ်။

တချို့ သံဃာတွေဟာ ကျောင်းမှာနေရင်း အာဏာပိုင် ဆိုသူတွေရဲ အငြိုးအတေး ထားမှုကြောင့် မတရား ဖမ်းဆီးခံခဲ့ရပြီး ရာဇ၀တ် ပုဒ်မတွေ တပ်ကာ ရဲဘက် အလုပ်ကြမ်းစခန်းတွေဆီ အပို့ခံခဲ့ရပါတယ်။ တကယ့်ကို ဘာသာ သာသနာကို စော်ကားတဲ့ စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေပါ။ တကယ်တော့ သံဃာ တပါးပါးကို အာဏာပိုင်တွေက အရေးယူတော့မယ် ဆိုရင် ၀ိနည်းတော်နဲ့ အညီ သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်းကို အပ်နှံရမှာပါ။ သံဃာ့ အဖွဲ့အစည်းက အပြစ် ကျူးလွန်ခြင်း ရှိ /မရှိ အရင် စစ်ဆေး မေးမြန်း ဆောင်ရွက်ပြီး စွပ်စွဲခံရတဲ့ သံဃာဟာ တကယ် ကြီးလေးတဲ့ ၀ိနည်း ဥပဒေကို ကျူးလွန်ထားတယ်ဆိုရင် လူဝတ်လဲပေးရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ လူသတ်မှုလို ရာဇ၀တ်မှု ကျူးလွန်ထားတယ် ဆိုရင်တော့ အာဏာပိုင်တွေက ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။

အခုတော့ ဓမ္မစက် ဆိုတာကို အသုံးမပြုတော့ဘဲ အာဏာစက်ကို အသုံးပြုပြီး ပြစ်မှု ကျူးလွန်ပါတယ် ပြောပြီး အတင်း အဓမ္မ လူဝတ်လဲပြီး ထောင်ချလိုက်တာတွေဟာ ၀ိနည်းတော်နဲ့လည်း မညီသလို ဘာသာရေး အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေတယ် ဆိုတာ ဒီလို ဖြစ်ရပ်တွေက ထင်ရှားနေပါတယ်။

အဲဒီလို စစ်အာဏာရှင်ရဲ့ ဥပဒေမဲ့ လုပ်နေတာကို တာဝန်ရှိတဲ့ သံဃာ့ အဖွဲ့အစည်းက အကာအကွယ် မပေးလို့ စစ်အာဏာရှင်တွေ လက်ရဲဇက်ရဲ ကျူးလွန်နေကြတာပါ။ ထောင်တွင်းက အကျဉ်းကျ သံဃာတော်တွေရဲ့ ဖြစ်ရပ်ကတော့ ပြောမယုံ ကြုံဖူးမှ သိ ဆိုသလို တကယ့်ကို မယုံနိုင်စရာတွေပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထောင်တွင်းမှာ ဆရာတော်ကြီးတွေနဲ အတူနေခဲ့ဖူးတဲ့ အကျဉ်းသားဟောင်း တယောက်နဲ့ ထိုင်းနယ်စပ် တနေရာမှာ ဆုံခဲ့ဖူးပါတယ်။ သူပြောပြတာတွေက တကယ့် စိတ်မချမ်းသာစရာတွေပါ။ ထောင်တွင်းမှာ ဆရာတော်ကြီးတွေဟာ သင်္ကန်းဝတ်ခွင့် မရပေမဲ့ ၀ိနည်းတော်နဲ့ အညီ နေထိုင်ကြတာပါတဲ့။ မဂ္ဂင်ဆရာတော်ကြီး ဆိုရင် ကျောင်းသားတွေကို စာသင်ပေးတာ အာဏာပိုင်တွေ သိသွားလို့ ဆရာတော်ကြီးရော တပည့်ကျောင်းသားတွေပါ တိုက်ပိတ်ခံရကြောင်း၊ တနေ့မှာ ထောင်ဝါဒါတွေက အပြစ်မရှိ အပြစ်ရှာပြီး သူတို့ကို အပြင်ထုတ်ပြီး ထောင်ဝန်ထမ်းတွေက ၀ိုင်းရိုက်တာ ခံရကြောင်း၊ သူတို့နဲ့အတူ သက်တော် (၇၀) ကျော်နေပြီ ဖြစ်တဲ့ မဂ္ဂင်ဆရာတော်ကြီးပါ ပြင်းပြင်းထန်ထန် အရိုက်ခံရတဲ့ အကြောင်း ပြောပြတော့ အင်မတန် စိတ်မကောင်းဖြစ်ပြီး မျက်ရည်လည်မိပါတယ်။

ပိဋကတ် သုံးပုံဆောင် ဆရာတော်ကြီး ဦးသုမင်္ဂလကိုလည်း စစ်ထောက်လှမ်းရေးနဲ့ ထောင်အဏာပိုင်တွေက အတင်းအဓမ္မ လူဝတ်လဲခိုင်းတာပါ။ ဆရာတော်ကြီးက အသက်သာ အသေခံမယ် ရဟန်းဘ၀ကိုတော့ မစွန့်လွှတ်ဘူးလို့ ပြောမှ လက်လျော့ပြီး ပူတာအို ရဲဘက် အလုပ်ကြမ်း စခန်းကို လက်ထိပ်တန်းလန်းနဲ့ ပို့လိုက်တာပါ။ မန္တလေးက ဦးဥတ္တမ၊ ဦးစန္ဒာဝရ၊ မစိုးရိမ်ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘွမ် ရဲဘက် အလုပ်ကြမ်း စခန်းတွေမှာ ပျံလွန်တော်မူသွားကြတာပါ။ မန္တလေး တောင်တမန်ကျောင်းမှ သံဃာ့သာမဂ္ဂီ ဦးဆောင်ဆရာတော် ဦးရေ၀တ ဆိုရင် ပျံလွန်တော်မူခါနီးမှ (ထောင်ထဲမှာ သေရင် ပြဿနာဖြစ်မှာ စိုးရိမ်လို့) ထောင်က လွှတ်ပေးလိုက်ပါတယ်။ ထောင်က လွတ်ပြီး (၆) လလောက် အကြာမှာ ထောင်ထဲမှာ ရခဲ့တဲ့ ရောဂါဝေဒနာတွေနဲ့ပဲ ပျံလွန်တော်မူသွား ရရှာပါတယ်။

ထောင်အာဏာပိုင်တွေက ဘုန်းကြီးတွေကို ရာဇ၀တ်သားတွေလို သဘောထားပြီး ရိုင်းရိုင်းပျပျ ဆက်ဆံတာ ဖြစ်ကြောင်း ထောင်ဝင်စာ မရှိလို့ အစားအသောက် မပြည့်စုံတဲ့ သံဃာတွေ အချိန်မှီ ဆေးကုသခွင့် မရလို့ ရောဂါဝေဒနာ ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ သံဃာတွေ ထောင်ထဲမှာ ရှိကြောင်း မကြာခင်ကမှ ထောင်က လွတ်လာတဲ့ အကျဉ်းကျ သံဃာတပါးက ပြောပြပါတယ်။

“ထောင်ဝါဒါတွေက နေပြီးတော့ ဦးဇင်းတွေကို ဆက်ဆံတဲ့ နေရာမှာ မအေ နှမ စတာတွေနဲ့ တိုင်းထွာပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ၊ နောက်ပြီးတော့ ဆံပင်ကိုလည်း ခေါင်းတုံး တုံးစရာ မလိုဘူး၊ မင်းတို့ကောင်တွေ ဆံပင်အရှည်ပဲ ထားဆိုပြီး ပြောတဲ့အတွက် ခုထက်ထိ ခေါင်းတုံး မတုံးရဘဲနဲ့ ဦးဇင်းတွေမှာ ဆံပင်အရှည်ကြီးတွေနဲ့ ဖြစ်နေကြကြောင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အကျဉ်းသား တဦးကလည်း ပြောပါတယ်။”

ကိုးလေးလုံး လူထု လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရတဲ့ ဆရာတော် အရှင် နေမိန္ဒဟာလည်း မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူသွားရပါတယ်။ အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းဘ၀နဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက် စောင့်ထိန်းပြီး နေထိုင်ခဲ့တာပါ။ မော်လမြိုင် အကျဉ်းထောင်မှာ အနာတွေ ပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဖူးပါဘူး။ ဒါ့အပြင် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ ဦးပညာသီဟနဲ့ ဦးဣဿရိယ အပါအဝင် သံဃာတော် သုံးပါးလည်း မွန်ပြည်နယ် မုပ္ပလင် ရာဘာခြံ ရဲဘက်စခန်းမှာ အလုပ်ကြမ်း လုပ်နေကြရပါတယ်။ အဲဒီထဲမှာ သက်တော် ၅၄ နှစ်အရွယ် ဦးပညာသီဟဟာ အလုပ်ကြမ်းလုပ်ရပြီး ပင်ပန်းလွန်းတဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရှိရပါတယ်။ အကျဉ်းကျ ရွှေဝါရောင် ဆရာတော်တွေဟာ မုပ္ပလင် ရဲဘက်စခန်းမှာ မနက် ၂ နာရီကတည်းက အိပ်ယာထပြီး အလုပ်လုပ်ရသလို၊ ရာဘာစေးခြစ်ရလို့ အဝတ်အစားတွေလည်း မကြာခဏ ပျက်စီးတယ်လို့သိရပါတယ်။ ဒါကြောင့် အစားအသောက်၊ အဝတ်အစား ချို့တဲ့ပြီး ဆေးဝါး အာဟာရလည်း ပြတ်လတ်တယ်လို့ သိရပါတယ်။
ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်မှုကြောင့် ဧရာဝတီတိုင်း ပုသိမ်ထောင်မှာ ၈ နှစ်ခွဲ ချမှတ်ခံထားရတဲ့ တောင်ဥက္ကလာပ ငွေကြာယံ ကျောင်းတိုက်က သံဃာတော် အရှင်နန္ဒဟာ ရာဇဝတ်သားတွေနဲ့ အတူ နေထိုင်ရပြီး ထောင် အာဏာပိုင် တွေရဲ့ အနိုင်ကျင့်မှုကို ခံနေရကြောင်း မျက်စိ ဝေဒနာ ခံစားနေရပေမဲ့လည်း အာဏာပိုင်တွေက ဆေးဝါး ကုသခွင့် မပေးဘူးလို့ သိရပါတယ်။ အလားတူပဲ မွန်ပြည်နယ် သထုံထောင်မှာ ထောင်ဒဏ် ရှစ်နှစ် ကျခံနေရတဲ့ ဦးသုမနလဲ စိတ်ရောဂါ ဝေဒနာ ခံစားနေရကြောင်း သိရပါတယ်။

ဘုန်းကြီးတွေ ဆိုတာ နယ်က အများစု ဖြစ်တာမို့ မိဘတွေက ငွေကြေး မတတ်နိုင်လို့ ထောင်ဝင်စာ မတွေ့နိုင်တာတွေ၊ ဘယ်ထောင်မှာ ရှိမှန်း မသိလို့ အဆက်အသွယ် မရဘဲ မတွေ့နိုင်တာတွေ ရှိသလို၊ တချို့ကျတော့ အလွန် ဝေးလံတဲ့ နေရာတွေ ပို့ထားလို့ သွားမတွေ့နိုင်တာတွေလဲ ရှိပါတယ်။ ထောင်ကျနေတာ မိဘတွေ သိရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ အကြောင်း မကြားဘဲနေတဲ့ သံဃာတွေလဲ ရှိကြောင်း သံဃာတွေကို ထောင်ဝင်စာ တွေ့နေတဲ့ ဒေါ်ရှုက ပြောပြပါတယ်။

မိဘတွေ အနေနဲ့ သားရဟန်းနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘဲ သားရဟန်း သေတယ် ရှင်တယ် ဆိုတာတောင် မသိရလို့ ဘယ်လောက်တောင် သောကတွေ ပွားနေမလဲ ဆိုတာ မိသားစုကိုယ်စား ကိုယ်ချင်း စာနာမိပါတယ်။ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစု ဘ၀တွေဟာ တကယ့်ကို ၀မ်းနည်း ကြေကွဲစရာ ကောင်းပါတယ်။ တကယ်ဆို ဒီဆရာတော် သံဃာတော်တွေဟာ စစ်အစိုးရရဲ့ မတရားတဲ့ အဓမ္မ၀ါဒတွေကို တွန်းလှန်ရင်း ဓမ္မ၀ါဒ ထွန်းကားဖို့ ဘာသာရေး ဘောင်ထဲကနေ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြတာပါ။ ရာဇ၀တ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ ကိုယ့်အမျိုး ဘာသာ သာသနာတော်အတွက် အသက်တွေ ဘ၀တွေ စွန့်ပြီး ဖြူဖြူစင်စင် စေတနာနဲ့ ဆောင်ရွက်ခဲ့တဲ့ သံဃာတွေပါ။ ဒါကိုပဲ စစ်အာဏာရှင်တွေက သူတို့ အဏာ တည်မြဲရေးအတွက် ပြည်သူလူထုနဲ့ အမှန်တရားဘက်က ရပ်တည်တော်မူခဲ့လို့ စာတတ် ပေတတ် ဆရာတော်ကြီးတွေ ဖြစ်ကြတဲ့ အင်းစိန် ရွာမဆရာတော်၊ သာကေတ ဆရာတော်၊ မေဒိနီ ဆရာတော်တွေနဲ့ မစိုးရိမ်ဆရာတော်ကြီးတွေ အပြင် ပိဋကတ် သုံးပုံဆောင် ဆရာတော်ကြီးပါ မချန် သံဃာ အများအပြားကို မတရား ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အခုဆိုရင် အကျဉ်းကျ သံဃာ အပါး (၂၀၀) ကျော် ထောင်ထဲမှာ ရှိနေပါသေးတယ်။ ဗိုလ်ခင်ညွန့် ဆိုရင် တိပိဋက ဆရာတော် ဦးသုမင်္ဂလ ပျံလွန်တော်မူတော့ သူ ကျူးလွန်ထားခဲ့တဲ့ အပြစ်တွေကို ကြောက်တယ် ထင်ပါရဲ့။ နေအိမ် အကျယ်ချုပ် ဘ၀ကနေ လူမသိ သူမသိ တိတ်တိတ်လေး သွားပြီး ဆရာတော်ကို တောင်းပန် ကန်တော့ခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ အကုသိုလ် ဆိုတာ အကျိုးပေးချိန် တန်ရင် အကျိုးပေးမှာ ဖြစ်သလို ၀ဋ်ဆိုတာလည်း လည်တတ်ပါတယ်။ အာဏာရှိသူတွေရဲ့ အလှည့် ဆိုတာလဲ ကြုံရဦးမှာ မုချမလွဲပါ။ အဲဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ သားသမီးချင်း မိဘချင်း ကိုယ်ချင်းစာကြပါ။ လူအချင်းချင်း မေတ္တာထားကြပါ။ ကရုဏာတရား ပွားကြပါလို့ တိုက်တွန်းပါရစေ။

အရှင်ပညာနန္ဒ

http://www.burmavjmedia.net/



ပို့စ်တင်သူ ။.............။ younger on Sunday 12 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု