MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် အထင်ကရ ရခိုင်မဟာမုနိ ရုပ်ရှင်တော်မြတ် ဦးတော်တွင် ရွှေငွေ လက်ဝတ် ရတနာများကို ကြိုးုဖြင့်ချည်ပြီး လှူဒါန်းနေကြသည်ကို တားမြစ်ခြင်း မရှိသဖြင့် မဟာ မုနိ ရုပ်ရှင်တော်မြတ်မှာ ရုပ်ပျက် ဆင်းပျက် ဖြစ်ကာ ပဒေသာပင်ကဲ့သို့ ဖြစ်နေကြောင်း သတင်း ရရှိသည်။

sittwe-golden-buddha-image
" ဘုရားဖူးလာတဲ့ တစ်ချို့က ဘုးရားကို ကြည်ညို သဒ္ဓါပွားပြီး ပါလာတဲ့ လက်စွပ်၊ နားတောင်း၊ နားဆွဲ၊ နားကပ်၊ လက်ကောက်စတဲ့ လက်ဝတ်ရတနာတွေကို ဘုရားရဲ့ ဦးတော်၊ နားကင်းတွေမှာ ကြိုးနဲ့ဆွဲပြီး လှူဒါန်းနေကြတဲ့ အတွက် ဘုရားဟာ အခုအခါ ဘုရားဆင်းထုတော်နဲ့ မတူဘဲ ပဒေသာပင်လို ဖြစ်နေပါတယ်" ဟု ဒေသအတွင်းက လူကြီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ လက်ဝတ်ရတနာများကို ကြိုးဖြင့် ဆွဲနေကြသဖြင့် မဟာမုနိ ရုပ်ရှင်တော်မြတ်မှာ ဘုရား ဆင်းထုတော် တစ်ဆူနှင့် မတူဘဲ ပဒေသာပင်ကဲ့သို့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေသော်လည်း သက်ဆိုင်ရာမှ တစ်စုံ တစ်ဦးကမျှ တားမြစ်ခြင်း မရှိကြောင်း သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သရက်တပင် ကျေးရွာမှ ဂေါပက တစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။

" အခု ကျွန်တော်တို့က ဂေါပကကို စစ်တပ်က ကိုင်ထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို စစ်တပ်က လူကြီးတွေက တားမြစ်မှ ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တားမြစ်ပြီး ဘုရား ဦးတော်ပေါ်က လက်ဝတ်လက်စားတွေကို သွားဖြုတ်ရင် ကျွန်တော်တို့ ဆီကိုဘဲ အမူ ပတ်လာနိုင်တဲ့ အတွက် ကျွန်တော်တို့လည်း မတားရဲပါဘူး" ဟု ပြောသည်။

ကျောက်တော်မြို့ မဟာမုနိ ဂေါပက အဖွဲ့ကို စစ်တပ်က ကိုင်ထားပြီး ဂေါပက အဖွဲ့ကိုလည်း သုံးလ တစ်ကြိမ်စီ သူတို့စိတ်ကြိုက် ဖွဲ့ပေးသည်ဟု သိရသည်။

" မဟာမုနိ ဂေါပကက အမည်ဘဲ ရှိပါတယ်။ ဂေါပက တစ်ခုလုံးကို တပ်မ (၉) စစ်တပ်က ကိုင်ထားပြီး သုံးလ တစ်ကြိမ်ကျစီ ဖွဲ့စည်းပေးပါတယ်။ သူတို့ စကားကို နားမထောင်တဲ့ ဂေါပဆိုရင် သူတို့က လက်မခံပါဘူး။ ပီးရင် နေ့တိုင်း အလှူခံ သေတ္တာထဲက ငွေကိုလည်း စစ်တပ်က သွားအပ်ရပါတယ်။ သူတို့ကို မအပ်လို့ မရပါဘူး" ဟု သူက ဆက်ပြောသည်။

မဟာမုနိ ဂေါပကအဖွဲ့တွင် တစ်စုံတရာ အာဏာ မရှိဘဲ စစ်တပ်က ကြိုးကိုင်ချယ်လှယ်ထားသဖြင့် ဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဝေယျာဝိစ္စများ လုပ်ဆောင်ရာတွင် ဘုရားလူကြီးများ အနေဖြင့် အခက်ကြုံနေကြရကြောင်း သိရသည်။

လာမည့် တပေါင်းလတွင် မဟာမုနိ ကျောင်းဆောင်တော်ပေါ်တွင် အလေးချိန် ၁၁ ပိသာ ၅၀ ကျပ်သားရှိ ရွှေထီးတော် တင်မည့် အကြောင်းနှင့် ပတ်သက်ပြီး မေးမြန်းရာ သူက ယခုလို ဆက်ပြောသည်။

" ရွှေထီးတော်ကို အရင် ဗိုလ်ချုပ် ခင်ညွှန့် လက်ထက်ကတည်းက တင်ဖို့ စီစဉ်ခဲ့တဲ့ ရွှေထီးတော် ဖြစ်ပါတယ်။ သူက အလုပ်ပြုတ် ထောင်ရောက်သွားတော့ အစီအစဉ်ပျက်သွားပြီး အခုမှ ပြန်တင်မှာ ဖြစ်ပါတယ်။ ရွှေထီးတော်တင်မှာကိုတော့ ဒေသခံ ပြည်သူတွေက သဘောတူပါတယ်။ ဒါပေမယ့် ဒေသခံလူထုကတော့ အချက်နှစ်ချက်ကို မပြုလုပ်ရဆိုပြီး တောင်းဆိုထားပါတယ်" ဟု ပြောသည်။

အဆိုပါ တောင်းဆိုချက် (၂) ချက်မှာ ထီးတော် အသစ်တင်ရာတွင် ယခင် ထီးတော်ထက် ငယ်ရွယ်သော ထီးတော်ကို မတင်ရန်နှင့် ထီးတော်ပေါ်တွင် ခြေလေးချောင်း သတ္တ၀ါများ၏ ရုပ်ပုံများ မထည့်ရန်တို့ ဖြစ်ကြောင်း သိရသည်။

" ထီးတော်တင်တဲ့ နေရာမှာ ကျွန်တော်တို့ ဒေသရဲ့ စည်းမျဉ်း သတ်မှတ်ချက်အရ အရင်မူလ ထီးတော်ထက် ငယ်တဲ့ ထီးတော်ကို မတင်ရဘူး။ တင်ရင် ကျွန်တော်တို့ ဒေသက ပြည်သူတွေက ခွင့်ပြုမှာ မဟုတ်ဘူး။ နောက်တစ်ခုက ထီးတော်ပေါ်မှာ ခြင်္သေ့ရုပ်၊ ကျားရုပ် စတဲ့ ခြေလေးချောင်း သတ္တ၀ါရုပ်တွေ မထည့်ရဘူး။ ဇာမရီ ငှက်တို့၊ ဥဒေါင်းပုံတွေတော့ ထည့်လို့ရပါတယ်။ ဒေသခံ ပြည်သူတွေက ခုလို မလုပ်ရဘူးလို့ တောင်းဆိုတာကိုတော့ ထီးတော်ကို ဦးဆောင်တင်မယ့် အလိုတော်ပြည့် ဆရာတော်က လုပ်ပေးမယ်လို့ ကတိခံထားပါတယ်" ဟု ပြောသည်။

ကျောက်တော်မြို့နယ်ရှိ မဟာမုနိ ရှင်တော်မြတ်မှာ ရခိုင်ပြည်နယ်မှ နာမည်ကြီး ဘုရားတစ်ဆူဖြစ်ပြီး ဒေသခံ ပြည်သူများ နှစ်ပေါင်းထောင်ချီ၍ ကိုးကွယ်လာသော ဘုရားတစ်ဆူ ဖြစ်သော်လည်း ယခု အချိန်ထိ စစ်တပ်က ဘုရားကို ထိန်းချုပ်ထားပြီး ဘုရားကုန်းတော်ပေါ်တွင်လည်း မကြာခဏ ယတြာ လုပ်ခြင်းများ၊ န၀င်းချေခြင်းများ ရှိနေကြောင်း သိရှိရသည်။
http://www.narinjara.com/detailsbur.asp?id=3800

ပို့စ်တင်သူ ။.............။ younger on Friday 17 February 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု