MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

သားသမီးကျင့်ဝတ် ငါးပါး (A Child's Duties)
(၁) မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း။
Having supported me I shall support them,
(၂) မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိကပင်ဆောင်ရွက် စီမံခြင်း။
I shall do their duties,
(၃) အမျိုးအနွယ်မတိမ်ကောမပျက်စီးအောင် စောင့်စည်း ထိန်းသိမ်းခြင်း။
I shall keep the family tradition,
(၄) မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
I shall make myself worthy of my inheritance,
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
Furthermore I shall offer alms in honour of my departed relatives.
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။

မိဘကျင့်ဝတ် ငါးပါး (Parents' Duties)
(၁) မကောင်းမှုမှ တားမြစ်ခြင်း။
They restrain them from evil.
(၂) ကောင်းမှုပြုအောင် တိုက်တွန်းခြင်း၊ သားသမီးကို ငယ်စဉ်ကပင် ဘုရားသွားကျောင်းတက် ခေါ်ဆောင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်စေရန် ညွှန်ကြားပေးခြင်း၊ ဘုရားရှိခိုးစာ၊ ဆုံးမစာသံပေါက်များ ကဗျာများ ကျက်မှတ်ရွတ်ဖတ်စေခြင်း၊ ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့ စသော အတုယူဖွယ်ပုံဝတ္ထုများ ပြောကြားခြင်းဖြင့် လိမ္မာယဉ်ကျေးအောင် ငယ်စဉ်ကပင် ပြုပြင်တိုက်တွန်းခြင်း။
They encourage them to do good.
(၃) အတတ်ပညာသင်ကြားပေးခြင်း။
They train them for a profession.
(၄) လျောက်ပတ်သောအချိန်၌ အမွေဥစ္စာအပ်နှင်းခြင်း။
At the proper time they hand over their inheritance to them.
(၅) လျောက်ပတ်သောအချိန်အရွယ်၌ ထိမ်းမြားပေးခြင်း။
They arrange a suitable marriage.
မကောင်းမြစ်တာ ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်
ဖခင်မယ်တို့တာ

တပည့်ကျင့်ဝတ် ငါးပါး (A Pupil's Duties)
(၁) နေရာမှထ၍ ရိုသေစွာ ခရီးဦးကြိုဆိုခြင်း။
By rising from the seat in salutation,
(၂) ဆရာထံပါးချဉ်းကပ်ခြင်း၊ ဆရာ့အား ကြောက်၍ ရှောင်ဖယ်မနေပဲ ဆရာ့ထံမှ ဆုံးမသြ၀ါဒ ရယူရန် အတတ်ပညာရယူရန် ချဉ်းကပ်ရမည်။
By attending on him,
(၃) လေးစားစွာ နာယူခြင်း၊ ဆရာ၏ ဆုံးမသြ၀ါဒလမ်းညွှန်ချက်များကို ရိုသေလေးစားစွာ နားစိုက်ထောင်ခြင်း နာယူမှတ်သားခြင်း။
By eagerness to learn,
(၄) ဆရာ့ကို တရိုတသေ ပြုစုလုပ်ကျွေးခြင်း။
By personal service,
(၅) အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထား ရိုသေစွာ သင်ကြားလေ့ကျက်ခြင်း။
By respectful attention while receiving instructions.
ညီညာထကြွ ဆုံးမနာယူ
လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် တပည့်ဝတ်
မချွတ်ငါးခုသာ

ဆရာ့ကျင့်ဝတ် ငါးပါး (A Teacher's Duties)
(၁) အတတ်ပညာကိုသင်ကြားပေးခြင်း၊ နှုတ်မှုပညာ လက်မှုပညာ စက်မှုပညာ သင်ကြားပေးခြင်း။
They train them in the best discipline,
(၂) ဆုံးမပဲ့ပြင်ခြင်း၊ အပြောအဆိုအနေအထိုင် ယဉ်ကျေးသိမ်မွေ့အောင် မကောင်းမှုဒုစရိုက် မပြုအောင် သွန်သင်ဆုံးမခြင်း။
They see that they grasp their lessons well,
(၃) ဆရာစားမချန်ခြင်း၊ အတတ်ပညာကို ဆရာစားမချန်ပဲ အကုန်အစင် သင်ကြားပေးခြင်း။
They instruct them in the arts and sciences,
(၄) ဘေးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ မိမိတပည့်အပေါ် ကျရောက်မည့် ဘေးအန္တရာယ်ကို အကာ အကွယ်ပေးခြင်း။
They provide for their safety in every quarter.
(၅) ကောင်းမွန်သော အဆွေခင်ပွန်းတို့ထံ၌ ဆက်သွယ်အပ်နှံ၍ တိုးတက်စေခြင်း။
They introduce them to their friends and associates.
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။

လင့်ကျင့်ဝတ် ငါးပါး (A Husband's Duties)
(၁) မြတ်နိုးကြင်နာမှုရှိခြင်း။
By being courteous to her
(၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
By not despising her,
(၃) မယားငယ်အနှောင်းမထားခြင်း။
By being faithful to her,
(၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
By handing over authority to her,
(၅) အ၀တ်တန်ဆာပေးခြင်း။
By providing her with adornments.
မထေမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ငါးပါး (A Wife's Duties)
(၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။
She performs her duties well,
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
She is hospitable to relations and attendants
(၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
She is faithful,
(၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
She protects what he brings,
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။
She is skilled and industrious in discharging her duties.
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး (A Friend's Duties)
(၁) ပေးကမ်းချီးမြှင့်ခြင်း။
By liberality (charity),
(၂) တန်းတူရည်တူ ဆက်ဆံခြင်း။
By being impartial,
(၃) အကျိုးစီးပွါး ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
By being helpful,
(၄) ယဉ်ကျေးချိုသာ ချစ်ဖွယ်သောစကားကို ဆိုခြင်း။
By courteous speech,
(၅) မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
By sincerity.
ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။

တုံ့လှည့်မိတ်ဆွေကျင့်ဝတ် ငါးပါး (Friends' Duties in turn)
(၁) မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
They protect him when he is heedless,
(၂) မိတ်ဆွေ၏ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်ခြင်း။
They protect his property when he is heedless,
(၃) ကြောက်လန့်ဖွယ်ရှိသောအခါ အားထားမှီခိုရာဖြစ်ခြင်း။
They become a refuge when he is in danger,
(၄) ဘေးအန္တရာယ်နှင့်တွေ့ကြုံသောအခါ စွန့်ပစ်မသွားဘဲ အေးအတူပူအမျှ အတူတကွ ရပ်တည်ခြင်း။
They do not forsake him in his troubles,
(၅) မိတ်ဆွေ၏ သားမြေးမြစ်အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။
They show consideration for his family.
မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက်
လန့်ကြောက်မှီရာ ဘေးလာမပြစ်
သားမြစ်စဉ်ဆက် မပျက်ပူဇေ
ဝတ်ငါးထွေ မိတ်ဆွေပြန်ကျင့်ရာ။

အလုပ်ရှင် (ပိုင်ရှင်) ကျင့်ဝတ် ငါးပါး (A Boss's Duties)
(၁) သူတို့၏ကျွမ်းကျင်မှုအားလျှော်စွာ အလုပ်ကို ခိုင်းတတ်ရခြင်း၊
By assigning them work according to their ability,
(၂) လုံလောက်သော လစာရိက္ခာကို ပေးကမ်းထောက်ပံ့ရခြင်း၊
By supplying them with food and with wages,
(၃) ဖျားနာသောအခါ ဆေးဝါးတို့ဖြင့် ကုသပေးရခြင်း၊
By tending them in sickness,
(၄) အမြတ်အစွန်းရလာလျှင် အလုပ်သမားများအား စနစ်တကျဝေးငှပေးရခြင်း၊
By sharing with them any delicacies,
(၅) အချိန်ကာလအားလျှော်စွာ ခွင့်ရက်များပေးရခြင်း။
By granting them leave at times.
ဝစွာကျွေးမွေး၊ ပြုရေးစီရင်
နာလျှင်ကုစေ၊ ငှဝေရသာ
အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ် ငါးခုသာ။


အလုပ်သမား (၀န်ထမ်း) ကျင့်ဝတ် ငါးပါး (A Staff's Duties)
(၁) အလုပ်ရှင်မထမီ စောစီးစွာထရခြင်း၊
They rise before him,
(၂) အလုပ်ရှင်နောက်မှ အိပ်ရခြင်း၊
They go to sleep after him,
(၃) ပေးသောပစ္စည်းကိုသာ ယူရခြင်း၊
They take only what is given,
(၄) မိမိအလုပ်ကို တာဝန်ကျေရခြင်း၊
They perform their duties well,
(၅) မိမိအလုပ်ရှင်၏ဂုဏ်အသရေကို မငြိုးနွမ်းစေရခြင်း။
They uphold his good name and fame.
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။

ဒါယကာကျင့်ဝတ် ငါးပါး (A Devotee's Duties)
(၁) မေတ္တာစိတ်ထား၍ ဆောင်ရွက်ပေးခြင်း၊
By lovable deeds,
(၂) မေတ္တာစိတ်ထား၍ ပြောဆိုလျှောက်ထားခြင်း၊
By lovable words,
(၃) မေတ္တာစိတ်ထား၍ တွေးခေါ်ကြံစည်ခြင်း၊
By lovable thoughts,
(၄) ပစ္စည်းလေးပါးဖြင့် ဖိတ်မာန်ခြင်း၊
By keeping open house to them,
(၅) မိမိတတ်စွမ်းသလောက် ထောက်ပံ့လှူဒါန်းခြင်း။
By supplying their material needs.
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ၀တ်ငါးထွေ
ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ် ခြောက်ပါး (Monks' Duties)
(၁) မကောင်းသော အကုသိုလ်အလုပ်များ မလုပ်ဖြစ်အောင် တားမြစ်ပေးခြင်း၊
They restrain him from evil,
(၂) ကောင်းသော ကုသိုလ်အလုပ်များ ပြုလုပ်ဖြစ်အောင် တိုက်တွန်းပေးခြင်း၊
They persuade him to do good,
(၃) နှလုံးသားဝယ် မေတ္တာစိတ်များဖြင့် လွှမ်းထုံထားခြင်း၊
They love him with a kind heart,
(၄) မကြားဘူး မနာဘူးသေးသော တရားများကို ဟောပြောပေးရခြင်း၊
They make him hear what he has not heard,
(၅) ကြားဘူးပြီး နာဘူးပြီးသော တရားများကို ထပ်မံ၍ ရှင်းလင်းပြသပေးရခြင်း၊
They clarify what he has already heard,
(၆) နတ်ပြည် နိဗ္ဗာန်တိုင်သို့ရောက်အောင် လမ်းဆောင်ညွှန်ပြပေးရခြင်း။
They point out the path to a heavenly state.
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။

ဤသို့သောအားဖြင့် ရဟန်းပညာရှိ လူပညာရှိ သူတော်စင်အပေါင်းတို့က အဖက်ဖက်မှ ချီးမွမ်းတော်မူကြသော ဤသိင်္ဂါလသုတ်တော်ကြီးကို နာယူမှတ်သား လေ့လာသင့်ကြပေသည်။ ယခုတင်ပြအပ်ပြီးသော အချက်အလက်များသည် သိင်္ဂါလသုတ်တော်ကြီးထဲမှ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါသဖြင့် ယခုစာရှုသူအပေါင်းတို့အား ဤသိင်္ဂါလသုတ်တော်ကြီးကို အပြီးသို့တိုင် ကုန်စင်အောင် လေ့လာကြရန် အထူးတိုက်တွန်းအပ်ပါသည်။ သို့မှသာ မိမိဘ၀အတွက်၊ မိမိ၏မိသားစု၊ မိမိ၏ဆွေမျိုးမိတ်ဆွေ၊ မိမိနေထိုင်ရာရပ်ကွက်၊ မိမိ၏မြို့ရွာဒေသ၊ မိမိ၏တိုင်းပြည် ကြီးပွါးရေးအတွက် စနစ်ကျသော လူနေမှု၊ လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်သောအားဖြင့် မိမိသူတစ်ပါး နှစ်ဦးသားတို့မှစ၍ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး စိတ်ချမ်းသာ၍ ကြီးပွါးတိုးတက်ကြမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ပညာသီဟာလင်္ကာရ M.A. (Phil.), Ph.D. (Buddhism)
ရန်ကုန်ပညာရေးတာဝန်ခံ
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုဗိမာန်တော်
မြောက်ဒဂုံ၊ ရန်ကုန်


ပို့စ်တင်သူ ။.............။ မောင်သိရီ on Tuesday 10 April 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု