MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

တခါတလေ လူတွေကခရီးသွားကြသည်။ ခရီးသွားခြင်း၏ တန်ဖိုးကို စာရေးသူသည် ငယ်ငယ်က နားမလည်ခဲပေဘူး။ အခုတာ့ရင်ဖြင့် အသက်အရွယ်ကလည်းရလာ ၊ ပြီးတော့ လူတွေဘာရည်ရွယ်ချက်ကြောင့် ခရီးသွားလာကြလေဘိသနည်းဆိုတာကို စိဉ်းစားမိလာတော့သည်။  ခရီးသွားလာကြတဲ့လူတွေကိုလည်းမေးကြည့်လေတော့ သူတို့တစ်ထွေက ပြောကြသည်မှာ ၊ ခရီးသွားရခြင့် နေရာအသစ်ကို ရောက်ရခြင်း၊ ဗဟုသုတ အသစ်အဆန်းတွေရခြင်း၊ အတွေ့အကြုံ ၊ လူနေမှုစနစ်စသည်... စသည်အားဖြင့် များစွာသော အရာတွေကိုတွေ့ကြုံကြရသည်။ လေ့လာရသည်။ မြင်တွေ့ကြရသည်။

 ထို့ကြောင့် အင်မတန်မှပျော်စရာကောင်းပေသည်' ဟူ၍ အမျိုးမျိုးအဖြေတွေထွက်လာကြတတ်ပါသည်။ ဒီတော့ ကိုယ်တိုင်တစ်ဖန်တွေးကြည့်မိလေသည်... အော် သူတို့တစ်ထွေဟာ နေရာတကာကို ခရီးသွားနေကြတယ်၊ ပိုက်ဆံတွေလည်းတော်တော့်ကို ကုန်မှာပဲဟုထင်မိသည်။ မှန်ပါသည်။ သို့ပါသော်လည်း ပိုက်ဆံငွေကြေးနဲ့ ၀ယ်ယူလို့မရတဲ့အတွေ့အကြုံတွေကို ရရှိသည်ဆိုတာကတော့ ငြင်းဖွယ်ရာမရှိပေဘူး။ ဘာကြောင့်လည်းဆိုတော့ စာရေးသူကိုယ်တိုင် ခရီးထွက်ချင်စိတ်တွေ ရှိလာတယ်၊ တကယ်လည်း ခရီးသွားကြည့်နေပါပြီ။ တွေ့ကြုံရတဲ့အတွေ့အကြုံတွေကလည်း များလှပါဘိ။ လှပဆန်းကြယ်မှုတွေ၊ တိတ်ဆိုက်ငြိမ်သက်နေတဲ့တောတောင်သဘာဝတွေ၊ တိုးတက်နေတဲ့ခေတ်ကြီးရဲ့အဆောက်အဦးတွေ ၊စသည်အားဖြင့် များစွာသော မြင်ကွင်းတွေမြင်တွေ့ရပါသည်။ စာရေးသူလည်းတကယ်ပင်ခရီးသွားရခြင်းနှစ်သက်မိသည်။ အရသာရှိသည်ဟူ၍ပင် အခုတကယ်ပဲလက်တွေ့ခံစားရေပါပြီ။ ထို့ကြောင့် သွားဖန်များက ခရီးများစွာရောက်တတ်သည်။ တစ်ချို့တွေကတော့ ပြောကြပါသည်။ လားဖန်များတော့ ဖိနပ်ပေါက်တယ်တဲ့... တကယ်တော့ ဖိနပ်ပေါက်တာထက်ကို တန်ဖိုးရှိသည်ဆိုတာကို အကြွင်းမဲ့လက်ခံယုံကြည်စေချင်ပါသည်။ ခရီးသွားချင်တဲ့လူတိုင်းလည်း၊ ခရီးသွားဖြစ်အောင် သွားကြပါလို့ တိုက်တွန်းရင်းဖြင့်..
 

 ဆက်လက်ရေးပါတော့ရန်..

ပို့စ်တင်သူ ။.............။ thadawa on Thursday 3 May 2012
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု