MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊


ရန်ကုန်၊ ဇွန် ၁၈

အစိုးရသစ်လက်ထက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက် ပထမဆုံး ပံ့ပိုးမှုအဖြစ် ယခုနှစ် ပညာသင်နှစ်တွင် အဆိုပါ ကျောင်းဆရာ၊ ဆရာမများအတွက် ငွေကျပ် ၃ ဒသမ ၉ ဘီလီယံကို စတင် ထောက်ပံ့ပေး ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ သိရသည်။
ထောက်ပံ့ငွေများဖြင့် ကျောင်းသား ၄၀ ဦးလျှင် ဆရာတစ်ဦးနှုန်း ပံ့ပိုးသွား မည်ဖြစ်ပြီး ဆရာ၊ ဆရာမ ဦးရေ ပိုလျှံနေသော ဘုန်းတော်ကြီးသင် ကျောင်း များအတွက်မူ ထောက်ပံ့ကြေး အပို ရရှိမည်မဟုတ်ကြောင်း အဆိုပါကျောင်း တာဝန်ခံ ဆရာတော်က မိန့်ကြားသည်။
ပထမဆုံးအကြိမ် ထောက်ပံ့မှုအစီအစဉ်တွင် မူလတန်းအဆင့် ဆရာ တစ်ဦးကို သုံးသောင်း ရှစ်ထောင်ကျပ်၊ အလယ်တန်းအဆင့် ဆရာ တစ်ဦးကို လေးသောင်း ငါးထောင်ကျပ်နှင့် အထက်တန်းအဆင့် ဆရာ တစ်ဦးကို ငါးသောင်းကျပ် သတ်မှတ်ထားကြောင်း မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အသိုင်းအဝိုင်းက သိရသည်။
"အရင်နှစ်တွေက စာရင်းအရဆို တစ်နိုင်ငံလုံးမှာ ဘက ကျောင်းဆရာတွေ ငါးထောင်ကျော်ရှိတာ။ အခုဆို ပိုများလာမှာပေါ့" ဟု ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ကျောင်း စီမံကိန်း ဆရာတော်တစ်ပါးက ဖြည့်စွက် မိန့်ကြားသည်။
နိုင်ငံတစ်ဝန်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ ၊ ဆရာမ စာရင်းကို ဇွန်လ ၂၇ ရက်နေ့ နောက်ဆုံးထားကာ ပညာရေးဝန်ကြီး ဌာနထံ တင်သွင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းထံမှ သိရသည်။
ယခုနှစ် ထောက်ပံ့မှုမှာ လုံလောက်နိုင်သော်လည်း နောက်နှစ်များတွင်ပါ ဆက်လက် ထောက်ပံ့ပေးလျှင် အဆင်ပြေမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၏ ဥက္ကဋ္ဌ ကျောင်းဖြစ်သည့် တောတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ စီမံ တာဝန်ခံ ဆရာတော်က မိန့်ကြားသည်။
http://www.facebook.com/thevoiceweekly?ref=ts&;fref=ts

ပို့စ်တင်သူ ။.............။ မောင်သိရီ on Tuesday 25 June 2013
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု