MMSA ဘလော့စည်းမျဉ်းများ

* ဘာသာ သာသနာနှင့်လူမျိုးတို့၏ ဂုဏ်ကို ထိခိုက်ပျက်စီးစေတတ်သော အရေးအသားမျိုးကို ရှောင်ရှားရန်၊
* အချင်းချင်း ညီညွတ်မှု့ကို ပျက်စီးစေတတ်သော အကြောင်းများကို ရေးသားခြင်းမှ ရှောင်ရှားရန်၊
* သာသနာနှင့် မအပ်စပ်သော အဖွဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေတတ်သော ပုံများကိုတင်ခြင်းမှ ရှောင်ရှားရန်၊
* ပုဂ္ဂိုလ်ရေးဆိုင်ရာများထက် အများနှင့်သက်ဆိုင်သော အကျိုးများစေနိုင်သော ပုံများ စာများကိုသာ ရေးသားရန်၊
* MMSAသည် ပညာရေးအဖွဲ့စည်း ဖြစ်သည့် အတွက်နိုင်ငံရေးနှင့်သက်ဆိုင်သော အရေးအသားများကို ရေးခြင်းမှ ရှောင်ရှားရန်၊
* ဗုဒ္ဓဘာသာနှင့် မိမိတို့လေ့လာနေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအလို့ငှါ ရေးသား မျှဝေကြရန်၊

အချင်းချင်းတော့ ဆော်ရဲသည်
ထိုသည့် ဦးဉေယျ ကိုယ်တော်ကြီးကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် ခရစ်ယာန်နှင့်သာ ယှဉ်ပြိုင်
ဟောပြောခြင်း မပြုရဲသော်လည်း ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်း ဘ၀တူရဟန်းချင်းကိုမူဆော်ရဲ နှက်ရဲ၏ ။
ပိဋကတ်အရာ မယှဉ်သာအောင် မိမိထက် အများကြီးသာလွန်သော အရှင်အာဒိစ္စာဝံသဆရာတော်ကို
ဂျုဗလီဟောပကာသနီယျ အစည်းအဝေးပွဲကြီး၌ “ဘုန်းကြီး ဦးတူး ချီးလူးသည့် ပုံပြင်”ဖြင့် ရက်ရက်စက်စက်
ဆော်နက်၍ ပွဲကျအောင် ပြောဝံ့သူဖြစ်၏။ “လူပြန်တော်ပညာရှိတစ်ဦးကို ရေးခိုင်းပြီး သူက အမည်ခံကာ
နေစရာရှာမရ မလကကွင်းပြင် ပမာဒစာရင်းဝင်တယ် အဖျင်းတွင်ထိပ်ဆုံး အာဒိစ္စ ယောက်ဖကုလားနာရယ်
ဘောက်ကျတာတွေ လျှော့လိုက်ပါဦး” အစရှိသော တေးထပ်ကဗျာကို သတင်းစာတွင် ထည့်ရဲသူ အာဇာနည်ပုဂ္ဂိုလ်ကြီးပေတည်း။
အလိုတော်ရ ဂိုဏ်းဝင်ဆရာတော်များအား စိတ်ပမ်းလူနွမ်းဖြစ်ကြကာ ရန်ကုန်မှ ပြန်လာခဲ့ကြရ၏။
မန္တလေး, ပခုက္ကူ၊စသည် မြို့ကြီးများမှ ပြန်ကြားချက်ကို မျှော်လင့်ရန်သာ ရှိတော့သည်။ သို့သော်လည်း
ထိုမြို့များမှ ပြန်ကြားချက်ကို မရခဲ့ပေ။ ဦးဉေယျ၏ ငြင်းဆိုလိုက်ကြောင်းကို ဂိုဏ်းချုပ်ဆရာတော်
ဘုရားကြီးအား မလျှောက်ထားဘဲ ဖုန်းကွယ်၍ ထားကြ၏။ မောင်ဉေယျ မရောက်သေးဘူးလားဟု
နေ့စဉ်မေးနေသောကြောင့် ကြာရှည်ဖုန်းကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ အချိန်မှာလည်း တစ်ဖြေးဖြေး
ကုန်သည်ထက်ကုန်လာ၍ ကဆုန်လဆန်းသို့ပင် ဆိုက်ရောက်လာချေပြီ။ ထို့ကြောင့် ဦးဉေယျ
မလာနိုင်တော့ကြောင်းဖွင့်ဟ၍ လျှောက်ထားရတော့သည်။
ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးမှာ အလွန်ပင် စိတ်မချမ်းမသာ ဖြစ်တော်မူရှာသည်။ တပည့်
ဆရာတော်များက မန္တလေး, ပခုက္ကူတို့မှ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်း မကြာမှီရမည်
ထင်ကြောင်းစသည်ဖြင့် စိတ်ချမ်းသာမှုရအောင် လျှောက်ထားကြရသည်။ အလိုတော်ရကျောင်းသို့
အမြဲသတင်းမေးနေသော ဦးလှောင်တို့မှာလည်း ဦးဉေယျ မကြွရောက်နိုင်ကြောင်း သိသွားကြသဖြင့်
အလွန်စိတ်အားငယ်သွားကြသည်။ ဂိုဏ်းချုပ်ဆရာတော်ကြီးက ဖြစ်အောင်စီစဥ် ပေးမှာပ-ဲ ဟူ၍သာ
တွေးတောပြီး စိတ်ကို ဖြေနေကြရသည်။


...............
အမှာ။ ။ဤဘာသာရေးဟောပြောပွဲ စာတမ်းသည် တစ်ခေတ်တစ်ခါက မြန်မာပြည်မှာ တရားဝင်
တကယ်ဖြစပ်ျက်ခ့ေဲ သာ ဟောပြောပွဲ စာတမ်းဖြစပ်ါတယ်။
ရည်ရယ်ချက် ။ဤဟောပြောပစွဲာတမ်းကို တင်ရခြင်းသည် ဒီစာတမ်းကို လေ့လာဖတ်ရှုပြီး မိမိတို့
အနေနှင့် ရခလှဲတ့လဲ့ ဘူ ၀ ရလာတဲ့အခါ ဘယ်အရာကို မဆို သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေပဲ ကိုင်ပိုင် စူစမ်းဆင်ချင် ဆုံးဖြတ်နိုင်တဲ့ ဉာဏ်ရအောင် လုပ်ပြီး ဘာသာရေး လူမှုရေး အသိပညာတိုးပွားစေရန်
ရည်ရယ်ပါသည။်
-----------------------ပညာသဘာ အာဘာ နတ္ထိ------------------------
ရှေ့ဆက်ရန်........>>>

ပို့စ်တင်သူ ။.............။ လခြမ်းမြီ on Friday 11 February 2011
ခေါင်းစဉ်အလိုက်ပို့စ်များ

0 ( မှတ်ချက်ရေးချင်ရင် )

အနန္တအတုမရှိ ဗုဒ္ဓမြတ်စွာဘုရား

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

အလှူရှင်များအား MMSA အဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်

Mahidol University

International Buddhist Collage

မြန်မာ E Books

ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်း မြန်မာအလုပ်သားမားများအတွက် ပညာရေး အခွင့်အလမ်းများ

MMSA ပရိတ်သတ်များ

ယခင်ပို့စ်အဟောင်းများ

အားပေးနေသော အပေါင်းသင်းများ

International News

တိုင်းရင်းသားသတင်းဌာနများစုစည်းမှု

သတင်းဌာနများစုစည်းမှု

ဘလော့ဂ်များစုစည်းမှု